" The central requirement for the improvement of governance
and institutional quality in Burma is the removal of the military from its
central position of power."
-WFWW-
ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 27 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။
ဒီအပတ်
အစီအစဉ်
မှာ ၁၇ နှစ် ကျော်ကြာ ငြိမ်းချမ်းရေး သဘောတူညီချက် တွေ ရရှိခဲ့တဲ့ ကေအိုင်အို
နှင့် စစ်တပ် အကြား ၁ နှစ်ကျော် ကြာ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် စစ်ပွဲအပေါ် ဘယ်လို အဖြေရှာ သင့်သလဲ ဆိုတဲ့ အကြောင်းကို လေ့လာ သုံးသပ် ဆွေးနွေးတင်ပြ ထားပါတယ်။
ဒီဆွေးနွေးမှု မှာ ကချင်ပြည်နယ် မှာ ငြိမ်းချမ်းရေး ရရှိဖို့ တိုက်ခိုက်မှုတွေ ကို ချက်ချင်းရပ်ဆိုင်းပြီး ၊ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲမှာ နှစ်ဖက် စလုံး က ဘာတွေ တောင်းဆိုမှုတွေ ရှိခဲ့သလဲ၊ ဘာတွေ သဘောမတူညီမှုတွေ ရှိနေကြသလဲ ဆိုတာ တွေ ကို ပြည်သူအများ သိရှိအောင် လူထုရှေ့မှောက်မှာ၊ ပြည်သူလက်ခံ ယုံကြည်တဲ့ တိုင်းရင်းသား ကိုယ်စလှယ်များ၊ လွှတ်တော် အမတ်များ၊ နှစ်ဘက်ကိုယ်စလှယ် များ၊ ပါဝင်သင့်သူများ ပါဝင်တဲ့ ထင်သာမြင်သာ ရှိတဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေ ကို အမြန်ဆုံး စတင် ပြီး၊ အဖြေရှာ သင့်ကြောင်း အကြံပြုဆွေးနွေးထားပါတယ်။

1 comment :
You guys are dumb-asses except Ko Ko Oo.
Post a Comment