"ခေါင်းဆောင်မှာလား ခေါင်းရှောင်မှာလာ”
"ခေါင်းဆောင်မှာလား ခေါင်းရှောင်မှာလာ”
ခုတလော လူထုခေါင်းဆောင်များနဲ့ နိုင်ငံရေးသမားများ ဟာ
“ ဒီမိုကရေစီလိုချင်ရင် လူထု ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်”
“ ငြိမ်းချမ်းရေး ရရှိဖို့က လူတိုင်းပါဝင်လုပ်ဆောင်ကြဖို့လိုပါတယ်”
“ နောက်ကြောင်းပြန်မလှည့်ဖို့က လူထုအပေါ်မှာပဲ မူတည်ပါတယ်”
ခုတလော လူထုခေါင်းဆောင်များနဲ့ နိုင်ငံရေးသမားများ ဟာ
“ ဒီမိုကရေစီလိုချင်ရင် လူထု ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်”
“ ငြိမ်းချမ်းရေး ရရှိဖို့က လူတိုင်းပါဝင်လုပ်ဆောင်ကြဖို့လိုပါတယ်”
“ နောက်ကြောင်းပြန်မလှည့်ဖို့က လူထုအပေါ်မှာပဲ မူတည်ပါတယ်”
“ ဒီမိုကရေစီလိုချင်ရင် လူတိုင်း နိုင်ငံကြီးသားပီသပြီး ဒီမိုကရေစီအသိရှိဖို့လိုတယ် ”
ဒီ သြ၀ါဒကထာတွေနဲ့ ရေးသားချက်တွေဟာ ပြည်သူလူထုအများစုကြီးကို စော်ကားလိုက်တာဖြစ်
တယ်။ ပြည်သူတွေ အသုံးမကျလို့ နှစ်ပေါင်း ၅၀ လုံးလုံး တစ်ပါတီ တစ်ဖွဲ့အာဏာရှင်စနစ်အောက်
မှာပိပြားနေခဲ့ကြတာဖြစ်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။
နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ကြပါအုံး။ မြန်မာ့ဦးစွန်း မြေခခဲ့ရတဲ့ ပါတော်မူချိန်ကစပြီး မြန်မာ
နိုင်ငံသားတွေဟာ တာဝန်ကျေခဲ့ကြတယ်။ ရရာတုတ်၊ ဓား၊ လက်နက်စွဲကိုင်ပြီး နယ်ချဲ့ လာသူတွေ
ကို တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။ ၀ိုင်အမ်ဘီအေခေတ်၊ ဂျီစီဘီအေ ခေတ်တွေမှာလည်း အဲဒီအဖွဲ့
ကြီးတွေရဲ့ ဦးဆောင်မှုနောက်က ရဲရဲကြီးလိုက်ခဲ့ကြတယ်။ ‘တို့ဗမာအစည်းရုံး’ ခေတ်မှာလည်း
ပြည်သူတွေကတစ်ခဲနက်ထောက်ခံအားပေးခဲ့ကြပါတယ်။ ဆရာစံရဲ့တောင်သူလယ်သမား ပုန်ကန်မှု
ကြီးနဲ့ ရေနံမြေအလုပ်သမားသပိတ် တိုက်ပွဲကြီးတို့ဟာ ပြည်သူတွေဘက်က ဘယ်လောက်တာ
ဝန်ကျေသလဲဆိုတာပြလိုက်တဲ့ သက်သေတွေပဲဖြစ်ပါတယ်။
ဖဆပလခေတ်၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းနှစ်တွေကိုပြန်ကြည့်။ ပြည်သူတွေဘက်က တာဝန်
ကျေခဲ့ကြတာချည်းပါပဲ။ “ လူထုပါဝင်လုပ်ဆောင်ဖို့လိုတယ်၊ လူထုပေါ်မှာမူတည်ပါတယ်ဆိုတဲ့
စကားတွေဟာ ခေါင်းဆောင်တွေ ခေါင်းရှောင်ဖို့ပြောတဲ့စကားဖြစ်တယ်။
