Tuesday, 15 January 2013

ငြိမ်းချမ်းရေးအတွက် စက်ဘီး စီး ဆန္ဒထုတ်ဖေါ်

 ငြိမ်းချမ်းရေးလှုံ့ဆော်မှုစက်ဘီးစီးပွဲ.



ငြိမ်းချမ်းရေးလှုံ့ဆော်မှုစက်ဘီးစီးပွဲ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများ
သမဂ္ဂမှ ဗကသကျောင်းသား/သူများသည်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်လှုံ့ဆော်မှုတစ်ရပ်အဖြစ်နော်ဝေးအခြေစိုက် Peace for Bike အဖွဲ့နှင့်ပူးပေါင်း၍ယနေ့
နံနက်ပိုင်းတွင်ရန်ကုန်သန်လျင်အမှတ်(၂)တံတားမှစ၍ ကျောက်တန်းမြို့ရေလယ်ဘုရားရှေ့
ထိ(၁၃)မိုင်ကျော်ခရီးကိုစက်ဘီးများစီးနင်း၍ပြည်တွင်းငြိမ်းချမ်းရေး
ှုံ့ ဆော်မှုတစ်ရပ်ပြုလုပ်ခဲ့သည်။၎င်းငြိမ်းချမ်းရေးလှုပ်ရှားမှုစက်ဘီးစီးပွဲသို့ Peace for Bike အဖွဲ့နှင့်အတူ ဗကသများအဖွဲ့ချုပ်ကျောင်းသား/သူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ NLDအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၅၀)ကျော်ခန့်ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ Peace for Bike အဖွဲ့သည် မငြိမ်းချမ်းသေးသော ကမ္ဘာ့နိုင်ငံအသီးသီးသို့ စက်ဘီးလှည့်လည်စီးနင်း၍ ငြိမ်းချမ်းရေးရရှိရန်လှုံ့ဆော်နေသောအဖွဲ့ဖြစ်သည်။ ဗကသများအဖွဲ့ချုပ်သို့ဆက်သွယ်အကြောင်းကြားလာသည့်အတွက်ဗကသများအဖွဲ့ချုပ်မှကျောင်းသား/သူများ အနေဖြင့်
 ကျွန်ုပ်တို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အစိုးရအကြား အမြန်ဆုံးငြိမ်းချမ်းရေးဖော် ဆောင်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေး 
အရေးကြီးပုံကို ပြည်သူများသိရှိနားလည်လာစေရန်၊ စစ်မီးတောက်နေသော တိုင်းရင်းသားဒေသများ၏အခြေအနေကို ပြည်သူများသတိပြုစိတ်ဝင်စားလာစေရန်စသည့်ရည်ရွယ်ချက်များဖြင့် ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ပါသည်။ 
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

1 comment :

Anonymous said...

I don't accept foreigners involving Myanmar's politics on Myanmar Land!