Saturday, 12 January 2013

ဘုရားမပြီး မီ ငြမ်းဖျက်ခြင်း လော

  • ကျွန်တော်စိတ်မကောင်းဖြစ်ရသောအကြောင်းတစ်ခု

    လွန်ခဲ့တဲ့ လအနည်းငယ်က စလို့၊ ပြည်ပတိုင်းပြည်တွေမှာ ရောက်နေကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်
    ရှားသူတွေဟာ တစ်ချို့ တစ်ယောက်ချင်း၊ တစ်ချို့ အဖွဲ့အစည်းလိုက်၊ ပုံစံအမျိုးမျိုးနဲ့ ပြည်တော်ပြန်
    လာနေကြပါတယ်။ ပြည်ပမှာနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထ
ဲမှာ ကောင်းသူ၊ ဆိုးသူ၊ အခွင့်အရေးသမား၊ အနစ်နာခံသူ စသဖြင့် ကွဲပြားခြားနားနေတာကတော့ သဘာဝကျပါတယ်။
    ဘယ်လိုပဲ ကွဲပြားခြားနားမှုတွေရှိနေပါစေ။ သူတို့မှာ တူညီတဲ့အချက်လေးတွေရှိနေတာကို သွားတွေ့
    ရပါတယ်။ တစ်ဦးနဲ့တစ်ဦးအတိမ်အနက်ကွာနိုင်ပေမဲ့၊ ရှိနေတာကတော့ အတူတူပါ။ အဲဒါတွေက
    တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးအပြောင်းအလဲဖြစ်စေချင်တာ၊ ဒေါ်အောင်ဆန်းစုကြည်ကို
    အတိုက်အခံနိုင်ငံရေးအဖွဲ့တွေရဲ့ ခေါင်းဆောင်ကြီးအဖြစ် မယိုင်မလဲကိုင်စွဲခဲ့တာတွေဖြစ်ပါတယ်။
    အတိမ်အနက်ကွာပေမဲ့၊ အများစုဟာ မြန်မာ့အပြောင်းအလဲနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘက်ကနေ ခိုင်ခိုင်မာမာရပ်ခဲ့ကြတဲ့သူတွေပါ။ အဲဒီလို....အဲဒီလို...လူတွေကို ဒေါ်အောင်ဆန်းစုကြည်က တစ်ဖွဲ့
    ကို အချိန်ဆယ်မိနစ်လောက်ပေးပြီးတောင် မတွေ့ဆုံပေးနိုင်တာကတော့ ကျွန်တော့်အတော့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ဟာ အကောင်း၊ အဆိုးတွေ ရောမြွန်းနေတဲ့သူတွေဖြစ်ရင်လဲဖြစ်
    ပါမယ်။ သူတို့ဟာ သူတို့အကျိုးကိုနည်းနည်းပိုအာရုံစိုက်ခဲ့ရင်လဲစိုက်ခဲ့မယ်။ ဒါပေမဲ့ သူတို့ဟာ မြန်
    မာ့ဒီမိုကရေစီအပြောင်းအလဲနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့ဖက်က ပြတ်ပြတ်ရပ်ခဲ့သူတွေ
    ပါ။ အဲဒီလူတွေ၊ အဖွဲ့အစည်းတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အချိန် ဆယ်မိနစ်လောက်ပေး
    ပြီးတောင် အသိအမှတ်မပြုပေးနိုင်ရတဲ့ အခက်အခဲကိုတော့ ကျွန်တော်နားမလည်နိုင်ဖြစ်ရပါတယ်။
    အဲဒီလို အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံက ထိပ်တန်းခရိုနီကြီးတွေနဲ့ တွေ့ဆုံဖို့ကို
    တော့ အချိန်ပေးနိုင်ခဲ့တာကို ပြန်သိရတော့ ပိုစိတ်မကောင်းဖြစ်မိပါတယ်။ အဲဒီခရိုနီကြီးတွေ မြန်မာ
    နိုင်ငံထဲမှာ ထင်တိုင်းကြဲနေတဲ့အချိန်မှာ၊ ပြည်ပကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ ဒေါ်စုဘက်
    ကမားမားမတ်မတ်ရပ်ခဲ့ကြတာပါ။ သေသေချာချာစဉ်းစားကြည့်ပါဗျာ။ ဘယ်လောက်ဝမ်းနည်းစရာ
    ကောင်းပြီး၊ ဘယ်လောက်ဆုံးရှုံးခဲ့ရလဲဆိုတာကိုပါ။ အဲဒီလူတွေရဲ့ ရင်ထဲမှာတော့ ဒေါ်စုဟာ သူတို့
    အတွက် တစ်ဦးတည်းသော ခေါင်းဆောင်ပါ။ သူတို့တွေက ဒေါ်စုကို နားလည်ပေးကြပါတယ်။ မတွေ့ရလို့လဲ၊ အလုပ်များနေတာပဲဆိုတဲ့ ဖြေသိမ့်မှုနဲ့ နားလည်ပေးကြပါတယ်။ ကျွန်တော်က ကြား
    ထဲကနေ ၀င်စိတ်မကောင်းဖြစ်မိတာပါ။ ခရိုနီကြီးတွေနဲ့တွေ့ဖို့၊ အချိန်တွေ အများကြီးပေးနိုင်တဲ့အ
    ချိန်မှာ သူတို့အတွက် ဆယ်မိနစ်လောက် အချိန်မပေးနိုင်တာကို အတော်နားမလည်၊ စိတ်မကောင်းဖစ်ရပါတယ်။
     ပိုထူးဆန်းတာက အဲဒီ ပြည်ပက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အစိုးရပိုင်းကလူကြီးတွေက နွေးနွေးထွေးထွေး၊ လှိုက်လှိုက်လှဲလှဲ တွေ့ဆုံကြတာပါ။ သူတို့ရင်ထဲက ဒေါ်စုက
    တော့ သူတို့ကို မေ့နေပြီလားလို့တောင် မသိစိတ်က ထင်နေကြပါတယ်။ အဲဒီလိုအဖြစ်အပျက်တွေ
    ဟာ ကျွန်တော်တို့အတွက် အရှုံးပဲလို့ ထင်မိပါတယ်။ ကျွန်တော်တို့ ပြုပြင်ကြရပါမယ်။ မသင့်တော်
    ရင်၊ အမြင်မတော်ရင် ပြင်ရမှာက ငြင်းမရတဲ့အချက်ပါ။
    လေးစားလျက်-

2 comments :

Anonymous said...

စိတ်မကောင်းမဖြစ်ပါနဲ့ ဒေါ်စု က နိုင်ငံ့ ခေါင်းဆောင်ကြီးတွေ နဲ့ ပျော်နေရလို့ ပါ ၊တောင်ပို့ ကြီး က တော့ ဖွတ် မထွက်ခင်ကတည်း က ပေါ်နေပါပြီလေ၊

Anonymous said...

အဲ့ဒီ့အတွက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို သဘောမကျပါ ။ သူ့ ကို အမာခံ ထောက်ခံခဲ့တဲ့ သူတွေကို မတွေ့ တာဟာ ရခိုင်အရေးမှာ ကိုယ့်လူမျိုး ရခိုင်တွေဘက်က ပြတ်ပြတ်သားသား မရပ်တည်ရဲသလိုပါဘဲ.... နားလည်ပေးလိုက်ပါလို့ ဘဲ ပြောချင်ပါတော့တယ်...