ရန်ကုန်၊ ဇန်နဝါရီ၊ ၂၂။
နိုင်ငံတော်သမ္မတနှင့် အရပ်ဖက်လူ့အဖွဲ့စည်းများ တွေ့ဆုံရာတွင် ဝင်ရောက်ဆွေးနွေးမှု မရှိသော ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မမေစပယ်ဖြူနှင့် တွေ့ဆုံဖြစ်သမျှ
MMA။ ။ နိုင်ငံတော် သမ္မတနဲ့တွေ့ဆုံရပေမဲ့ အစ်မတို့အဖွဲ့
အနေနဲ့ ဘာလို့ မဆွေးနွေး၊ မတင်ပြဖြစ်တာလဲအစ်မ
MSPP။ ။ ကျွန်မတို့ အစောကတည်းက နံမည်စာရင်းပေးထားပါတယ်။ဂျီတီအိုင်က
ဆရာနောက် မှာကျွန်မတို့ ပေါ့နော်။ ကျွန်မတို့ စာရင်းသွားပေးတဲ့ အခါမှာ
သူတို့စာရင်းထဲမှာ ဆရာရယ်၊ ကျွန်မတို့ရယ်ပဲရှိသေးတယ်ပေါ့နော်။
ဒါပေမဲ့ ကျွန်မတို့ ဘာလို့မပါလဲဆိုတာကတော့မပြောတတ်ဘူးပေါ့။
MMA။ ။ တကယ်လို့ သမ္မနဲ့ဆွေးနွေးခွင့် ရမယ်ဆိုရင် ဘာတွေဆွေးနွေးမယ်ဆိုပြီး အစ်မတို့ ပြင်ဆင်လာခဲ့လဲခင်ဗျ။
MSPP။ ။ ဆွေးနွေးဖို့ စဉ်းစားလာခဲ့တာတွေကတော့ ရှိတာပေါ့နော်။ ဒီလိုပဲ သမ္မနဲ့တွေ့ခွင့်ရဖို့ ရှိတယ်ဆိုပြီး ကျွန်မတို့ ကချင်ပြည်နယ်ကို လှမ်းပြောတဲ့အခါမှာ မေးခိုင်းတဲ့ မေးခွန်းတွေရှိပါတယ်။ မေးဖို့ကတော့ သမ္မတကြီး မညာဘူးလို့ သူတို့ကယုံတယ်။ ကချင်ဒေသမှာရှိတဲ့ ကချင်လူမျိုးတွေ အားလုံးကို ကိုယ်စားပြုတဲ့။ နိုင်ငံတော်
အကြီးအကဲကော ဟုတ်ရဲ့လားပေါ။့ အကယ်၍ ဟုတ်တယ်ဆိုရင် သမ္မကြီးက သူပြောတဲ့စကားကို တည်အောင် ကြိုးစားလိမ့်မယ်လို့
သူတို့ ယုံပါတယ်ပေါ့။ ပြီးတော့ အခုဆိုရင် ရိက္ခာပို့တာကို အကြောင်းပြုပြီးတော့မှ တိုက်ပွဲတွေက တိုးတိုးပြီးဖြစ်လာတယ်။ အဲ့ဒီတော့ မေးချင်တာက သမ္မကြီးကို တခြားကော ဘယ်ဒေသတွေကို ရိက္ခာပို့ဖို့ ရှိသေးသလဲဆိုတာ။ ရိက္ခာထပ်ပို့တိုင်းမှာ ကျွန်တော်၊
ကျွန်မတို့ဟာ မငြိမ်းချမ်းရပါဘူးပေါ့နော်။ အဲ့ဒီတော့
ဘယ်ဒေသတွေကို ရိက္ခာထပ်ပြီး ရိက္ခာပို့ဖို့ ရှိဦးမလဲ အခွင့်ရရင် မေးခဲ့ပေးပါလို့ ပြောထားပါတယ်။
MMA။ ။ ငြိမ်းချမ်းရေး ဆွေးနွေးခွင့်အပေါ် အရပ်ဖက်လူ့ အဖွဲ့အစည်းတွေ ပါဝင်ဖို့ သမ္မတကပြောတဲ့အပေါ် အစ်မရဲ့ အမြင်ကို ပြောပေးပါလား။
MSPP။ ။ အဲ့တော့ ပြောခဲ့တာကတော့ ကြာပါပြီ။ ဒီလိုပဲ
ဖိတ်ခေါ်နေတာ ပဲပေါ့နော်။ ဒါပေမဲ့ကျွန်မတို့ ပြောချင်တာက
