Friday, 11 January 2013

မြန်မာ့ ပထမ ဆုံး သိပ္ဗံပညာရှင် ကြီး


ရှင်အဇဂေါန သို့ မဟုတ်
မြန်မာ့ ပထမ ဆုံး သောသိပံ္ဗပညာရှင် ကြီး

အရည်းကြီးတွေက ဓါတုဗေဒပညာရှင်တွေလဲဖြစ်ပုံရတယ်။ ပုံဂံရာဇ၀င်မှာ ဖိုလ်ထိုး (ဓါတုဗေဒပညာရှင်) လို့ အောင်မြင်သွားတဲ့ ဆရာတော်တပါးရှိခဲ့တယ်။ သူကတာ့ရှင်အဇ၊ဂေါနဖြစ်တယ်။

အင်္ဂလိပ်နယ်ချဲ့ လက်အောက်ကိုကျရောက်နေစဉ်က တမျိုးသားလုံးခုလိုပဲ
စိတ်အားငယ်ညှိးနွမ်း ချိန် မှာ သူက အမျိုးသားဇာတိစိတ်ကိုတောင်လှုံ့ ဆော်ပေးခဲ့သေးတယ်။ ကိုလိုနီဆန်ကျင်ရေး သီးချင်း ဖြစ်တဲ့နဂါးနီမှာ

'' ဘိုဘိုအောင်နဲ့ ရှင်အဇဂေါနတို့ မတဲ့ကိန်း ဆိုက်မည်'' လို့ သူကိုရည်ညွန်းခဲ့ရသပေါ့။

သူက ရွေဖြစ်အောင် ပြဒါးဖြစ်အောင်လုပ်ဖို့ ကြိုးပန်းနေပါတယ်။ သူပရောဂျက်ကိုဘုရင်ကို ဆွေးနွေးပြတယ်။ ဘုရင်ကလဲ သဘောတူတယ်။ ဘတ်ဂျက်ချပေးတယ်။ ဒါပေမဲ့ မဖြစ်ဘူး။ ငွေကုန်သွားတယ်။စိတ်ဆိုးတယ်။
ဒီတော့ဘုရင်က သူကိုမျက်လုံးဖေါက်တယ်။ သူလဲ မျက်လုံးကန်းသွားရရှာတယ်။ သူလုပ်နေတဲ့ ပြဒါးလုံးကို စိတ်ဆိုးပြီး အိမ်သာထဲလွတ်ပြစ်ခိုင်းတယ်။

အိမ်သာထဲကျသွားမှာ ပြဒါးလုံးက ဓါတ်ပြုပြီး ဖေါ်မြူလာအောင်သွားတယ်။
ဒီတော့သူပြန်ကောက်ခိုင်းပြီးရေစေးပြီး ပြဒါရှင်လုံးအစွမ်းနဲ့မျက်လူံးပြန်မြင်တယ်။ ( မျက်လုံးအစားထိုးကု သလိုသူလုပ်ခဲ့တယ် )။ ကျောင်းသာတယောက်ကို
ဈေးထဲလွတ် ဈေးထဲက တရိစန်မျက်လုံးဘာရရ၀ယ်ခိုင်းလိုက်တယ်။ ဈေးကွဲချိန်ဖြစ်တဲ့အတွက်
ဆိတ်မျက်လုံးတဖက်၊ နွားမျက်လုံးတဖက်ပဲရလာတယ်။ သူလဲရလာတဲ့မျက်လုံးကိုတပ် ပြဒါးစွမ်းရှင် အစွမ်းနဲ့  ကုသလိုက်တဲ့
အခါမှာစကုအလင်းပြန်ရတယ်။

လူတွေကို ရွေတွေ လုပ်ပေးခဲ့တယ်။ လူတွေပိုက်ဆံရှိလာတယ်။ ဘုရားတွေတည်လာနိင်တယ်။ မုဆိုးမတောင်ဘုရားတည်လာနိင်တယ်လို့  ပုံဂံ ရာဇ၀တ်ကဆိုတယ်။ ဒါကို က ပုံပြင် ( Myth) တခု လို့ ကျနော်တို့ယူဆခဲ့ကြတယ်။ ယူဆနိင်ပါတယ်။

