မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ၅၀၅(ခ) အား လက်မခံကြောင်း ဆန္ဒထုတ်ဖော်
မန္တလေး၊ ဒီဇင်ဘာ၂၇။
ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ၅၀၅(ခ) အား လက်မခံကြောင်း ယနေ့ မွန်းလွဲ ၂နာရီတွင် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။
ပုဒ်မ၁၈ဖြင့် ဖမ်းဆီးအရေးယူခံရသော ဗကသအဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း၊ ကိုသိန်းအောင်မြင့်၊ ကိုသန်းထိုက်၊ ကိုနိုင်လွင်(ခ)ကျော်ကြီးတို့အား လက်ပံတောင်းကြေးနီစီမံကိန်းအတွက်
ဆန္ဒထုတ်ဖော်သော သံဃာတော် များအား ကူညီပါဝင်ခဲ့ခြင်းကြောင့်
ဖမ်းဆီးအရေးယူခံခဲ့ရခြင်းနှင့် ပတ်သက် ကာ ပြန်လည်လွှတ်ပေးရန်အတွက်
ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်
ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ၂၀၀၇ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့  မန္တလေး တာဝန်ခံ ဦးစောလှအောင်က “ကျွန်တော်အနေနဲ့ ပုဒ်မ၁၈ကို မထောက်ခံ တဲ့အပြင် ပုဒ်မ၅၀၅(ခ)ကိုလည်းမကြိုက်ပါဘူး ၊
ဒါကြောင့် ဆန္ဒ ထုတ်ဖော်တဲ့ အပြင် ဘာမှလည်းမလုပ် သံဃာတော်တွေကို
ကူညီခဲ့တဲ့အတွက် အခုလို သက်ဆိုင်ရာက ဖမ်းဆီးထားတဲ့ သူတွေကိုလည်း
အမြန်ဆုံးလွှတ်ပေးအောင် အခုလိုလုပ်တာပါ”ဟု ပြောကြား သည်။
ယင်းအပြင် ပုဒ်မ၁၈နှင့် ပုဒ်မ၅၀၅(ခ)ကိုလည်း အမြန်ဆုံးဖျက်သိမ်းပေး ရန်နှင့် သင့်တင်မျှတသော ကိစ္စရပ်များကို ပြုလုပ်ပေးရန် တောင်းဆိုသွား ခဲ့ကြောင်း သိရပြီး အလားတူ ဆန္ဒထုတ်ဖော်ခြင်းအား ရန်ကုန်မြို့တွင် လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးသန့်
ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ၅၀၅(ခ) အား လက်မခံကြောင်း ယနေ့ မွန်းလွဲ ၂နာရီတွင် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။
ပုဒ်မ၁၈ဖြင့် ဖမ်းဆီးအရေးယူခံရသော ဗကသအဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း၊ ကိုသိန်းအောင်မြင့်၊ ကိုသန်းထိုက်၊ ကိုနိုင်လွင်(ခ)ကျော်ကြီးတို့အာ
ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ၂၀၀၇ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ
ယင်းအပြင် ပုဒ်မ၁၈နှင့် ပုဒ်မ၅၀၅(ခ)ကိုလည်း အမြန်ဆုံးဖျက်သိမ်းပေး ရန်နှင့် သင့်တင်မျှတသော ကိစ္စရပ်များကို ပြုလုပ်ပေးရန် တောင်းဆိုသွား ခဲ့ကြောင်း သိရပြီး အလားတူ ဆန္ဒထုတ်ဖော်ခြင်းအား ရန်ကုန်မြို့တွင် လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးသန့်
No comments :
Post a Comment