ပြောနေယုံနဲ့ မလုံလောက်ဘူး။ ဘယ်လိုပါဝင်ခွင့် ပေးမှာလဲ။
ဘယ်အချိန် အဲ့ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ဘယ်လိုလုပ်မှာလဲ။ အဲ့ဒီအခါ ဒီအရပ်ဖက် လူ့အဖွဲ့အစည်းတွေကကော ဘယ်လိုပါဝင်ခွင့်
ရမှာလဲ။ ကျွန်မတို့က တိတိကျကျ သိချင်ပါတယ်လို့။
MMA။ ။ ဒီလိုသမ္မနဲ့ အဖွဲ့စည်းအားလုံးနီးပါး ပါဝင်ဆွေးနွေးခွင့် ရခြင်း၊မရခြင်းနဲ့ ပတ်သက်ပြီးကော ဘာများပြောချင်ပါသလဲ။
MSPP။ ။ ဒီလို အားလုံးနဲ့ ဆွေးနွေးခွင့်ရတယ်ပေါ့နော်။
အစ်မအနေနဲ့ တကယ်တော့ ထိထိရောက်ရောက် ပြောချင်တာက ငြိမ်းချမ်းရေးဆိုတာ မရှိဘဲနဲ့ နိုင်ငံတိုးတက်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူး။ အဲ့တော့ နိုင်ငံဖွင့်ဖြိုးတိုးတက်ဖို့ အတွက်ပဲဖြစ်ဖြစ်၊
ငြိမ်းချမ်းဖို့ အတွက်ပဲဖြစ်ဖြစ် နိုင်ငံရဲ့ လူဦးရေ တဝက်ဖြစ်တဲ့
ကျွန်မတို့ အမျိုးသမီးတွေကို ပါဝင်ဆောင်ရွက်ခွင့် မပေးဘူးဆိုရင်
နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ကော၊ ငြိမ်းချမ်းဖို့ကော ဖြစ်နိုင်မှာမဟုတ်ဘူး။ ကျွန်မအနေနဲ့ကတော့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတစ်ဦး အနေနဲ့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး လိုလားသူ တစ်ဦးအနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ငြိမ်းချမ်းဖို့ ဆောင်ရွက်ခွင့်တွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ ခွင့်ပေးစေချင်တယ်။ ဒါမှသာလျင် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့
ရေရှည်တည်တံ့ ခိုင်မြဲဖို့ဖြစ်မယ်လို့ ကျွန်မတို့က ယူဆတယ်။
MMA။ ။ သမ္မတက အခုလို သူနဲ့တွေ့ဆုံဖို့အပြင် အခြားဝန်ကြီး
ဌာနတွေ၊ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံခွင့် ပေးမယ်လို့
ပြောထားတယ်လေ။ အဲ့ဒီအပေါ်မှာကော အစ်မဘာများ
ပြောချင်ပါသလဲ။
MSPP။ ။အော် အခုလိုမျိုး အကုန်လုံးနဲ့ ခေါ်တွေ့တာတောင်မှ ကျွန်မတို့ကပါဝင်ခွင့် မရတာပေါ့နာ်။အဲ့ဒီထက် အဲ့ဒီထက် တခြားပါဝင်ခွင့်နဲ့ ပတ်သက်ပြီး ကျွန်မတို့က ဖိတ်ခေါ်တာတောင် ပါဝင်ခွင့် မရတာ အခြားဟာတွေမှာကော ပါဝင်ခွင့် ရပါ့မလားလို့ စောင့်ကြည့်ရမှာပဲ။