ဘယ်နိုင်ငံက ဘယ်ပြည်သူတွေမှ တိုင်းရေးပြည်ရာကိစ္စတွေမှာ အချိန်ပြည့် ပါဝင်လုပ်ဆောာင်
ခြင်း မပြုနိုင်ပါဘူး။ အဲဒီလို ကိုယ်တိုင်အချိန်ပြည့် မလုပ်နိုင်တဲ့အတွက် ကိုယ်စားဆောင်ရွက်ပေးနိုင်
မယ့်သူတွေကို မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတို့၊ နိုင်ငံရေးပါတီတို့ဆိုတာ
အဲဒါကြောင့် လိုအပ်ခဲ့ရတာ ဖြစ်တယ်။ ‘ လိုချင်ရင် ကိုယ်တိုင်လုပ်ယူ ’ ဆိုရင် နိုင်ငံရေးသမားနဲ့ နိုင်ငံ
ရေးပါတီတွေရှိဖို့ ဘယ်လိုအပ်တော့မှာလဲ။ ကမ္ဘာ့ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေမှာလည်း ပြည်သူ
လူထုက သူတို့ကိုယ်စား ဆောင်ရွက်ဖို့ ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ပြီး လွှတ်တော်ထဲမှာ
ဆောင်ရွက်စေတဲ့ ‘ကိုယ်စားပြု ဒီမိုကရေစီ’ (Representative democracy) စနစ်ကိုကျင့်သုံးနေကြ
တာ ဖြစ်ပါတယ်။ ရှေးခေတ် ရောမခေတ်ကလို ပြည်သူတွေအားလုံး ပါဝင်ဆုံးဖြတ်တဲ့ ‘တိုက်ရိုက်ဒီမို
ကရေစီ’ (Direct Democracy) မဟုတ်ပါဘူး။
မြန်မာတွေ ဘယ်လောက်နိုင်ငံကြီးသားပီသပြီး နိုင်ငံရေးတာဝန်ကျေသလဲဆိုလာ သိချင်ရင်
ရွေးကောက်ပွဲကျင်းပချိန်တွေကိုပြန်ကြည့်လိုက်ပါ။ ဖဆပလခေတ်ကနေ ယနေ့ရွေးကောက်ပွဲ
အားလုံးတွေမှာ လာရောက်မဲပေးသူ ရာခိုင်နှုန်း ၈၀ ကျော်၊ ၉၀ ကျော်ရှိခဲ့တာချည်းပဲ။
ဒီအချက်တွေက မြန်မာပြည်သူတွေဟာ ဘယ်လောက် တာဝန်ကျေတယ်၊ ဘယ်လောက်နိုင်ငံ
ရေးအသိ ရှိတယ်ဆိုတာကို ပြဆိုတဲ့ ညွန်းကိန်းတွေပဲမဟုတ်ဘူးလား။ နိုင်ငံရေးသမားတွေ၊ ဟောကြ
၊ ပြောကြသူတွေနဲ့ဒီမိုကရေစီ ဖတ်စာအုပ်ရေးကြသူအားလုံး ပြည်သူလူထုကို အထင်သေး၊ အမြင်
သေးတဲ့စကားမျိုးတွေ မပြောစေချင်ဘူး။
နိုင်ငံတော် သမ္မတ အပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေ အားလုံး လိုလိုက သူတို့အားလုံးဟာ
ပြည်သူလူထုက ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်တာကြောင့်
ပြည်သူလူထု ဆန္ဒကိုအမြဲတမ်းလေးစားလိုက်နာရပါမယ်။ ပြည်သူ့အတွက် လုပ်ဆောင်သူတွေကို
ပြည်သူက အမြဲ ထောက်ခံအားပေးမှာဖြစ်တယ်။ ပြည်သူ့ဆန္ဒ သဘောထားကို ဂရုမစိုက်ရုံမက ပြည်
သူကို နှိမ့်ချစော်ကားတဲ့ အပြုအမူမျိုး၊ လုပ်ရပ်မျိုး လုပ်ဆောင်လာရင်တော့ ပြည်သူက ဒဏ်ခတ်
တာခံရပြီး မြောင်းထဲရောက်သွားမှာ သေချာတယ်လို့သတိပေး ပြောလိုက်ချင်ပါတယ် . . .
