Saturday, 26 January 2013

ဝါ၊စိမ်း၊နီ နိဂုံး

ကျနော်ရန် ကုန်ရောက်တုံးက ကြံ့ဖွတ် ပါတီ ဆိုင်းပုဒ်တွေကို နေရာအနှံမှာတွေ့ ရတယ်။ အိမ်ကြိုအိမ်ကြားတွေမှာလဲ တွေ့ ရတယ်။ ဆိုင်းပုဒ်တွေကို လုပ်ထားတာက အနုပညာ မမြောက်တာရယ်။ ကြံ့ဖွတ်ပါတီခေါင်းဆောင်တွေရဲ့  စာရိတ္တယိုယွင်းမှုတွေကြောင့် လူထုက စိတ်ကုန်နေတယ်။ စိတ်ပညာအရပြောရရင်တော့ နေရာအနှံမှာ၇ှိတဲ့ ကြံ့ဖွတ်ပါတီ ဆိုင်းပုဒ်တွေဟာ သူတို့ ပါတီ ကျဆုံးခန်းကို သူတို့ ဖါသာလုပ်နေကြသလိုဖြစ်နေတယ်။ မနက်မိုးလင်းတာနဲ့ လူထုက တွေ့ မယ်။ မသိစိတ်မှာ ဒီပါတီကို မုန်းတီးစိတ်မယုံကြည်စိတ်တွေအလိုလိုဖြစ်ပြီးသားဖြစ်သွားတယ်လေ။ီအခြေအနေက ဒီပါတီဆိုင်းပုဒ်ကို မြင်တာနဲ့ကို ဒီနေ့ အဖို့  လာဘ်ပိတ်သလို ဖြစ်တယ်လို့ ကို လူတွေရဲ့ မသိစိတ်မှာ ခံယူကြပါတယ်။ ဦးသန်းရွှေကြီးက ဆိုက်ဝါး ပညာ မတောက်တခေါက်တတ်ထားပြီး တပ်ချုပ်ဖြစ်သွားတာကိုး။ ဒီတော့ သူက ပြသနာတိုင်းကို ဆိုက်ဝါး ပဲသုံးနေတာဖြစ်တယ်။ ကျနော်ရန်ကုန် ရောက်တော့ရွှေတိဂုံဘုရားပေါ်ကိုတန်းတက်ပါတယ်။ ရောက်တာနဲ့ မတောက်တခေါက်လုပ်ထားတဲ့ ဆိုက်ဝါး ကို တွေ့ ရပါတယ်။ ဒါတော့ အခု အလံက ၀ါ ၊ စိမ်း၊ နီ နဲ့ကြယ်ကိုလုပ်ထားတာတွေ့ ပါလိမ့်မယ်။ ဘုရားမှာ လည်း တိုင်တွေကို အ၀ါ၊ အစိမ်း အနီ ဆေးသုတ်ထားတယ်။ အဓိပါယ်ကတော့ လူတွေက ဘုရားကို ယုံကြည်တယ်။ ပူဇော်တယ်။ ဒီတော့ ဘုရားက တိုင်းတွေ ဆောင်းတန်းတွေကို အ၀ါ၊ အစိမ်း၊အနီ သုတ်တယ်။ ဒီတော့ လူတွေရဲ့မသိစိတ်မှာ ဒီသုံးရောင်ကို ၀င်သွားအောင်လုပ်တာပါ။ ဒီသုံးရောင်ကို မသိစိတ်က နေ လက်ခံလာရင် ဒီအရောင် အလံကိုလက်ခံလာမယ်။ Use to ဖြစ်လာမယ်။ တခါ ကြံ့ဖွတ်က ရွာတွေမှာလုပ်ထားတဲ့ အင်္ဂတေဆိုင်းပုဒ်တွေကိုကြည့်ရင်လဲ ၀ါစိမ်းနီပါပဲ ။ ဒီတော့ ကြံ့ဖွတ်ကိုလဲလက်ခံလာအောင် Use to ဖြစ်လာအောင် Culture လုပ်တာဖြစ်ပါတယ်။ မြန်မာ ပြည်ကို ရောက်သွားတဲ့အခါမှာ ဘုရားတွေ၊ ပလက်ဖေါင်းနေရာတချို့ ၊ ကြံဖွတ်အင်္ဂတေ ဆိုင်းပုဒ်များ မြန်မာ ဘီယာ တွေဟာ ၀ါ၊စိမ်း၊နီ ကို သုတ်ထားတာကိုတွေ့ နိင်ပါတယ်။ ဒါပေမဲ့ ခုလို လုပ်ထားလို့ ကြံ့ဖွတ်ကို ထောက်ခံမှုတွေတိုးလာသလားဆိုတာ တော့ ကျနော်တို့  သုတေသန လုပ်စရာမလိုတော့ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လူတွေရဲ့  