ကျွန်တော်သတင်းလိုက်ထားတာပါ။
ကေကေတီ
------------------------------
------------------------------ ------------------------------ ------------------------------ -----
ကျွန်တော်တို့သည် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် တွင် နေ ထိုင်သူများ ဖြစ်ပါသည်။ ကျွန်တော်တို့ရပ်ကွက်
အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြံ့ခိုင်ရေးပါတီ၏ လူလည်ကြပုံများကို တင်ပြတိုင်ကြားလိုပါသည်။
ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်
အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်သည် ရပ်ကွက်စာရေးမနှင့်ပူးပေါင်းပြီး
ဆယ်အိမ်စု မဲစာရင်းများခွဲရာတွင် ၄င်းတို့လိုအပ်သလို ဆယ်စုမှူးများဖွဲ့ပြီး ပြုလုပ်ပါသည်။
နောက်ဆုံးတွင် ဆယ်စုမှူးအလိုက် ဖွဲ့စည်းနိုင်ခြင်းမရှိသည့်အခါ အိမ်ထောင်စု (၆)ဦး-(၇)ဦးတို့ဖြင့်ဖွဲ့ပြီး
ဆယ်စူမှူးများ ရွေးချယ်ခဲ့ပါသည်။ လက်ရှိအုပ်ချုပ်ရေးမှူး ``မြင့်ကျော်´´သည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ြ ပီး ဆယ်စုမှူးများရွေးချယ်ရာတွင်
ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင်စီစဉ်ကာ ထိုဆယ်အိမ်စုမှူးများအား မဲဆွယ်စည်းရုံးပြီး
အုပ်ချုပ်ရေးမှူးအဖြစ်ပြန်လည်ေ နရာရရန် စီစဉ်ဆောင်ရွက်သွားသည် ကို တွေ့ရှိရပါသည်။ ကျွန်တော်တို့်
ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် တွင် ဆယ်အိမ် စုမှူး (၆၄)ဦးရွေးချယ်ခဲ့ရာ (၅၀)ဦးသည်
ကြံ့ခိုင်ရေး ပါတီဝင်များ ဖြစ်ကြပါသည်။
ရွေးချယ်ထားသောဆယ်စုမှူးများထဲ တွင်
ဒုစရိုက်မှု့ဖြင့် ထောင်ဒဏ်ကျခံခဲ့သူများပါဝင်ပြီး ယခုလက်ရှိ ဒူစရိုက်မှု့များ ပြုလုပ်နေသူများလည်း
ပါဝင်နေပါသည်။ ထိုသူများမှာ-
(၁)။
ဦးကြူလွင် (ခ) ရဲခေါင်သည် ပုဒ်မ (၁၅-က)ချဲထီလောင်းကစားမှု့ဖြင့်
ထောင်ဒဏ် (၃)နှစ်ကျခံဘူးသူဖြစ်ပြီး ယခုအခါ ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် စည်းရုံးရေးမှူးတာဝန်ယူထားသူ
နာမည်ပျက်ရှိသူဖြစ်ပါသည်။ ၄င်းသည် ဆယ်စုမှူးအဖြစ်ဝင်ရောက်အရွေးချ ယ်ခံနိုင်ရန် ရပ်ကွက်နေပြည်သူများအား
ပါတီမှချေးငွေများကို (၁)ဦးလျှင် အတိုး (၈၀၀၀)ကျပ်လျော့ပေးမည်ဟုပြောပြီး မဲဆွယ်စည်းရုံးကာ
လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော်အား ပြန်လည်ရွေးချယ်မဲပေးရန် လိုက်လံစည်းရုံးခဲ့ပါသည်။
(၂)။
ဦးညွန့်ရှိန်သည် အိုးပိုင်အိမ်ပိုင်မရှိဘဲ
အိမ်ငှားဖြင့်နေထိုင်ပြီး ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင်
အမှု့ဆောင်တာဝန်ယူထားသူ ဖြစ်ပါသည်။ ၄င်းသည် ကားစပယ်ယာတစ်ဦးဖြစ်ပြီး ယာဉ်တိုက်မှု့ကြောင့်
အချုပ်ခံခဲ့ဘူးသူတစ်ဦး ဖြစ်ပါသည်။
(၃)။ ဦးချိုအေး (ခ) ရေခဲသည် ဆယ်စုမှူးအဖြစ် အရွေးချယ်ခံရရန်