MMA။ ။ သမ္မတနဲ့တွေ့ခွင့်ရမယ်လို့ မျှော်လင့်ချက်နဲ့ အခုလို တွေပြီးတော့မျှော်လင့်ချက်ကို အစ်မနေနဲ့ ပြောပေးပါလား။
MSPP။ ။ လက်ရှိမှာ သတင်းမီဒီယာတွေထဲမှာကော
လတ်တလော အဖြစ်ဆုံးကကချင်စစ်ပွဲကိစ္စဖြစ်တ ယ်။
သမ္မကြီးကလည်း လောလောလတ်လတ် ကြေညာချက်
ထုတ်ထားတယ်။ အဲ့တော့ ကချင်ငြိမ်းချမ်းရေး အတွက်ကို
တက်တက်ကြွကြွနဲ့ လှုပ်ရှားနေတဲ့ တိုင်းရင်းသားတွေကို
ကိုယ်စားပြုတဲ့ ကျွန်မတို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အနေနဲ့ ဒီလိုသမ္မတနဲ့ တွေ့ဆုံတဲ့နေရာမှာ ပါဝင်ဆွေးနွေးခွင့် ကလေးတော့
ပေးလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့တယ်။ ပါဝင်ဆွေးနွေးခွင့်
မပေးတာကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေအပေါ်မှာ
ခွဲခြားဆက်ဆံမှု မရှိပါဘူးဆိုတဲ့ စကားကို ကျွန်မတို့ တော်တော်လေး
သံသယဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး လုပ်ကြတာချင်းတူရင် ကျွန်မတို့ဟာ ကချင်ငြိမ်းချမ်းရေး
ကွန်ယက်ဖြစ်တဲ့ အတွက်ကြောင့် စကားပြောခွင့် မရတာလား။ အဲ့ဒီခံစားချက် တစ်ခုနဲ့ ကျွန်မအိမ်ပြန်သွားရမှာ ဖြစ်ပါတယ်။
အေင်သိုက်
နိုင်ငံတော်သမ္မတနှင့် အရပ်ဖက်လူ့အဖွဲ့စည်းများ တွေ့ဆုံရာတွင် ဝင်ရောက်ဆွေးနွေးမှု မရှိသော ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မမေစပယ်ဖြူနှင့် တွေ့ဆုံဖြစ်သမျှ
MMA။ ။ နိုင်ငံတော် သမ္မတနဲ့တွေ့ဆုံရပေမဲ့ အစ်မတို့အဖွဲ့
အနေနဲ့ ဘာလို့ မဆွေးနွေး၊ မတင်ပြဖြစ်တာလဲအစ်မ
MSPP။ ။ ကျွန်မတို့ အစောကတည်းက နံမည်စာရင်းပေးထားပါတယ်။ဂျီတီအိ
ဒါပေမဲ့ ကျွန်မတို့ ဘာလို့မပါလဲဆိုတာကတော့မပြောတတ်ဘ
MMA။ ။ တကယ်လို့ သမ္မနဲ့ဆွေးနွေးခွင့် ရမယ်ဆိုရင် ဘာတွေဆွေးနွေးမယ်ဆိုပြီး အစ်မတို့ ပြင်ဆင်လာခဲ့လဲခင်ဗျ။
MSPP။ ။ ဆွေးနွေးဖို့ စဉ်းစားလာခဲ့တာတွေကတော့ ရှိတာပေါ့နော်။ ဒီလိုပဲ သမ္မနဲ့တွေ့ခွင့်ရဖို့ ရှိတယ်ဆိုပြီး ကျွန်မတို့ ကချင်ပြည်နယ်ကို လှမ်းပြောတဲ့အခါမှာ မေးခိုင်းတဲ့ မေးခွန်းတွေရှိပါတယ်။ မေးဖို့ကတော့ သမ္မတကြီး မညာဘူးလို့ သူတို့ကယုံတယ်။ ကချင်ဒေသမှာရှိတဲ့ ကချင်လူမျိုးတွေ အားလုံးကို ကိုယ်စားပြုတဲ့။ နိုင်ငံတော်
