Saturday, 5 January 2013

တာဝန်ယူမှု နှင့် ထင်သာမြင်သာ ရှိမှု (Accountability & Transparency) - အပိုင်း (၃)



" The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power."

-WFWW-
 

ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 27 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။ 

 ဒီအပတ် အစီအစဉ် မှာ  မြန်မာနိုင်ငံ စီးပွားရေး၊ နိုင်ငံရေး၊  လူမှုရေး နှင့် လုပ်ငန်းခွင် နယ်ပယ် အသီးသီးမှာ ရေပန်းစား လူပြောများနေတဲ့ တာဝန်ယူမှု ( Responsibility)၊ တာဝန်ခံမှု (Accountability)  နှင့် ပွင့်လင်းမြင်သာမှု၊ ထင်သာမြင်သာရှိမှု  (Transparency)  အကြောင်း တွေကို အပိုင်းလိုက် သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။ 

အပိုင်း (၃) မှာ  မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်များ မှာ အားနည်းနေမှု နှင့် မြန်မာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ကို ဘယ်လို တိုင်းတာသင့်သလဲဆိုတာတွေ ကို ထည့်သွင်းဆွေးနွေး ထားပါတယ်။ ဥပမာ- မြန်မာနိုင်ငံ မှာ  အသက် ၁၅ - ၂၈ နှစ်  ကြားမှာ လူဦးရေ ၁၃ သန်းရှိပြီး၊ သူတို့ရဲ့ အနိမ့်ဆုံး လစာ ဟာ ထောက်ပံ့ကြေး ပါအ၀င် တနေ့ ကို ၁.၂၅ ဒေါ်လာ သာ ရှိပြီး၊ မြန်မာပြည် ရဲ့ အခြေခံလူတန်းများ ရဲ့ လစာ တွေနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ လုပ်ကိုင်နေကြတဲ့  အလုပ်သမား တွေရဲ့ လစာတွေ ကို နဲ့ နှိုင်း ယှဉ်ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

အပိုင်း (၂) မှာ တော့  မြန်မာ့နိုင်ငံရေး  အတွင်း အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှု မရှိ၊ ပွင့်လင်းမြင်သာမှု မရှိပဲ ၊ စီးပွားဖွံ့ဖြိုး တိုးတက်မှု  ရှိလာမှာ မဟုတ်ဘူးဆိုတာ ဆွေးနွေးသူတွေ က ထောက်ပြခဲ့ကြတယ်။ လက်ရှိ စစ်တပ် ခေါင်းဆောင်များ ဟာ  လွှတ်တော်အတွင်းမှာရှိနေတယ်၊ အစိုးရ အဖွဲ့အတွင်းမှာရှိနေတယ်၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ တိုင်းပြည် ရဲ့ စီးပွားရေး စီမံကိန်းတွေ မှာ အဓိက တာဝန်ရှိသူတွေ အဖြစ် ပါဝင်ပက်သက်နေတယ်။ ဒါဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်း ကို ဦးတည်သွားနေသလား ဆိုတာ မေးခွန်းထုတ်ထား တယ်။ ဒါ့အပြင် ဒေသတွင်း အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အင်ဒိုနီရှား နိုင်ငံ မှာ ဒီမိုကရေစီရေး အသွင်ကူးပြောင်းသွား ခဲ့မှု တွေ နှင့် ပြည်သူတွေရဲ့ ယုံကြည်မှု ကို ပြန်လည်ရရှိခဲ့တဲ့ အင်ဒိုနီးရှား စစ်တပ် အကြောင်း ကို မီးမောင်းထိုး  နှိုင်ယှဉ် သုံးသပ်ထားကြတယ်။

မြန်မာနိုင်ငံ အစိုးရ အဖွဲ့ အတွင်း  ၌ ပေါ်လစီ နှင့် လက်တွေ့ကျင့်သုံး မှု အပိုင်းတွေမှာ  တာဝန်ယူမှု ( Responsibility)၊ တာဝန်ခံမှု (Accountability)  တွေ ဟာ ဘယ်လောက်ထိ ပွင့်လင်းမြင်သာမှု၊ ထင်သာမြင်သာရှိမှု  (Transparency) ရှိသလဲ၊ ဘယ်လောက်ထိ တပြေးညီ တစိုက်မတ်မတ် ကျင့်သုံးမှုတွေ ( Consistency)  ရှိသလဲ ဆိုတာတွေကို ဆွေးနွေးသူတွေ က အကြံပြု  သုံးသပ် တင်ပြထားပါတယ်။

ဒီမိုကရေစီစနစ် အောက်မှာ တာဝန်ခံမှု (Accountability)  နှင့် ထင်သာမြင်သာရှိမှု  (Transparency)  တွေ ကို လက်တွေ့လုပ်ဆောင် ကျင့်သုံးတဲ့နေရာတွေမှာ သတင်းမီဒီယာတွေရဲ့ လွတ်လပ်မှု အခန်းကဏ္ဍ ဟာ ဘယ်လောက် အရေးကြီး သလဲ ၊ လာဘ်ပေးလာဘ်ယူမှုတွေ  မှာ ဘယ်လို အကျိုးသက်ရောက် ဆက်နွယ်မှု တွေ ရှိလာမလဲ ဆိုတာတွေ ကို လည်း သုံးသပ်ဆွေနွေး တင်ပြထားပါတယ်။

ဒီဆွေးနွေးမှု မှာ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်တွေ မှာ တာဝန်ခံမှု မရှိပဲ၊ သဘောတူ  ဂတိပေး ထားမှုတွေ ပျက်ပြယ်မှုတွေ ရှိနေမယ်၊ ဂတိ ချိုးဖောက်မှုတွေ ရှိနေမယ်၊ တရားစီးရင်ရေး မှာလည်း  တပြေးညီ တစိုက်မတ်မတ် ကျင့်သုံးမှုတွေ ( Consistency)  မရှိဘူးဆိုရင်  ဒီမိုကရေ စီ အသွင်ကူးပြောင်းရေး  ကို ရှေ့ဆက်သွားရာ မှာ လူမှု အဖွဲ့အစည်း အတွင်း ယုံကြည်မှုတွေ ကို ဘယ်လိုတည် ဆောက်မလဲ ဆိုတာတွေ ကို မေးခွန်း ထုတ် တင်ပြဆွေးနွေးထားပါတယ်။

 အပိုင်း (၂) ဆွေးနွေးမှု ကို ဒီနေရာ မှာ ဆက်လက်ကြည့်ရှု့နိုင်ပါသည်။
 

No comments :