Wednesday, 26 December 2012

လယ်တီဆရာတော်ဘုရားကြီး ၁၆၆ နှစ်မြောက်မွေးနေ့ 

လက်ပန်တောင်းတောင်ကြားတွင် သီတင်းသုံး ကျမ်းပြု
နေထိုင်ခဲ့သောလယ်တီဆရာတော်ဘုရားကြီး (ဦးညာဏဓဇ)၏ ၁၆၆နှစ်မြောက်
မွေးနေ့ဖြစ်သော ယနေ့ ၁၃၇၄ခုနှစ် နတ်တော်လဆန်း (၁၃)ရက်နေ့တွင်
သံဃာများနှင့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး
သပိတ်စခန်းမှ ဒေသခံပြည်သူများက ဆီမီး အမွှေးတိုင်များဖြင့် ပူဇော်ခဲ့သည်။
သံဃာတော်များက လယ်တီဆရာတော် ဘုရားကြီး၏ သာသနာ့နယ်မြေမှ မေတ္တာဓါတ်များ
ပြန့်ပွားစေရန်အတွက် ဆရာတော်ကြီး မွေးနေ့တွင် မေတ္တာသုတ်
ရွတ်ဖတ်ပူဇော်ခဲ့သည်။ လယ်တီဆရာတော် ဘုရားကြီးမွေးနေ့ကို ၂၆.၁၂.၂၀၁၂ရက်နေ့
ညနေ(၃း၃၀)နာရီတွင် တုံရွာထိပ် သပိတ်စခန်းမှ သံဃာ(၆)ပါး
ပြည်သူအင်အား(၃၀၀)ခန့် သွားရောက်၍ လယ်တီဆရာတော်ဘုရား မွေးနေ့ကို
ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့သည်။
လယ်တီဆရာတော် (ဦးညာဏဓဇ) ၏ မွေးနေ့ ၀တ်ပြုဆုတောင်းပွဲပြုရန်
လက်ပန်တောင်းတောင်ပေါ်ရှိ လယ်တီသာသနာ့နယ်မြေသို့ သံဃာတော်များနှင့်
ဒေသခံပြည်သူတို့ ၀တ်ပြုဆုတောင်းနေစဉ် ရဲအင်အား (၁၀၀)ကျော်ခန့်က
ဒုတ်၊ဒိုင်း၊ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာကြ၍ ပြည်သူများကို
ဝိုင်းထားပြီး ခရိုင်ရဲမှူး-တင်ထွန်းမှ ဒေသခံများ တောင်အောက်သို့ဆင်းရန်
လက်ကိုင်စပီကာဖြင့်ပြောသည်။

No comments :