လက်ရှိ အုပ်ချုပ်ရေးမှူး မြင့်ကျော်မှ မဲဆွယ်စည်းရုံးပြီး ရေခဲမှတစ်ဆင့် ၄င်းအုပ်ချုပ်ရေးမှူး
ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ ချိုအေး (ခ) ရေခဲသည် ရပ်ကွက်ထဲတွင် ယခုအချိန်အထိ
ချဲဒိုင်ခံနေသူတစ်ဦးဖြစ်ပြီး ရပ်ကွက်ကြံ့ခိုင်ရေး ပါတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။
(၄)။ ဦးခင်မြင့်ဆိုသူမှာလည်း ပုဒ်မ (၁၅-က)နှင့်လည်းကောင်း၊
ပြည့်တန်ဆာခေါင်းပုဒ်မဖြင့်လည်း ကောင်း ထောင်(၂)ကြိမ်ကျဘူးသူတစ်ဦးဖြစ် ပြီး ရပ်ကွက်၏နယ်နှင်ဒဏ်ခံထားရသူတစ် ဦး
ဖြစ်ပါသည်။ ၄င်းကိုလည်း မြင့်ကျော်မှ ဆယ်စုမှူးဖြစ်အောင်စီစဉ်ဆောင်ရွ က်ပေးပြီး သူ(မြင့်ကျော်)းအား
အုပ်ချုပ်ရေးမှူး ပြန်ဖြစ်အောင် မဲပေးစေခဲ့ပါသည်။
လက်ရှိအုပ်ချုပ်ရေးမှူး
မြင့်ကျော်အား အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးချယ်နိုင်ရန်အတွက် ``ရဲခေါင် (ခ) ကြူလွင်´´နှင့်
``ညွန့်ရှိန်´´တို့သည် ဆယ်စုမှူးများထဲတွင် ၄င်းတို့ ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင်
ဆောင်ရွက်ပြီး မသမာမှု့များဖြင့် ``မြင့်ကျော်´´မဲရရှိအောင် ဆောင်ရွက်ခဲ့သည်ကို ရပ်ကွက်နေပြည်သူများအားလုံးအသြိ ဖစ်ပါသည်။
အုပ်ချုပ်ရေးမှူး
``မြင့်ကျော်´´သည် အုပ်ချုပ်ရေးမှူးအင်္ဂါရပ်များနှ င့် ပြည့်စုံသူမဟုတ်ပါ။ သူသည် မိန်းမမသေဆုံးခင်
မယားပြိုင်အဖြစ် ``စန်းစန်းဦး´´ဆိုသူ မိန်းကလေးကို လက်ထပ်ပေါင်းသင်းယူထားပါသည်။ ယခုအခါတွင်
``မရီ´´ဆိုသော မိန်းကလေးကို တရားဝင်ယူပြီး ၄င်း၏နေအိမ်တွင် အတိအလင်းနေထိုင်နေသူဖြစ်ပါသည်။
``စန်းစန်းဦး´´ဆိုသည့် မိန်းကလေးနှင့် ``မြင့်ကျော်´´သည် သာကေတ ရှု့ခင်းသာအိမ်ရာ တိုက်
(အေ) အခန်းအမှတ် (၅၀၈)တွင် ယာယီသန်းခေါင်စာရင်းဖြင့် နေထိုင်နေပါသည်။ ၄င်းယာယီသန်းခေါင်
စာရင်းအား အပိုင်ဆယ်အိမ်မှူး တိုက် (အေ) အခန်းအမှတ် (၁၀၄)နေ ``ဦးမျိုးသန့်ဇင်´´ဆိုသူမှ
ထုတ်ပေးထားသည်ဟု စုံစမ်း သိရှိရပါသည်။ ``စန်းစန်းဦး´´သည် ကျွန်တော်တို့ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် ၊
အောင်ချမ်းသာလမ်း၊ တိုက်အမှတ် (၁၅)တွင် လက်ရှိနေထိုင်နေသူဖြစ်ပါသည်။ မြင့်ကျော်နှင့်
စန်းစန်းဦးတို့အကြောင်းကိုလည်း ပတ်ဝန်းကျင်ရှိသူများ အားလုံးအသိဖြစ်ပြီး စုံစမ်းမေးမြန်းကြည့်နိုင်ပါသည် ။
ထိုအကြောင်းအရာများကို
ရပ်ကွက်ကော်မရှင်ထံ တင်ပြတိုင်ကြားခဲ့သော်လည်း ရပ်ကွက်ကော်မရှင်မှလည်း မည်သို့မျှအရေးမယူဘဲ
မြင့်ကျော်အား အတည်ပြုလိုက်သည်ကို တွေ့ရှိရပါသည်။ ထိုကော်မရှင်ထဲတွင်ပါသူ (၅)ဦးအနက်
(၃)ဦးသည် ဆယ်စုမှူးအဖြစ် ရွေးချယ်ခံပြီး မြင့်ကျော်ကိုပင် မဲပေးခဲ့သည်ကို စုံစမ်းသိရှိရပါသည်။
နောင်မှသိရသည်မှာ ထို ရပ်မိရပ်ဖ (၃)ဦးသည်လည်း မြင့်ကျော်စည်းရုံးထားသည့်သူများဖြစ်ကြောင်း
သိရှိရပါသည်။
No comments :
Post a Comment