Duwa Kachin
********************
"ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ ဒုက္ခသည် အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက် ပါနေသလဲဆိုတာ သေသေချာချာ စိစစ်သင့်တယ်လို့ ထင်ပါတယ်"ဟု ဦးရဲထွဋ်က 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောပါသည်။
Crimes against humanity ဆိုတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှု ဆိုတာ နိုင်ငံတကာ အတိုင်းအ၀ိုင်း နဲ့ ကင်းကွာ နေတဲ့ မြန်မာ နိုင်ငံသားတွေ အတွက်တော့ စိမ်းနေအုံးမှာပါ။
လက်နက်ကိုင်တပ်ဖွဲ့ရဲ့ မိသားစုဝင်များ အားလုံးကို ပစ်မှတ်ထားရေး၊ သုတ်သင် ရေး ဆိုတာ ဖက်ဆစ် ၀ါဒ ဖြစ်ပါတယ်။ အခုထိ မြန်မာ နိုင်ငံတော် အစိုးရ ရဲ့ ပြည်ထောင်စု ၀န်ကြီး အဆင့်မှာ တောင် ဒီလို စိတ်ထား ရှိနေသေး တယ် ဆိုတာ တော်တော် ကြောက်ဖို့ ကောင်းတဲ့ လူ့အဖွဲ့အစည်းပါ။
အွန်လိုင်းပေါ်မှာ ဥပဒေ ဆိုတာ နားမလည်ပဲ ဘုမသိ.. ဘမသိ အော်နေတဲ့ သာမန် စစ်သွေးကြွ လူငယ်များကို မဆိုလို... နိုင်ငံတော် ၀န်ကြီးအဆင့်ရဲ့ သဘောထားဟာ တော်တော် ရှင်းနေပါတယ်။
ဒီနေ့ နိုင်ငံတကာက ပြောနေတာဟာ ကေအိုင်အေ စစ်သားတွေ နဲ့ ပစ်ခတ်နေတာကို အပြစ်တင်တာ မဟုတ်.. အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေတာကို ပြောနေခြင်း ဖြစ်ကြောင်းကို နားလည်ပုံ မရပါဘူး။
လွတ်လပ်ရေး ရပြီးခါစ ကချင် လက်နက်ကိုင် တပ်ရင် (၁) မှ (၅) အထိ အားလုံး အမေရိကန် နဲ့ အင်္ဂလိပ် စစ်တပ် (မဟာမိတ် ၀ါဒဖက်) က သင်တန်းပေးထားတာ ဖြစ်ပြီး၊ ဗမာ့ တပ်မတော်ကိုတော့ ဂျပန်စစ်တပ် (ဖက်ဆစ်ဝါဒ ဖက်) က သင်တန်းပေးထားတာ ဖြစ်ပါတယ်။ (ကေအိုင်အေ စတင်ဖွဲ့စည်းခဲ့စဉ်က သင်တန်းမှူး ဖြစ်ခဲ့တဲ့ ကွယ်လွန်သူ ခေါင်းဆောင်ကြီး ဦးလမွန်တူးဂျိုင် ဟာလဲ အင်္ဂလိပ်ခေတ်က အရာရှိဟောင်း ဖြစ်လို့ ကေအိုင်အေ ကို ပေးထားတဲ့ စစ်စည်းကမ်းဟာ မဟာမိတ်ဖက်က စည်းကမ်း အတိုင်း ဖြစ်ပါတယ်။)
အောက်မြန်မာပြည်မှာ ရောင်စုံ သူပုန်၊ ကွန်မြူနစ် သူပုန်ထလာတော့ ဗမာ စစ်တပ်တွေ မနိုင်မနင်း ဖြစ်လာတဲ့ အချိန် ကချင် နဲ့ ချင်း တပ်ရင်းတွေကို အကူအညီ တောင်းပြီး ရောင်စုံ သူပုန် နှိမ်နင်းခိုင်း ခဲ့ပါတယ်။
ကသာမှာ တပ်ရင်းထိုင်တဲ့ ကချင်လက်နက်ကိုင် တပ်ရင်း (၁) ကလဲ တခု အပါအ၀င် ဖြစ်ခဲ့ပါတယ်။ တောင်ကြီး၊ မန္တလေး၊ မှ အစ မိတ္ထီလာ၊ ချောက်၊ ရေနံမြေများကို ထိုးစစ်ဆင်တော့ ဗမာ ဗျူဟာမှူးအောက်မှာ တိုက်ရတယ်။ ကျူပင်ခုတ်၊ ကျူငုတ်ပါ မကျန်၊ ဆိုတဲ့ ဖက်ဆစ်ဝါဒ နဲ့ သူပုန် (ဗမာ) ရွာ တွေကို သုတ်သင်ခိုင်းခဲ့တယ်။ ကြာလာတော့ ကချင် စစ်သားတွေက မလုပ်ချင်တော့ဘူး... တပ်အတွင်း ဆန္ဒပြလာရာက ဗိုလ် နော်ဆိုင်း ဦးဆောင်တဲ့ တပ်ခွဲအဖွဲ့ဟာ အထက်အမိန့် မနာခံတော့ပဲ ကချင်ပြည်နယ် ကို ပြန်သွားတယ်။