Ref; လူထုစိန်ဝင်း
7 comments :
အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ
“လှိုင်သာယာမှာဆိုက်ကားနင်းနေတဲ့ကောင်လည်း ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်နေတဲ့ကစားသမားတွေကို သောက်သုံးမကျဘူးလို့ ပြောလို့ရပါတယ်
ဦးသာအောင် ။ ။ လူထုက အကျပ်အတည်းတွေ ဖြစ်နေတယ်လေ။ ဒီအကျပ်အတည်းက လွတ်အောင် ဘယ်သူ များ လုပ်ပေးနိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့၊ အကောင်းဆုံးအနေအထားအဖြစ် လူထုရဲ့ စိတ်ထဲမှာ မြင်တာက NLD ကပဲ သူတို့ရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မယ်၊ နောင်အနာဂတ်မှာ လည်း သူတို့ရဲ့ စားဝတ်နေရေး အဆင် ပြေအောင် လုပ်ပေးနိုင်မယ်၊ စသည်ဖြင့် အဲဒီလို ယူဆကြ တာကြောင့် လူထုက NLD ကို မဲထည့်ပေးလိုက်ကြ တယ်လို့၊ ကျနော်က ယူဆပါတယ်။
(အပြောင်းအလဲလိုချင်ရင် ကိုယ်တိုင်လုပ်..Mother of Democracy Daw Su)
ဘယ်သူက ကျမကို နိုင်ငံရေးမလုပ်တက်ဘူးလို့ပြောတာလဲ။ လုပ်လာတာအံတိုနေပြီ။
- ဦးနေ၀င်းနဲ့လဲကျမနိုင်ငံရေးကျားထိုးဘူးတယ်။
- ဗိုလ်စောမောင်နဲ့လဲကျမကျားထိုးဘူးတယ်။
- ခင်ညွန့်နှင့်လဲကျားထိုးဘူးတယ်။
- ဗိုလ်သန်းရွှေနဲ့လဲကျားထိုးဘူးတယ်။
- ပွဲအားလုံးကျမရုံးပါတယ်။
သူတို့ကစွယ်စုံရကွက်ကျော်မြင်တယ်ရှင့်။
ကျမကစကားပြောကြမယ်ကလွဲရင် တခြားဘာမှမလုပ်တက်လို့နှစ်တွေကြာသွားတာပါ။
- ဘေးက၀င်မပြောနဲ့လေ။
- ရှင်ကရောဘာလုပ်လို့လဲ။ ( လူထုကတာဝန်ကျေစွာတခဲနက်မဲပေးပြီးပြီ။ )
- ကျမတစ်ယောက်ထဲလုပ်လို့မရဘူးရှင့်။ ( ဘာလုပ်ရမလဲဆိုတာအမိန့်ပေးပါ။)
- နိုင်ချင်ရင်ကိုယ်တိုင်ဝင်ထိုးပါ့လား။ ( အပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်။)
- ပြောရတာလဲမောပြီ။ ဒီညနေဦးသန်းစိန်နဲ့ ကျားထိုးဖို့ချိန်းထားလို့သွားလိမ့်အုံးမယ်။
- ဒီတစ်ခါကျမနိနုင်မယ်လို့ လုံးဝအာမခံတယ်။ (ကျမတို့နိုင်ငံအပြောင်းအလဲကို ဦးတည်နေပြီ။
အန်တီလုပ်တာ အန်တီတာဝန်ယူတယ်။ အန်တီမှားရင်အန်တီခံမယ်။)
( စစ်တပ်က ဒီမိုကရေစီပေးလိမ့်မယ်။ မပေးရင်ငါ့ကိုယ်ငါ ရေနံဆီလောင်းပြီးမီးရှို့ပြမယ်။ ဦးအောင်ကြီး
- ၁၉၈၈ )
လူထုမှတ်ချက်။ ။ ရှုံးပြီးပြန်လာရင် ကျမတစ်ယောက်တည်းလုပ်လို့မရဘူး။ အားလုံးဝိုင်းလုပ်ရမယ်။
အပြောင်းအလဲလိုချင်ရင် ကိုယ်တိုင်လုပ်လို့ပြောအုံးမှာပဲ။
ဒေါ်စုမွေးနေ့မှာ (၆၆) မွေးနေ့လက်ဆောင်အဖြစ် ကျွန်တော် မေးခွန်းမေးဘူးပါတယ်။ စစ်အာဏာရှင် စနစ်ပပျောက်ပြီး ဒီမိုကရေစီနိုင်ငံတော် ဖြစ်အောင် ဒေါ်စုနဲ့ အင်အယ်ဒီလုပ်ရင် ဘယ်လောက်ကြာမှာလည်း နစ်အပိုင်းအခြားနဲ့ဖြေပေးပါလို့။
ဒေါ်စုက သူရဲ့ ၆၆ မွေးနေ့မှာ ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ ဆုတောင်းပါတယ်။ ဒေါ်စုမွေးနေ့ ပွဲ သတင်းကို နိုင်ငံခြားသတင်းဌာန တခုက ပြတဲ့အခါ။ ကျွန်တော်မေးတဲ့ မေးခွန်းမျိုးကိုဘဲ ဒေါ်စုကို သတင်းထောက်ကမေးပါတယ်။ ဒီလိုဒေါ်စုက ဖြေပါတယ်။ မြန်မာနိုင်ငံသား ကမေးရင်တော့ မိမိဘာလုပ်နေတယ်ဆိုတာကို မိမိကြည့်ပါ။ မိမိကိုယ်တိုင်က ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှမဖြစ်လာနိုင်ပါဘူး လို့ အဓိပ္ပါယ်ရတဲ့ အဖြေမျိုးဖြေပြီး။ စနစ်တခုကနေ တခုကို ပြောင်းဘို့ဆိုတာ အကြာကြိးကြာနိုင်ကြောင်း ဒီတော့ အနှစ် ၂၀ ဆိုတာ အဲဒီပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့နိုင်းစာရင် ဘာမှကြာသေးတာမဟုတ်ကြောင်းပြောပါတယ်။