အကြီးအကဲကော ဟုတ်ရဲ့လားပေါ။့ အကယ်၍ ဟုတ်တယ်ဆိုရင် သမ္မကြီးက သူပြောတဲ့စကားကို တည်အောင် ကြိုးစားလိမ့်မယ်လို့
သူတို့ ယုံပါတယ်ပေါ့။ ပြီးတော့ အခုဆိုရင် ရိက္ခာပို့တာကို အကြောင်းပြုပြီးတော့မှ တိုက်ပွဲတွေက တိုးတိုးပြီးဖြစ်လာတယ်။ အဲ့ဒီတော့ မေးချင်တာက သမ္မကြီးကို တခြားကော ဘယ်ဒေသတွေကို ရိက္ခာပို့ဖို့ ရှိသေးသလဲဆိုတာ။ ရိက္ခာထပ်ပို့တိုင်းမှာ ကျွန်တော်၊
ကျွန်မတို့ဟာ မငြိမ်းချမ်းရပါဘူးပေါ့နော်။ အဲ့ဒီတော့
ဘယ်ဒေသတွေကို ရိက္ခာထပ်ပြီး ရိက္ခာပို့ဖို့ ရှိဦးမလဲ အခွင့်ရရင် မေးခဲ့ပေးပါလို့ ပြောထားပါတယ်။
MMA။ ။ ငြိမ်းချမ်းရေး ဆွေးနွေးခွင့်အပေါ် အရပ်ဖက်လူ့ အဖွဲ့အစည်းတွေ ပါဝင်ဖို့ သမ္မတကပြောတဲ့အပေါ် အစ်မရဲ့ အမြင်ကို ပြောပေးပါလား။
MSPP။ ။ အဲ့တော့ ပြောခဲ့တာကတော့ ကြာပါပြီ။ ဒီလိုပဲ
ဖိတ်ခေါ်နေတာ ပဲပေါ့နော်။ ဒါပေမဲ့ကျွန်မတို့ ပြောချင်တာက
ပြောနေယုံနဲ့ မလုံလောက်ဘူး။ ဘယ်လိုပါဝင်ခွင့် ပေးမှာလဲ။
ဘယ်အချိန် အဲ့ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ဘယ်လိုလုပ်မှာလဲ။ အဲ့ဒီအခါ ဒီအရပ်ဖက် လူ့အဖွဲ့အစည်းတွေကကော ဘယ်လိုပါဝင်ခွင့်
ရမှာလဲ။ ကျွန်မတို့က တိတိကျကျ သိချင်ပါတယ်လို့။
MMA။ ။ ဒီလိုသမ္မနဲ့ အဖွဲ့စည်းအားလုံးနီးပါး ပါဝင်ဆွေးနွေးခွင့် ရခြင်း၊မရခြင်းနဲ့ ပတ်သက်ပြီးကော ဘာများပြောချင်ပါသလဲ။
MSPP။ ။ ဒီလို အားလုံးနဲ့ ဆွေးနွေးခွင့်ရတယ်ပေါ့နော်။
အစ်မအနေနဲ့ တကယ်တော့ ထိထိရောက်ရောက် ပြောချင်တာက ငြိမ်းချမ်းရေးဆိုတာ မရှိဘဲနဲ့ နိုင်ငံတိုးတက်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူး။ အဲ့တော့ နိုင်ငံဖွင့်ဖြိုးတိုးတက်ဖို့ အတွက်ပဲဖြစ်ဖြစ်၊
ငြိမ်းချမ်းဖို့ အတွက်ပဲဖြစ်ဖြစ် နိုင်ငံရဲ့ လူဦးရေ တဝက်ဖြစ်တဲ့
ကျွန်မတို့ အမျိုးသမီးတွေကို ပါဝင်ဆောင်ရွက်ခွင့် မပေးဘူးဆိုရင်
နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ကော၊ ငြိမ်းချမ်းဖို့ကော ဖြစ်နိုင်မှာမဟုတ်ဘူး။ ကျွန်မအနေနဲ့ကတော့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတစ်ဦး အနေနဲ့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး လိုလားသူ တစ်ဦးအနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ငြိမ်းချမ်းဖို့ ဆောင်ရွက်ခွင့်တွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ ခွင့်ပေးစေချင်တယ်။ ဒါမှသာလျင် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့
ရေရှည်တည်တံ့ ခိုင်မြဲဖို့ဖြစ်မယ်လို့ ကျွန်မတို့က ယူဆတယ်။
MMA။ ။ သမ္မတက အခုလို သူနဲ့တွေ့ဆုံဖို့အပြင် အခြားဝန်ကြီး
ဌာနတွေ၊ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံခွင့် ပေးမယ်လို့
ပြောထားတယ်လေ။ အဲ့ဒီအပေါ်မှာကော အစ်မဘာများ
ပြောချင်ပါသလဲ။
MSPP။ ။အော် အခုလိုမျိုး အကုန်လုံးနဲ့ ခေါ်တွေ့တာတောင်မှ ကျွန်မတို့ကပါဝင်ခွင့် မရတာပေါ့နာ်။အဲ့ဒီထက် အဲ့ဒီထက် တခြားပါဝင်ခွင့်နဲ့ ပတ်သက်ပြီး ကျွန်မတို့က ဖိတ်ခေါ်တာတောင် ပါဝင်ခွင့် မရတာ အခြားဟာတွေမှာကော ပါဝင်ခွင့် ရပါ့မလားလို့ စောင့်ကြည့်ရမှာပဲ။
MMA။ ။ သမ္မတနဲ့တွေ့ခွင့်ရမယ်လို့ မျှော်လင့်ချက်နဲ့ အခုလို တွေပြီးတော့မျှော်လင့်ချက်ကို အစ်မနေနဲ့ ပြောပေးပါလား။
MSPP။ ။ လက်ရှိမှာ သတင်းမီဒီယာတွေထဲမှာကော
လတ်တလော အဖြစ်ဆုံးကကချင်စစ်ပွဲကိစ္စဖြစ်တ
သမ္မကြီးကလည်း လောလောလတ်လတ် ကြေညာချက်
ထုတ်ထားတယ်။ အဲ့တော့ ကချင်ငြိမ်းချမ်းရေး အတွက်ကို
တက်တက်ကြွကြွနဲ့ လှုပ်ရှားနေတဲ့ တိုင်းရင်းသားတွေကို
ကိုယ်စားပြုတဲ့ ကျွန်မတို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အနေနဲ့ ဒီလိုသမ္မတနဲ့ တွေ့ဆုံတဲ့နေရာမှာ ပါဝင်ဆွေးနွေးခွင့် ကလေးတော့
ပေးလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့တယ်။ ပါဝင်ဆွေးနွေးခွင့်
မပေးတာကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေအပေါ်မှာ
ခွဲခြားဆက်ဆံမှု မရှိပါဘူးဆိုတဲ့ စကားကို ကျွန်မတို့ တော်တော်လေး
သံသယဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး လုပ်ကြတာချင်းတူရင် ကျွန်မတို့ဟာ ကချင်ငြိမ်းချမ်းရေး
ကွန်ယက်ဖြစ်တဲ့ အတွက်ကြောင့် စကားပြောခွင့် မရတာလား။ အဲ့ဒီခံစားချက် တစ်ခုနဲ့ ကျွန်မအိမ်ပြန်သွားရမှာ ဖြစ်ပါတယ်။
အေင်သိုက်

No comments :
Post a Comment