Friday, 18 January 2013

ကောင်းတာတွေပဲ ရိုက်ပြပြီး ဖားထေး



ကောင်းတာတွေပဲ ရိုက်ပြပြီး ဖားထေး.. ကျိုးပဲ့.. ယိုင်နဲ့ စုတ်ပျက်သပ်နေတဲ့ အောက်ပိုင်းကိုလည်း မဖုံးမကွယ်.. အရှိကို အရှိတရားအတိုင်း ရိုက်ပြဖို့..တင်ပြဖို့ လိုနေပါပြီ...။

ဒီလိုမှ မဟုတ်ပဲ.. အစိုးရအကြိုက်.. တွေကိုပဲထုတ်လွှင့်ပြသနေဦးမယ် ဆိုရင်ဖြင့် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ မီဒီယာ တစ်ခုအဖြစ် အလှမ်းဝေးနေဦးမှာ အသေအချာပါပဲ...။

အစိုးရကြိုက်ဖို့ မလိုပါဘူး.. ပြည်သူတွေရဲ့ ဘ၀အမှန်တွေကို ထင်ဟပ်ပေါ်လွင် ထင်သာမြင်သာရှိစေကာ လူထုရဲ့ လိုအပ်ချက်မှန်သမျှ ကိုရဲရဲကြီး ထုတ်ဖော် တင်ပြရဲပြီး..၊ ပြောင်းလဲနေပြီလို့ပြောတဲ့ ခေတ်စနစ်နဲ့ အညီ လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ ဆန်တဲ့ မီဒီယာ တစ်ခုအဖြစ် ပြောင်းလဲလာနိုင်ပါစေ...။ ဒီလိုမှ မဟုတ်ပဲ အစိုးရအကြိုက် သတင်း..တွေကိုသာ ဖြန့်ဝေထုတ်လွှင်နေဦးမယ်ဆိုရင်တော့... အာဏာရှင်အကြိုက် ၀ါဒဖြန့်တဲ့ မီဒီယာ တစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ဘူးပြီးတဲ့ လမ်းကြောင်းပေါ်မှာပဲ ဆက်ရှိနေဦးမှာပါ...။ ပြောင်းလဲနိုင်ပါစေ....။

No comments :