This is the intervew with Daw Su during 8888
မေး ။ ။ လက်ရှိ အစိုးရဖယ်ပေးပြီး ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ ပေးဖို့ လူထုအုံကြွမှုကြီးက တောင်းဆိုနေပါတယ်။ သမ္မတ ဒေါက်တာမောင်မောင်က ဖယ်မပေးဘူးလို့ ပြောပါတယ်။ အဲဒီကိစ္စကို ဘယ်လိုလုပ်မလဲ။
ဖြေ ။ ။ ဖယ်မပေးရင် ဖယ်ပေးအောင် ပြည်သူလူထုက လုပ်ရမှာပေါ့။ ပြည်သူလူထုမှာအင်အားရှိနေပြီပဲ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒကိုပြောနေတာပဲ။ ကျနော်မေးတာက စစ်တပ်က အာဏာသိမ်းရင် တိုင်းပြည်ဘာဖြစ်မယ်ထင်သလဲ။ ပြည်တွင်းစစ်ဖြစ်သွားမယ်ထင်သလား။ သွေးချောင်းစီးသွားမယ်ထင်သလား။
ဖြေ ။ ။ သိမ်းတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုပုံမျိုးနဲ့ စစ်တပ်က အာဏာသိမ်းမှာလဲ။ လူထုဆန္ဒကို လိုက်လျောချင်လို့ သိမ်းမှာလား။ ဒါဆိုရင် ပြဿနာမဟုတ်ဘူး။ လူထု ဆန္ဒကို အတိုက်အခံ လုပ်ဖို့ သိမ်းမယ်ဆိုရင်တော့ သိပ်ကို ပြဿနာတက်သွားမယ်ထင်တယ်။ ဆရာကောမထင်ဘူးလား။
Amay Su,Daw Su,Aunty Su,Mother of Democracy Daw Su....Idiot Daw Su
ဒီဟာတွေကတော့ အခြေအနေပေါ်မှာ တည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ်းလှမ်းတယ်ဆိုတာကလည်း လူတွေက သူတို့ဟာသူတို့ ထင်ကြေးနဲ့ပြောတာပေါ့နော်။ အခုချိန်မှာဆိုလို့ရှိရင် အစ်မတို့က တယောက်နဲ့ တယောက် စပြီးတော့ စကားပြောတယ်။ တကယ့်ကို ထိထိ ရောက်ရောက် စကားပြောတဲ့အဆင့်ကို စနိုင်ပြီဆိုတာ ဒါကိုပဲ တိုးတက်မှုတခုလို့ အစ်မတော့ ယုံပါတယ်။ အဲဒီတော့ ဒီအချိန်မှာတော့ အသေးစိတ် ဘာတွေ ဘာတွေ ဆွေးနွေးနေလဲဆိုတာကို မပြောတာဟာ သိပ်ပြီးတော့ သိမ်မွေ့နေတဲ့အချိန်မှာ ဒီလို ထုတ်ဖော်ပြောလိုက်ခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ခရီးကို ချောချောမောမော မရောက်မှာစိုးလို့ မပြောတာပါ။ ဒါပေမဲ့ နိုင်ငံအပေါ်မှာ အမတို့မှာ တာဝန်ရှိတယ်။ တချိန်တခါမှာတော့ ပြည်သူကို အသိပေးရမယ်ဆိုတာ သိပါတယ်။ အသိပေးတဲ့အခါ အသိပေးစရာရှိတဲ့အခါကျ အသိပေးမှာပါ။ အသိပေးစရာ မရှိသေးတဲ့ အချိန်မှာ အသိပေးလိုက်ခြင်းအားဖြင့် နောက်တခါ ဘာမှ အသိပေးစရာ မဖြစ်လာမှာလည်း စိုးရိမ်ရတယ်လေ”
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၄၊ ၂၀၀၁၊ ၂၀၀၄ ခုနှစ်တို့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်အပါအဝင် စစ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်ကို အားလုံးသတိရ ကြပါလိမ့်မည်။ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD အဖွဲ့ဝင်များ ထမင်းလက်ဆုံစားသည်အထိ
၂၀၀၄ ခုနှစ်တွင် တတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာရြ
Daw Su...keep on cheating to people.