ဒါကို သူပုန်ထသွားတယ် ဆိုပြီး ကြေငြာလိုက်တော့ ကချင်ပြည်နယ် အ၀င်ဝ မှာ ကချင် တပ်ရင်း (၄) က ကချင်တပ်ရင်း အချင်းချင်းမှန်း သိလျှက်နဲ့ ဆီးကြို တိုက်ခိုက်ခြင်း ခံခဲ့ရပြီး တရုတ်ပြည်ဖက် ၀င်သွားခဲ့ပါတယ်။
အဲဒီ အချိန်ထိ ကချင်ပြည်နယ်က နိုင်ငံရေးခေါင်းဆောင်များ ကချင်တော်လှန်ရေး ဆိုတာကို စိတ်မ၀င်စားခဲ့ပါဘူး။ ကချင်ပြည်နယ် တခုလုံးက ကချင် လက်နက်ကိုင် တပ်ရင်းတွေရဲ့ လက်အောက်မှာပဲ ရှိသေးတာပါ။
ကေအိုင်အေ တော်လှန်ရေး စလာတဲ့ အချိန်ထိ ကချင်လက်နက်ကိုင် တပ်ရင်းများ အလုံးအရင်း ဘက်ပြောင်းခဲ့တာ မရှိဖူးပါဘူး။ နောက်ဆုံးတော့ ကချင်အားလုံးကို ပင်စင်ပေးလိုက်ပြီး အနုနည်းနဲ့ ကချင်လက်နက်ကိုင် တပ်ရင်းအားလုံး ဖြုတ်သိမ်းလိုက်တယ်။
ဆိုလိုချင်တာ..
ဖက်ဆစ်ဝါဒ အခြေခံ ရထားတဲ့ ဗမာ စစ်တပ်ရဲ့ ၀ါဒ ကို ထောက်ပြချင်တာပါ။
source:Duwa Kachin Facebook မှ
3 comments :
Why do you side only for KIA? Is it too good for you. I don't think they are good for the country.
ok dont make pressure to Daw assk, come to MM and you tell first to MM government ''not to kill kachin people''.
လက်ရှိအချိန်ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်နေသူတွေကိုလူထုခေါင်းဆောင်ကိုစော်ကားသူ၊ကျေးဇူးကန်းသူတစ်ယောက်အဖြစ်ပြည်သူအများအမြင်မှာထင်မြင်လာအောင်NLDပါတီဝင်တွေ၊ဒေါ်အောင်ဆန်းစုကြည်ကိုမျက်ကန်းချစ်သူတွေကFacebookကဲ့သို့သောအွန်လိုင်းမီဒီယာတွေမှာလုပ်ဆောင်လာကြပါတယ်။ဝေဖန်သူတွေကိုဘာမှနိုင်ငံအတွက်ဝင်မလုပ်ဘဲအသားလွတ်ဝေဖန်နေသူအဖြစ်မိမိကိုယ်ကိုရှက်ရွံ့လာအောင်၊အများအမြင်မှာစစ်တပ်သစ္စာခံ၊ကြံခိုင်ရေးပါတီသစ္စာခံတစ်ယောက်အဖြစ်ပုံဖော်ပေးနေပါတယ်။အဲဒီလိုလုပ်ဆောင်ချက်တွေဟာအမေရိကန်အစိုးရရဲ့၁၉၆၀ခုနှစ်တစ်ဝက်ကလူမည်းအခွင့်အရေး၊ဗီယက်နမ်စစ်ပွဲဆန့်ကျင်ရေးတွေလုပ်ဆောင်နေတဲ့လူတွေကိုပုဂ္ဂလိကပိုင်မီဒီယာတွေ၊နိုင်ငံပိုင်မီဒီယာတွေကနေ၀ါဒဖြန့်တဲ့COINTELPRO Campaignနဲ့ထပ်တူထပ်မျှတူညီနေတာကိုတွေ့ရပါတယ်။
တစ်ဖြည်းဖြည်းနဲ့မင်းသမီးယောင်ဆောင်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘီလူးမပုံဟာပေါ်လာနေပါပြီ။အားလုံးနိုင်ငံရေးနဲ့ပက်သက်ပြီးသတိရှိဖို့လိုပါတယ်။
(ဒါကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရိုနီတွေဆီကအလှူငွေတွေရယူတာ၊ခရိုနီတွေကိုကာကွယ်ပြောဆိုတာတွေနဲ့ပက်သက်ပြီးကျွန်တော်ဥာဏ်မှီသလောက်စဉ်းစားမိတာတွေဖြစ်ပါတယ်။ကျွန်တော်နဲ့လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။Shareလိုပါကလည်းShareနိုင်ပါတယ်)
စည်သူထက်
Post a Comment