ဒါပေမဲ့ဒါကို သရုပ်ခွဲကြည့်ဖို့ လိုတယ်။
ဘာဖြစ်လို့  ဘုန်းကြီးက ပြဒါးရှင်လုံးကိုလိုခြင်တာလဲ။ ဘာဖြစ်လို့ ဘုရင်ကအားပေးသလဲ။

ပြဒါးရှင်လုံးဆိုတာက အဆုံးစွန်သော တန်းခိုး ( Ultimate Power )
ကို ဆရာတော်ရော၊ ဘုရင်ရောလိုခြင်တယ်။ဘုန်းကြီးက ပညရှင်၊ အနုမြူပညာရှင်တဦး လိုပေါ့။ ဒါရှိရင် အကျိုးစီးပွားနဲ့လုံခြုံရေး ရှိလာမယ်။ ဒီအတွက် ဘုရင်ကလိုခြင်တာ။

ဖိုလ်ထိုးတဲ့ပညာ Alchemy က အေဒီ ၃၀၀ လောက်ကတည်းက အာရပ်တွေကစတင်ခဲ့တာဖြစ်တယ်။
နောက်တော့ အနောက်တိုင်းကို ပြန့် သွားတယ်။ သူတို့ လဲ ရွေဖြစ်အော်င၊ငွေဖြစ်အောင် ဆေးကုသလို့ ရအောင်ရည်ရ်ွယ်ခဲ့တယ်။ ဓါတ်လုံး ( Philosopher Stone) ကိုရအောင်ကြံကြတာပါပဲ။

သိပံ္ဗပညာရှင် နယူတန်ဟာ သိပ်ပြီးဖိုလ်ထိုးတယ်လို့ သိရတယ်။ ဖိုလ်ထိုးတဲ့ပညာ မြန်ာမ ပြည်ကို ပုဂံခေတ်ထဲက စတင်ရောက်လာတယ်ဆိုတော့ မြန်မာ နဲ့အာရပ်ကမ္ဘာဟာ ဆက်ဆံရေးရှိနေခဲ့ပြီလို့ ဆိုနိင်ပါတယ်။
ဖိုလ်ထိုးတဲ့သူတွေရဲ့ အဓိကရည်မှန်းချက်ကတော့ရွှေဖြစ်အောင်၊ ပြဒါးသေအောင်၊နဲ့ဆေးဖြစ်အောင်လုပ်ကြတာပါ။
ဓါတုဗေဒပညာအရ ဒြပ်စင်တိုင်း ရဲအက်တန်ကို ပြောင်းလဲပေးနိင်ရင် ရွေဖြစ်အောင်လုပ်လို့ ရတယ်။
လုပ်နိင်ကြတယ်။ ဥပမာ ကြေးကိုရွေဖြစ်အောင်လုပ်လို့ ရတယ်။ ဒါပေမဲ့ ကြေးတအောင်စကိုရွေဖြစ်အောင်လုပ်တဲ့ကုန်ကျစာရိတ်က ရွှေတပိသာဖိုးလောက်ဖြစ်နေတယ်။ ဒီတော့ လက်တွေမလုပ်ကြဘူး။ သီအိုရီအရ
သူတို့ တွေ့ ရှိထားကြတယ်။ မှတ်တမ်းထင်ထားကြတာပဲရှိတယ်။

