Friday, 18 January 2013

ရိုးရိုးပဲစားစား ဆန်းဆန်းပဲစားစား

ဘာကြောင့်လဲ?(ဟာဂျူလီ-ကသာ)
ခဏနေက ကျွန်တော့်ဆီကို ဖုန်းတစ်ကော ၀င်လာပါတယ်၊မေးတဲ့သူက
“ဆရာ.ခုတလော ဆူညံနေတဲ့ အလှူငွေကိစ္စတွေနဲ့ ပါတ်သက်ပြီး ဆရာ့ အမြင်လေး သိပါရစေ..တဲ့”
ကျွန်တော်က သူ့ကို ဥပမာလေးတစ်ခု အခုလိုပဲပြောဖြစ်ပါတယ်၊
“မင်းမှာ ညီမတွေ အစ်မတွေရှိသလား”
“အစ်မတော့ ရှိပါတယ်ဆရာ”
“အေးဟုတ်ပြီ၊မင်းတို့အရပ်ထဲမှာ သူများ သမီးပျိုတွေကို ဖျက်ဆီးနေတဲ့ သူတစ်ယောက်ရှိတယ်ဆိုပါစို့၊
သူဟာ အမျိုးသမီးတစ်ယောက်ကို ဖျက်ဆီးတော့မယ်ဆိုရင် မောင်တွေ အစ်ကိုတွေကို အရင်ဦးဆုံး ဒံပေါက်ထမင်းကျွေး
ပြီး အယုံသွင်း ဖျက်ဆီးလေ့ရှိတယ်ပေါ့ကွာ၊အဲဒီလူဟာ တစ်ရက်မှာတော့ မင်းကို ဒံပေါက်ထမင်းလာကျွေးတယ်၊မင်း အဲဒီဒံပေါက်
ထမင်းကို မင်းစားရဲသလား၊ဘာဖြစ်လဲဗျာ စားရဲတာပေါ့လို့ လွယ်လွယ်တော့ မတွေးနဲ့၊မင်းက ရိုးရိုးပဲစားစား ဆန်းဆန်းပဲစားစား
ပါတ်ဝန်းကျင်ကတော့ မင်းနဲ့မင်းနှမကိုတော့ ပြုံးစိစိ ကြည့်ကြမှာပဲ၊အဲဒီ အပြုံးဒါဏ် မင်းခံနိုင်မလား၊”
“ဟာ..ဘယ်ခံနိုင်ပါ့မလဲဆရာဂျူရယ်၊”
“အေး ဒါဆို ငါမဖြေတော့ဘူးနော်”ဆိုတော့ ဖုန်းဆက်တဲ့ လူငယ်လေးက “ဟုတ်ကဲ့ပါဆရာ” ဆိုပြီး ဖုန်းချသွားလေရဲ့။


source:ဟာဂျူလီကသာ Facebook မှ

No comments :