skip to main
|
skip to sidebar
ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရက အာဏာကိုခွဲဝေတာပါပဲ။ အများစုဆန္ဒနဲ
့အနည်းစုရဲ့ ဆန္ဒကိုညိနှိုင်းပေးတာပါပဲ။ ဒီမိုကရေစီနိင်ငံတွေ မှာအများစု ဆန္ဒဆိုပြီး အနည်းစုတွေကိုဖိနိပ်တာ ခွဲခြားဆက်ဆံတာတွေမလုပ် ကြတာကိုလဲတွေ့ ရပါတယ်။ သတင်းစာလွတ်လပ်ခွင့်ပေး တယ်ဆိုတာ သတင်းစာဆရာတွေကို အစိုးရက အာဏာကိုခွဲဝေပေးလိုက်တာပါပဲ။ ပညာရေးလွတ်လပ်ခွင့် ( Liberal Education ) ဆိုတာ လဲပညာရေးကိုကျောင်းတွေကို လွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။ ပညာရေးကိုအာဏာခွဲဝေပေးလိုက်တာပါပဲ။
တခါးဖွင့်ဈေးကွက်ဆိုတာလဲ ကုန်သည်တွေကို လွတ်လပ်စွာရောင်းဝယ်ဖေါက်ကားခွင့်ပေးလာတာပါပဲ။ တိုင်းရင်းသားအခွင့်အရေးဆိုတာကလဲ တိုင်းရင်းသားတွေကို ကိုယ်ြ့ပည်နယ်ကိုယ်အုပ်ချုပ်ခွင့်ဖွင့်ဖြိုးမှုတွေ ကိုလွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်ပေးဖို့  ကျနော်တို့ တိုက် တွန်းနေတာဖြစ်ပါတယ်။
သူတို့ ပြည်နယ်တွေကိုသူတို့ အုပ်ချုပ်ခွင့်ရရင် အမြန်ဖွင့်ဖြိုးလာမယ်။ စီးပွားရေးတိုးတက်လာမယ်။ လမ်းတွေ ၊ ကျောင်းတွေကောင်းလာ မယ်။ တောတွေတောင်တွေကိုသူတို့ နည်းသူတို့ဟန်နဲ့ ထိမ်းသိမ်းကြမှာသေချာပါတယ်။
( အခုဟာက ပိုင်ဆိုင်မဲ့သူမရှိတဲ့စနစ်လိုဖြစ်နေတော့ တောတွေတောင်တွေကိုအာဏာရှိတဲ့သူက အာဏာရ တုန်းကိုယ်ကျိုးအတွက် ဘုံး သွားကြတာကိုခံနေရတယ်။ )
အာဏာကို တဦးတည်းတပါတီထဲမှာ စုပုံထားရင်၊ လုပ်ပိုင်ခွင့်ပြောဆိုပိုင်ခွင့်တွေကို တဦးထည်းမှာ စုပုံထားရင် အာဏာရှင်ဖြစ်လာတာပါ ပဲ။
အာဏာရှင်စနစ်ကို ဖျက်သိမ်းပြစ်ခြင်တယ်ဆိုရင် အာဏာခွဲဝေမှုအကြောင်းကို
ကျနော်တို့ ပြောရမယ်။ ဗ ဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေ အာဏာကိုအညီအမျှခွဲဝေကျင့်သုံးတဲ့အကြောင်းကို ပြောရမယ်။ အာဏာလိုခြင်ရင်အာဏာကိုဘယ်လိုခွဲဝေကျင့်သုံးပါ့မယ်ဆိုတာကို အာ ဏာမရခင်ကြိုတင်ပြောပြ ဖို့လိုတယ်။
မိုးသီး
No comments :
Post a Comment