Sunday 9 December 2012

မန်း မှာ သံဃာ တွေပိုများ လာပြီ



မုံရွာလက်ပံတောင်းတောင်စီမံကိန်းသပိတ်စခန်းတွင် အကြမ်းဖက်ဖြိုခွင်းမှုကြောင်
ဒဏ်ရာရရှိခဲ့သော သံဃာများကို နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအဖွဲ့မှ
ဝန်ချတောင်းပန်ရေးအတွက် မန္တလေးမြို့ရှိ သံဃာတော်အပါး(၅၀၀)ခန့်က
မန္တလေးအိမ်တော်ရာဘုရားမှ သကျသီဟဘုရားအထိ မွန်းလွဲ(၂)နာရီခန့်မှ
(၂)နာရီ(၄၅)မိနစ်ခန့်ထိ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။


ဒဏ်ရာရသံဃာများကို ကျေနပ်အောင် မတောင်းပန်ပါက ဒီဇင်ဘာ(၁၂)ရက်တွင်
ဆန္ဒဖေါ်ထုတ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သံဃာတော်များက
မိန့်ကြားသည်ဟု 7 Day News မန္တလေးသတင်းထောက်က သတင်းပေးပို့သည်။

ဓာတ်ပုံ- မောင်တာ

1 comment :

Anonymous said...

ဘုန်းဘုန်းတို့လည်း တော်ရုံလောက်ပဲ ကောင်းမယ်ထင်တယ်...နည်းနည်းများသွားပြီလားလို့..တိုင်းပြည်လည်း ဒါနဲ့ကို ရှေ့တက်လို့မရတော့ဘူး...