လက်ရှိပညာရေးစနစ်သည် မြန်မာ့ပညာရေးအနာဂတ် ပိုမိုဆိုးရွားလာမည် (ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်)
လက်ရှိပညာရေးစနစ်သည် မြန်မာ့ပညာရေးအနာဂတ် ပိုမိုဆိုးရွားလာမည်ဟုဆို
မြန်မာနိုင်ငံတွင် 'ဒီလို' ပညာရေးစနစ်ဖြင့် ဆက်လက်သင်ကြားနေပါက မြန်မာ့ ပညာရေးအနာဂတ်ခရီး အတွက် တိုးတက်မှု မရှိဘဲ ယခင်ကထက် ပိုမိုဆိုးရွား လာမည်ဖြစ်ကြောင်း၊ 'ဒီလို' ပညာရေးစနစ် ဆိုတာ 'ဒီလို မေးမယ်၊ ဒီလိုဖြေ'၊ 'ဒီလို ကျက်မယ်၊ ဒီလို ရေး'၊ 'ဒီလို သင်မယ်၊ ဒီလိုမှတ်' စနစ်ဖြစ်ကြောင်း ပညာသင်ကြားရာတွင် တွေးခေါ်ခြင်း၊ အကြောင်းတရား ဆန်းစစ်ခြင်း၊ ပြသာနာတရပ် ဖြေရှင်းနိုင်ခြင်း နဲ့  မှန်သောဆုံးဖြတ်ချက်ချနိုင်အောင်
လုပ်ဆောင်စေခြင်းရှိမှသာ စစ်မှန်ကောင်းမွန်သည့် ပညာရေးစနစ်ဖြစ်ကြောင်း၊
လူငယ်တွေရဲ့  အင်္ဂလိပ်စာ အရည်အသွေးက လွန်စွာကျဆင်းနေပါကြောင်း ဒီဇင်ဘာ ၂၉
ရက်က မန္တလေးမြို့ တွင် Dream Land တွင် ကျင်းပသော ဆွေးနွေးပွဲတွင် ဆရာမကြီး
ဒေါက်တာမြင့်မြင့်ခင်က ပြောကြားသွားသည်။ "ပညာရေးစနစ်ကို တိုးတက်ချင်ရင်
စာစစ်တဲ့စနစ်နဲ့ စာမေးပွဲစနစ်ကိုသာ ပြောင်းလဲရမှာ ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းတွေလည်း ပြောင်းလဲရမှာ ဖြစ်ပါတယ်။ လက်တွေ့ ကျတဲ့ Course
တွေကို ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေကို လေ့လာရမယ်။ လက်တွေ့ သာမက
စိတ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးရေးနဲ့ မြင့်မားအောင် ဆောင်ရွက်ပေးဖို
့လိုတယ်။ ဘယ်ခေတ်က ပညာရေးစနစ်ကို ကြိုက်သလဲလို့  မေးရင် ကိုလိုနီခေတ်
ပညာရေးစနစ်ကို ကြိုက်တယ်။ ဘာကြောင့်လဲဆိုရင် ဦးနှောက်ကို
အသုံးပြုခွင့်ပေးလို့ ဖြစ်တယ်။ မဆလခေတ် ပညာရေးက ဦးနှောက်ကို ဒဏ်ခတ်တဲ့
ပညာရေးစနစ်ဖြစ်တယ်။ လက်ရှိပညာရေးစနစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတာက
ကျူရှင်စနစ်ဖြစ်တယ်။ အခြေခံမှ တက္ကသိုလ်ထိ ကလေးငယ်တွေ ပျက်စီးနေတာက
လောဘတက်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့  ကျူရှင်ကြောင့်ဖြစ်တယ်။ ပညာရေးစနစ်
တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်၊ ပြည်သူ၊ ဆရာ
ဆရာမနဲ့  ကျောင်သားတွေ ပူပေါင်းဖို့ လိုပါတယ်" ဟု ၄င်းကပြောသည်။
မူရင်း။ ။ နောင်(ရူပ) newswatch ဂျာနယ်မှ မူရင်းအတိုင်းဖြစ်ပါသည်။
လက်ရှိပညာရေးစနစ်သည် မြန်မာ့ပညာရေးအနာဂတ် ပိုမိုဆိုးရွားလာမည်ဟုဆို
မြန်မာနိုင်ငံတွင် 'ဒီလို' ပညာရေးစနစ်ဖြင့် ဆက်လက်သင်ကြားနေပါက မြန်မာ့ ပညာရေးအနာဂတ်ခရီး အတွက် တိုးတက်မှု မရှိဘဲ ယခင်ကထက် ပိုမိုဆိုးရွား လာမည်ဖြစ်ကြောင်း၊ 'ဒီလို' ပညာရေးစနစ် ဆိုတာ 'ဒီလို မေးမယ်၊ ဒီလိုဖြေ'၊ 'ဒီလို ကျက်မယ်၊ ဒီလို ရေး'၊ 'ဒီလို သင်မယ်၊ ဒီလိုမှတ်' စနစ်ဖြစ်ကြောင်း ပညာသင်ကြားရာတွင် တွေးခေါ်ခြင်း၊ အကြောင်းတရား ဆန်းစစ်ခြင်း၊ ပြသာနာတရပ် ဖြေရှင်းနိုင်ခြင်း နဲ့  မှန်သောဆုံးဖြတ်ချက်ချနိုင်အောင
မူရင်း။ ။ နောင်(ရူပ) newswatch ဂျာနယ်မှ မူရင်းအတိုင်းဖြစ်ပါသည်။
No comments :
Post a Comment