Tuesday, 8 January 2013

သဘောချင်းနှယ်နှောလိုက်လေ ဦး သူတော်ရယ် ။


၈၈ မျိုးဆက်ကျောင်းသားတွေနဲ့   အေအေပီပီ တို့  တွေ့ ဆုံတဲ့သတင်းကို ဖေစ်ဘုတ်တွေမှာဖတ်ရပါတယ်။
  အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံရေးအကျဉ်းသားဆိုသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်
ကို ၈၈ မျိုးဆက်ကျောင်းသားများနှင့် AAPP တို့ အတူတကွဖြစ်အောင်
ညှိနှိုင်းရန် ၊ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာ
ရင်းကို တူညီပြည့်စုံစွာ
စာရင်းပြုစုရန် ဆိုပဲ။   ဒီဓါတ်ပုံသတင်းကို ဖတ် ပြီးတော့ ဖိုးသူတော်နှစ်ယောက်တွေ့ တဲ့ ဇတ်လမ်းကို ပြေးသတိရမိတယ်။ 


တခါကတုန်းက ဗမာ့လူ့အဖွဲ့အစည်းမှာပေါ့။ လူတိုင်းအတွက်
အသက်ရှင်ရပ်တည်ဖို့နေရာရှိတယ်။ ဘုန်းကြီးကျောင်းတွေ သီလရှင်ဇရပ်တွေဟာ
ဆွေမဲ့ မျိုးမဲ့ ခိုကိုးရာမဲ့တွေအတွက်ခိုလှုံရာဌာ
နတွေပဲ။ ဘယ်အစိုးရ
ဘယ်အန်ဂျီအိုကမှထောက်ပံ့လို့မဟု
တ်ဖူး၊ ပရောဂျက်တင်ဖို့မဟုတ်ဖူး။
ဘုန်ကြီးတွေ သီလရှင်ဆရာကြီးတွေကပဲ မေတ္တာနဲ့ စောင့်ရှောက်တာ၊ ရပ်ရွာက
သဒ္ဓါသလို ပြုစုထောက်ပံ့တယ်။ဗုဒ္ဓအဆုံးအမအတိုင်းတော့နေရတယ်၊ လေ့လာရတယ်။ 
ဒါကြောင့်ဘုန်းကြီးောကာင်နေတဲ့ ကပ္ပိယတို့ ဖိုးသူတော် ဦးသူတော်တွေ ရပ်ရွာတွေမှာ
ဆရာတဆူလိုနေရာပေး အတိုင်ပင်ခံရတယ်။ ဖိုးသူတော်ချင်းတွေ့ကြယင်လဲ
ပုရိသတ်အလယ်မှာ တရားဆွေးနွေးကြ၊ ပညာစမ်းကြတယ်။

တခါမှာတော့ အလျူတခုမှာလူဘဝမှာေ
ပတေပြီးမှ
နောက်ဆုံးခိုကိုးရာမဲ့လို့ ဖြစ်လာကြတဲ့ ဖိုးသူတော်နှစ်ယောက်တွေ့ကြတယ်။

သူတို့နှစ်ယောက်လုံးက လူဝတ်ကြောင်ဘဝ က စရိုက်ဆိုးတွေအတိုင်းပဲနေတယ်။
ဖိုးသူတော်ဝတ္တရားတွေကို ဆရာဘုန်းကြီးတွေရှေ့မှာပဲ တာဝန်ကျေလုပ်တယ်။
ဘာဆည်းပူးမှုမှလဲမလုပ်ဘူး။ သူတော်နှစ်ယောက်တွေကြပြီဆိုတော့ လူပရိသတ်တွေကလဲ
ဖိုးသူတော်တွေရဲ့ ပညာဖလှယ်ခန်း ပညာစမ်းခန်ကိုစောင့်မျှော်နြေ
ကတယ်။
ဒါပေမယ့် ကျောင်းမှာသာခိုကပ်ပြီးအချောင်ေ
န အချောင်စားပြီးဘာမှ
လေ့လာဆည်းပူးမရှိတဲ့ ဖိုးသူတော်နှစ်ယောက်ကတော့ တယောက်ကိုတယောက်
မျက်လုံးချင်းတောင် မဆုံမိအောင်ရှောင်နေကြတယ်။ 
တယောက်ကိုတယောက်လန့်ပြီ ရှောင်နေကြတယ်။ 

ဒီလိုနဲ့ တယောက်ကိုတယောက် နွားပျင်းလန့် လန့်ယင်းရှောင်နေတာ အလျုပွဲ
စခန်းသိမ်းလို့ လူချင်းခွဲခါနီးမှ ဖိုးသူတော်နှစ်ယောက်တို့ လူရှင်းရာမှာ
နှစ်ယောက်ချင်းတွေ့ကြတယ်။
 တွေ့ကြတာနဲ့သူတော်တယောက်စပြီးပြောသတဲ့။
ဦးသူတော်ရေ..တွေ့ကြတုန်း အစဉ်အလာအတိုင်း
တရားနှီးနှောကြအုံးစို့လို့ပြော
သတဲ့။ ဒုတိယ သူတော်ကလဲ..မှန်တာပေါ့ ဒီတော့
ဦးသူတော်ကပဲ စပါလို့ဆိုတယ်။ ဒီတင် ပထမသူတော်က တုတ်ချောင်းတခုကို
ကောက်ပြီ မြေပေါ်မှာ စက်ဝိုင်းပုံတခုရေးလိုက်တယ်။

ပြီးတော့မေးလိုက်တယ်..အဲဒါဘာလဲေ
ပါ့။ ဒုတိယသူတော်ကချက်ချင်းပဲ
မဆိုင်းမတွအဖြေပေးလိုက်တယ်။ ဒီအဝိုင်းက မနက်က ကျုပ်တို့စားခဲ့တဲ့
မုန့်ဆီကြော်ပေါ့၊ 


“သဘောချင်းနှယ်နှောလိုက်လေဦးသူ
တော်ရယ်” လို့  စက် ၀ိုင်းပုံ ၀ိုင်းတဲ့ သူတော်က စပ်ဖြီးဖြီး ပြန်ဖြေတယ်။ 
 ဒီတင် သူတော်နှစ်ပါးရဲ့ ပညာစမ်းပွဲကို အဆုံးသတ်လိုက်တယ်။
ဒီခေတ်စကားနဲ့ပြောရယင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းလိုက်သည်ေ
ပါ့။ 
သဘောချင်း နှယ်နှောလိုက်ကြပုံများေ ပြာပါတယ်။

ရဲဘော်ကျော်သန်း 


3 comments :

Unknown said...

kyaw than u have not experience .u cannot compare those status .u should learn some more

Unknown said...

Are u crazy to compare this two matters?

Anonymous said...

ဘာကြီးလဲဟ... မိုးသီးတို့  J ၀င်နေပြီထင်တယ်။
မြန်မာပြည်ကြီး ဘယ်တော့ပြန်ပြီး ကယ်တင်ဦးမှာလဲ။ ဟိုမှာ မိုးသီးပြန်မှ ပိုချနေကြပြီ။