Saturday, 29 December 2012

ဦး ပိုင် ကို ဆန္ဒပြ

ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ်နှင်းမှု တစ်လပြည့် အထိမ်းအမှတ်ဆန္ဒဖော်ထုတ်ပြီ (ကိုကြီးမျိုး)
ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ်နှင်းမှု တစ်လပြည့် အထိမ်းအမှတ် အဖြစ် ယနေ့ ညနေ ၃နာရီတွင် ဆူးလေဘုရား အနီး လူစုပြီး ညနေ ၄နာရီ စတင် ပြီးလူ100ကျော်ခန့်သည် အနောရထာလမ်းအတိုင်းချီတက်ပြီးဆန္ဒဖော်ထုတ်ကြပြီး၅၁လမ်းရှိ ဦးပိုင် ကုမ္ပဏီ ရှေ့ထိ ငြိမ်းချမ်း စွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ဆန္ဒပြသူ များတွင် သံဃာများ၊ ပြည်သူများ၊ ကျောင်းသားများ ပါဝင်မည်ဖြစ်ပြီး ဗီနိုင်းများ ပိုစတာများ သယ်ဆောင်ကာ လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းပေးရေး၊မတရားဖမ်းဆီးတရားစွဲထားသောသူများအားခြွင်းချက်မရှိလွတ်ပေးရေး တို့ကိုတောင်းဆိုခဲ့ကြသည်။စီပွားရေးဦးပိုင်ရုံးရှေ့အရောက်တွင် အမည်မသိလူတစ်စုမှ ဦးပိုင်အသက်(၂၂)နှစ် နှင့် ၂၀၀၈ဥပဒေ အသက်(၄)နှစ်တို့ရေးထိုးထားသောအခေါင်း ၂လုံးအားသယ်ဆောင်လာကြပြီး ရေအိုးများခွဲကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ထိုအခေါင်းများကို ခဏနေသောအခါ စည်ပင်သာယာမှ လာရောက်သိမ်းဆည်းသွားကြသသည်။

No comments :