ပုဒ်ထီး ၊ပုဒ်မ အလိုမရှိ
မြန်မာ လွတ်လပ်ရေးကြိုးပန်း စဉ်ကာလ မှာ အဦးဆုံး အမျိုးသားရေး စိတ်ဓါတ်တွေကို လှုံ့ ဆော်ပေးခဲ့ ကြွေးကြော်သံ တွေရှိခဲ့တယ်။
ဒါတွေကတော့ '' ဂရက်ဒေါက် ပြန်သွား '' မြန်မာစာသည်ဒို့ စာ '' '' ပုဒ်ထီးပုဒ်မ အလို မရှိ '' ဆိုတဲ့ ကြွေးကြော်သံတွေဖြစ်တယ်။
ဒီကာလ က လွတ်လပ်ရေး အရယူမယ်ဆိုတဲ့လမ်းစဉ်က သိသိသာသာ မပေါ်သေးဘူး။ နိင်ငံမှာ ရှိတဲ့ခေါင်းဆောင်တွေကြားမှာ နိင်ငံရေးလမ်းကြောင်း သိသိသာသာ မကွဲပြားသေးဘူး။ တမျိုးသားလုံးကတော့ လွတ်လပ်ရေးဆုံးရှုံးသွားတဲ့အတွက် အမျိုးသားရေး စောကားခံရမှုကြီး (National Humiliation ) ကာလကို
ဖြတ်သန်းနေရတဲ့ကာဦးဖြစ်နေတယ်။
ဒီကြွေးကြော်သံတွေထဲက တခုဖြစ်တဲ့ ပုဒ်ထီးပုဒ်မ ဆိုတာကတော့ ကိုလိုနီနယ်ချဲ့ အစိုးရက ဥပဒေတွေအမျိုးမျိုး ပြဌာန်း ပြီး ဖိနှိပ်ထားတဲ့ဥပဒေတွေကို ဖြစ်တယ်။ အခုခေတ်လိုပါပဲ။ မြန်မာ တမျိုးသားလုံး
အဖိနှိပ်ခံခဲ့ရတယ်။ ဥပဒေ ဆိုတဲ့ ပုဒ်မ တွေပေါ့။ တခုပြီးတခုထုတ်နေပုံရတယ်။ ကြာလာတော့ လူတွေက သရော်တဲ့ငေါ့တဲ့အနေနဲ့  ပုဒ်ထီး၊ ပုဒ်မ အလိုမရှိ ဆိုတာ ဖြစ်လာတာပေါ့။
အခုလဲ ပုဒ်မ ၁၈ ကို ကျောင်းသားတွေကလက်မခံနိင်ကြဘူး။ ပုဒ်မ ၁၈ ဆန်ကျင်ရေးလှုပ်ရှားမှုဖြစ်လာတာကိုတွေ့ ရတယ်။
မြန်မာပြည်မှာ က ကိုလိုနီခေတ်လိုပြန်ဖြစ်နေတဲ့ မတရားထုတ်ပြန်ထားတဲ့ ဥပဒေ တွေက အများကြီးဖြစ်နေတယ်။
နိင်ငံရေး၊ စီးပွားရေ၊ ပညာရေး ၊ လူမှုရေး ၊ မြေယာအခွင့်အရေး တွေမှာ
ဥပဒေ ဟာ တပြေးညီမရှိဖြစ်နေတယ်။ မတရားမှုတွေက နေရာအနှံမှာဖြစ်နေတယ်။
ဗကသ ကျောင်းသားတွေက ပုဒ်မ ၁၈ နဲ့  ပုဒ်မ ၅၀၅ (ခ) ကို ဆန်ကျင်လိုက်တာ ဟာ အလွန်မှန်တဲ့လုပ်ရပ်တခုဖြစ်ပါတယ်။
လူထုနားလည် အောင်ပြောလိုက်ကြစို့ ရဲ့  ။ ပုဒ်ထီး ၊ ပုဒ်မ အလိုမရှိ။
ကိုလိုနီခေတ်က ပုဒ်ထီး ပုဒ်မ အလိုမရှိ ဆိုတဲ့ကြွေးကြော်သံကို ပြန်သတိရမိတယ်။ တခုရှိတာက ပုဒ်ထီး ပုဒ်မ အလိုမရှိ ဆိုတဲ့ ကြွေးကြော်သံ က လွတ်လပ်ရေး ရဲ့ နိဒါန်း ဖြစ်ခဲ့တယ်
ဆိုတာ မမေ့ ကြဖို့ ပါပဲ။
ဗကသ က စတင်ကြွေးကြော်လိုက်တဲ့ ပုဒ်မ ၁၈ နဲ့  ၅၀၅(ခ)ဟာ
စစ်မှန်တဲ့ ဒီမိုကရေစီ နိဒါန်း မဟုတ်ဘူးလို့ ဘယ်သူပြောမလဲ။
ဘယ်သူဆိုမလဲ။
မိုးသီး
No comments :
Post a Comment