ကျနော်တို့  ကျောင်းမှာအက်တန်တွေအကြောင်းကိုသင်ခဲ့ရတယ်။ဗေလင်စီတွေကို ကျက်ခဲကြတယ်။ ရှင်အဇဂေါနဲ အထူးပြုလေ့လာခဲ့တဲ့ ပြဒါး ဟာ အင်္ဂလိပ်လို့  မာကျူရီ ခေါ်တယ်။ သူရဲ့ အက်တမ် သင်္ကေတာ HG
အက်တမ်နံပတ်က ၈၀ ဖြစ်ပြီး မာကျူရီဟာ အခန်းအပူချိန်မှာ ပျော်နေတယ်။
အနုတ် ၃၈.၈ မှာပုံဆောင်ခဲဖြစ်တယ်။ အပူချိန် ၃၅၆.၃၇ မှာအငွေ့ ပျံတယ်။
မာကျီယူဟာ အလွန် အန္တရယ်များတဲ့ သတ္တုရည်ဖြစ်တယ်။ လူကိုဒုက္ခသိပ်ပေးပါတယ်။ မာကျူရီကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် ရှေးက အနောက်တိုင်းရော ၊ တရုပ်တွေယုံကြည်ခဲ့ကြတယ်။ ဒုက္ခတွေ့ ခဲ့ကြတယ်။
ရှင်အဇဂေါန က အခဲအဖြစ်ပြုလုပ်နိင်ခဲ့တယ်ဆိုတာ တော့အတော့ကို
ထက်မြက်တဲ့ပညာရှင်တဦး လို့ ယူဆနိင်စရာရှိတယ်။

၁၁ ရာစုမှာ သိပ္ဗံပညာ ရဲ့ အစဟာ ဖိုလ်ထိုးတာပဲဖြစ်ပါတယ်။ ဖိုလ်ထိုးတာကို အရည်းကြီးတွေက လိုက်စားပါတယ်။ အရည်းကြီးတွေကို အနော်ရထာမင်းက နိင်ငံရေးအရသတ်လိုက်တဲ့အခါမှာတော့ တိုင်းပြည်အတွက် ဆုံးရှုံးမှု ၂ ခုဖြစ်သွားပါတယ်။

တခုက သိပ္ဗပညာရှင်တွေဆုံးရှုံးသွားတယ်။ ( သိပံပညာ၊ ၀ိဇာပညာကိုလေ့လာရမယ်ဆိုတဲ့ Concept ရှိတဲ့ဘာသာရေးတရပ်ဆုံးရှုံးသွားတယ်။ )

နောက်တခုက လူမှုအထောက်ပြု လုပ်ငန်းတွေ ပုဂိုလ်တွေဆုံးရှုံးသွားတယ်။

ကျနော်တို့ ဒီမိုကရေစီရရင် ဆရာတော်တွေက ကျောင်းတွေ တက္ကသိုလ်တွေ
တက်စေချင်တယ်။ သိပ္ဗ၊၀ိဇာပညာတွေကိုလေ့လာခွင့်တွေပေးစေချင်တယ်။
သူတို ဟာ အားနေကြတယ်။ လူမှု ဘာဟိရအလုပ်တွေမရှိကြတဲ့အတွက်
စာပေကို အာရုံစိုက်လေ့လာနိင်ရင် နိင်ငံတော်အတွက်အလွန်အဖိုးတန်တဲ့
ပညာရှင်တွေမွေးထုတ်လာနိင်မယ်။

(အရည်းကြီးတွေဟာပန်းဦးလွတ်တယ်ဆိုတာဆရာကြီး ဒေါက်တာသန်းထွန်းက မဟုတ်ဘူး။ အထောက်အထားမတွေ့ ဘူးလို့ ဆိုတယ်။ ဒါကို ကျနော်လက်ခံတယ်။ )

မိုးသီး

2 comments :

Anonymous said...

မအေလိုး..........လာပြန်ပြီ။ ဦးနှောက်လေး တစ်ထွာ တစ်မိုက် နှင့် မြန်မာစာလုံးပေါင်းတောင် မှန်အောင်မရေးနိုင်တဲ ကောင်ကများ ဆရာကြီးလေသံနဲ လာရွှီးနေတယ်။ ဘာကြောင့် အနော်ရထာ က အရည်းကြီးကို ဗျင်းရသလဲဆိုတာကို သိအောင်လုပ် အရင်လုပ်ပါ။ ပြီးရင် ထေရဝါဒ နဲ အရည်းကြီး ကွာဟ ချက်ကို ရှာပါ။

Anonymous said...

ma a loe moe thee yalmi
min ka takal. sout yuu pal