သိမြင်မှု Mind Set ကို ထိမ်းချုပ်ဖို့ ဆိုတာက ရလဒ် ( Outcome ) ပေါ်မှာ အဓိက တည်ရှိနေတယ်ဆိုတာ ထောက်လှမ်းရေးသီအိုရီတွေကို သေချာစွာလေ့လာဘူးတဲ့သူတွေဆိုရင်သဘောပေါက်ပါတယ်။ လက်တွေဘ၀ထဲမှာရင်ဆိုင်နေရတဲ့ပြည်သူတွေ က ပိုသဘောပေါက်နေပါတယ်။ ဒါက ထောက်လှမ်းရေး (ဆိုက်ဝါး) ကျောင်းဟောင်း သီအိုရီတွေပါ။ ခေတ်တွေပြောင်း၊နည်းပညာတွေတိုးတက်လာတဲ့ခေတ်တွေမှာ ဒီသီအိုရီအဟောင်းတွေကအလောင်းဘုရားဗန္ဒလခေတ်လောက်မှာကျန်ခဲ့ပါတယ်။ တခုကလဲ စိတ်ပညာသဘောပါ။ အရောင်တွေရဲ့  Color Impact on unconscious mind အရ ၀ါ၊စိမ်း၊နီ ၊ ပြာ စတဲ့အရောင်တွေမှာ စွမ်းအင်တွေရှိနေပါတယ်။ ခင်ဗျားတွဲစပ်မှန်ဖို့ တော့လိုတယ်။ အ၀ါ၊ အစိမ်း၊အနီ တွေရဲ့  နိင်ငံရေး လူမှုရေးမှာ အသုံချတာကတော့ အ၀ါ = သတိပေးခြင်း အနီ= တားမြစ်ခြင်း။ ထွက် သို့မဟုတ်ရပ် ။ အစိမ်း= ခွင့်ပြုခြင်း ဖြစ်ပါတယ်။ ယဉ်မောင်းဥပဒေသမှာတော့ မီးဝါနေရင်သတိထားမောင်း၊ မီးနီရင်ရပ်၊ မီးစိမ်းရင်သွား။ မီးနီကိုဖြတ်မောင်းရင်တော့ ဒဏ်ဆောင်ရမယ်။ Ticket ရမှယ်။ ဒါကျနော်တို့ သိထားတယ်။ အနီနဲ့ အစိမ်းကို ဆန်ကျင်ဖက်ဖြစ်မှုကို အသုံချထားပုံဖြစ်ပါတယ်။ ဘောလုံးပွဲမှာ အ၀ါ နှစ်ခါ အပြခံရပြီဆိုရင် ခင်ဗျား သဘောပေါက်မှာပါ။ အထူးသဖြင့် အနီနဲ့အစိမ်းဟာ တခုခြင်းကောင်းသလောက် တွဲလိုက်တဲ့အခါမှာတော့ ရန်ဖက် အရောင်များဖြစ်ကြတဲ့အတွက် ဒုက္ခကောင်းကောင်းပေးတယ်။ ရှေ့ ကလုပ်နောက်ကပျက်သဘောဖြစ်တယ်။ ဒီနှစ်ရောင် က ဆန်ကျင်ဖက်သဘော ကို ပြနေတယ်။ တခုကအရှေ့ ဆိုတခုကအနောက်သဘောကိုဆောင်တယ်။ တခုကရပ်ဆိုတခုကသွား ။ တဖွဲ့ က ငြိမ်းချမ်းရေး စကားပြော၊ တဖွဲ့ က အပြတ်ချေမှုန်း၊ တယောက်ကို ခွင့်ပြု၊ တယောက်ကို တားမြစ်။ ၀န်ကြီါ်တယောက်က စီးပွားရေးစာချုပ်ကိုယောက်ကချုပ်၊ တယောက် ဖေါက်ဖျက်။ ၀န်ကြီးချုပ်ဖြစ်တုံးက မြစ်ဆုံ ဆည်ကြီး အမြန်လုပ်ပေးပါပြော၊ သမတဖြစ်တော့ရပ်ဆိုင်း စတဲ့ ဆန်ကျင့်ဖက်သက်ရောက်မှုတွေ အလံအတို်င်း ဖြစ်နေတာကို တွေ့ ရပါလိမ့်မယ်။ သမရိုးကျပန်းချီဆရာများကနေ မော်ဒန် ပန်းချီဆရာတွေက ဒီအချက်ကိုကောင်းကောင်း သိကြတယ်။ အစိမ်းနဲ့ အနီကို တွဲဖက်သုံးဖို့ ရှောင်ကြတယ်။ စီးပွားရေးမှာ အစိမ်းနဲ့အနီကို တိုက်ရိုက်တွဲ လိုက်ပြီဆိုရင်တော့ အကုသိုလ်ဝင်ပြီလို့  အနောက်တို်င်းသားတွေယူဆတယ်။ သူတို့ အရောင်ကိုသေသေချာချာရွေးကြတယ်။ နိင်ငံတော်အလံကနေ အ၀တ်စား အရောင်ရွေးတာကအစ အရမ်းသတိထားကြတာကို သတိပြုမိပါတယ်။ အနီနဲ့ အစိမ်းဟာ တကယ်တော့ အတော့ကို မင်္ဂလာရှိတဲ့သဘောမှာ၇ှိတယ်။ ကြီးမြတ်တဲ့သဘောမှာ ရှိတယ်။ ခရစ်စမတ်နေ့ တရက်ကလွဲလို့ မသုံးကြဘူး။ လူသာမန်တွေ အတွက်မသင့်သလိုဖြစ်လာနေတယ်။ အဖြူရောင်ဟာ ကျန်တဲ့အရောင်တွေကိုအားလုံးအပေါ်မှာနားလည်မှု ပေးတယ်။ မိတ်ဖက်ဖြစ်တယ်။ ညီညွတ်တယ်။ ဟန်ချက်ညီပေါင်းစပ်တယ်။ မြန်မာ ကျောင်းဝတ်စုံ၊ အဖြူနဲ့ အစိမ်းဟာလူတွေရဲ အမြင်မှာ မျက်စိပဒသ Eye Absorbing / Eye catching ဖြစ်လာစေတယ်။ ထိုင်းကျောင်းဝတ်ဆုံ အမဲနဲ့အဖြူဟာ တည်ငြိမ်မှုနဲ့  ပွင့်လင့်မှု ရင်းနှီးမှု ကိုဖေါ်ဆောင်လာတယ်။ ဂျပန်ကျောင်းဝတ်ဆုံ အပြာနဲ့ အဖြူဟာ ယုံကြည်မှု ကိုဖြစ်လာစေတယ်။ ကျနော် ဘလောက်ကို စတင်တည်ဆောက်ခဲ့အချိန်မှာ အရောင်ကိုဘာရွေးကြမလဲစဉ်းစားကြတော့ အောက်ခံအဖြူကို ထားဖို့  ကျနော် ဆုံးဖြတ်ခဲ့တယ်။ အ၀ါနဲ့ အနီ တွဲဖက်မှု၊ အနီနဲ့အစိမ်းတွဲဖက်မှု တွေကိုရှောင်သင့်တယ်။ အ၀ါ၊အနီ၊ အစိမ်းတွဲလိုက်ရင်တော့အကုသိုလ်မှန်သမျှကတော့ RSVP မလုပ်ပဲ သင့်ဆီကို တည့်တည့်လာ ပြီသာ အောင်းမေ့ တော့။ သင်စီးပွားရေးလုပ်မယ်။ နိင်ငံရေးအဖွဲ့ စည်း တခုလုပ်မယ်ဆိုရင်တော့ အ၀ါ၊အစိမ်းအနီကိုရှောင်ဖို့ တိုက်တွန်းခြင်တယ်။ ၀ါ၊စိမ်း၊နီ အရောင်ကိုအလံအဖြစ်သုံးခဲ့တဲ့နိင်ငံ ၉ နိင်ငံလောက်ရှိတယ်။ အားလုံး အကုသိုလ်ဝင်နေတယ်။ ၀ါ၊စိမ်း၊နီကို အလံအဖြစ်သုံးခဲ့တဲ့အဖွဲ့ သုံးခုရှိတယ်။ အားလုံးရေရှည်မရပ်တည်နိင်ကြပါ။ ဘီအိုင်အေခတ်အလံ၊ ကြံ့ဖွတ်အဖွဲ့  ဆိုင်းပုဒ်များ နဲ့  မြန်မာနိင်ငံအလံ။ ချမ်းသာအောင်မြင်သွားတဲ့ နိင်ငံတကာကုမဏီကြီးတွေဟာ အဖြူ၊အနီ၊အပြာကို သင့်သလိုတွဲဖက်သုံးနေကြတာသတိပြုပါ။ ဥပမာ ပက်ဆီ၊ ကိုကာကိုလာ အဲပဲလ်၊ မိုက်ခရိုဆော့။ စီးတီးဘဏ် စသဖြင့် ပေါ့။ ချမ်းသာတဲ့နိင်ငံတွေ ဟာ အဖြူ ၊ အနီ နဲ့ အပြာ သုံးရောင်ကိုသာရွေးခြယ်လေ့ရှိတာ သမန်တိုက်ဆိုင်မှုတော့မဟုတ်တာသေချာတယ်။ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန် ၊ ဂျပန်အလံ တွေကိုကြည့်ပါ။

 မိုးသီး

No comments :