Thursday 6 December 2012

အလုပ်သမား ထံက စာ

ထောက်ကြံ့ က တလပေါင်းကျေးရွာ ဆီကို မနေ့ ကရောက်ခဲ့ပါတယ် ။ ဒီအရပ်က ပြည်သူတွေ ရဲ့ အဓိက အလုပ်အကိုင်က ဘာလဲ ဆိုတော့ ဆောက်လုပ်ရေးတဲ့ ဒီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ မတွေ့ ပါလားဆိုတော့ မြို့ ထဲ ဖက် တွေ သွားရတာတဲ့ အခြေခံလုပ်ခ ဘယ်လောက်ရလဲ ဆိုတော့ ၂၅၀၀တဲ့ -- ကျမ သမိုင်းကနေ လိုင်းကားနဲ့ သွားတာ - အသွား ၈၀၀ အပြန် ၈၀၀ ကုန်ပါတယ် ။ လိုင်းကား ၃၀၀ နဲ့  ရွာထဲ ထိ ဆိုင်ကယ်(လ်) တက္ကဆီ ၅၀၀ တဲ့လေ -- ဆန်ကြမ်းတစ်ပြည်ဖိုးတော့ ကျန်လောက်ရဲ့ ဆိုပြီး လုပ်ကြတယ် ။ ဒီအလုပ်သမားတွေ အလုပ်သမားအခွင့်အရေး အထူးသဖြင့် ကျမ လိုက်လံ ပို့ ချပေးနေတဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခွင့် ကို သိချင်ကြလို့  ဒီကနေ့ အလုပ်ဖျက်ပြီး ကျမ ကိုဖိတ်ခေါ်ကြတယ် ။ ဒီဆောက်လုပ်ရေးအလုပ်သမားတွေ ရဲ့ ဘ၀ကို ဘယ်လို မြှင့်တင်ပေးကြမလဲ -- တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့ ရ ကိုယ့်ပြည်သူတွေ မှာ လုပ်အားညစ်ထုတ်ခံရတာက လွဲ ရင် ပြောင်းလဲ မှု မရှိသေးသမျှ တိုးတက် မှာမဟုတ်ဘူးလို့  မြင်ပါတယ် ။။ 


No comments :