Tuesday, 25 December 2012

လေယျဉ်ပျက် စုံစမ်း ရေး ဖွဲ့ စည်း


အဲပုဂံလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းရေးကော်မတီကို ချက်ချင်းဖွဲ့စည်းကာ စစ်ဆေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
စုံစမ်းရေးကော်မတီတွင် မြန်မာ့လေကြောင်းမှ လေယာဉ်မှူးတစ်ဦးနှင့် အင်ဂျင်နီယာတစ်ဦး၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာတစ်ဦးနှင့် အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးလည်းပါဝင်ပြီး စုစုပေါင်း အဖွဲ့ဝင်ငါးဦးဖြင့် ဟဲဟိုးလေဆိပ်တွင် ကွင်းဆင်းစုံစမ်းစစ်ဆေးနေကြောင်
း သိရှိရသည်။

No comments :