မမှန်တာဘာပါလို့ လဲ မိုးသီး
.. မစားရတဲ့ အသဲ သဲနဲ့ လှမ်းပက်မနေပါနဲ့ ...
မင်းလို မြန်မာပြည်ကြီး ကို ကယ်တင်ဖို့  ပြန်လာပြီလို့  ဘယ် ဦးနှောက်ရှိတဲ့ ခေါင်းဆောင်ကမှ မပြောသေးဘူးနော်...
တကယ် တော့ ဗမာ့ဒီမိုကရေစီရဲ့ အစစ်အမှန် ဖခင်ကြီးဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတာ ဦးဠေးဦးရဲ့ ကျေးဇူးကြောင့်သိရပါပြီ။ ဒီတော့ ဒီမိုကရေစီရဲ့ မိခင်ကြီးဆိုတာကတော့ အတုပေါ့ဗျာ။
ဒါတကယ်ဖြစ်နိုင်တယ် ဆိုတာ သံသယရှိစရာ မလိုပါဘူး ဘာကြောင့်လဲဆိုတော့ ဦးဌေးဦးက တရားဝင်ပြောတာကိုး။
အားလုံး အမြင်မှန်ရကြပါစေ
မောင်ဂဏန်း
အပြောင်းအလဲတော့မြင်နေပြီ။ ဒေါ်စုက 40% ရလဲရသလောက်ယူမှာပဲ။ ကျန်တဲ့ 60%ကသူတို့လုံခြုံမှု့အတွက်ထွက်ပေါက်ပေးရမယ်။ ဒါတောင်အဖိုးကြီးပေးလို့ရတာ။ မပေးရင်ဒေါ်စုဘာမှမလုပ်တက်တော့ဘူး။ ရှေ့ဆက်ပြီင်္းသေသည့်တိုင်အောင်စကားပြောပါရစေလို့ဆက်အော်နေအုံးမှာပဲ။ ဘာမှမလုပ်တက်တော့လို့သူပြောတဲ့စကားကိုသာကြည့်တော့။
အပြောင်းလဲလိုချင်ရင်ကိုယ်တိုင်လုပ်။
ကျွန်မတစ်ယောက်တည်းလုပ်လို့မရဘူး။
ရှင်ကတော့ဘာလုပ်လို့လဲ။
အခုဒီကိတ်စကိုသူတစ်ယောက်တည်းလုပ်လိမ့်မယ်။ပါတီတွင်းမှာမဲခွဲဆုံးဖြတ်မှာမဟုတ်ဘူး။သူလဲအာဏာရှင်ပဲ။
ပြည်သူလူထုကတာဝန်ကျေစွာတခဲနက် 1990 မှာမဲပေးခဲ့ပြီးပြီအနိုင်ရခဲံလို့အာဏာလွဲမပေးရင်ဘာလုပ်မယ်ဆိုတဲ့ plan ဘာတစ်ခုမှမရှိဘူး၊ ပြီးတော့အပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်ရမယ်ဆိုပြီးလူထုကိုတာဝန်မဲ့ခေါင်းဆောင်မပီသတဲ့စကား ပြောသေးတယ်။
ပြည်သူတွေက ကိုယ့်တာဝန် ကိုယ်ကျေအောင် မဆောင်ရွက်နိုင်ကြသေးလို့၊ ပြည်သူတွေက ကိုယ်လိုချင်တဲ့ ဒီမိုကရေစီ ကိုရအောင် မတောင်းဆို ရဲသေးလို့ မတိုက်ရဲကြသေးလို့၊ ပြည်သူတွေက ဒီမိုကရေစီရဲ့ တန်ဖိုးကို နားမလည် ကြသေးလို့ အလှမ်းဝေး နေကြလို့ စသည်ဖြင့် ပြည်သူ့ အပေါ်ကို ပုံချပြော ဆိုချင်တဲ့ လေသံ လေပေါက်တွေကို ကြားလာ ရပါသည်၊
မြန်မာနိုင်ငံအရေးကို နိုင်ငံရေးမလုပ်တဲ့ မည်သည့်မြန်မာပြည်သားမဆို ဝေဖန်နိုင်တယ် ပြောဆိုနိုင်တယ်။ အင်အယ်ဒီနဲ့ ဒေါ်စုတို့က သူတို့နိုင်ငံရေး ပြည်သူ့အရေးကို လုပ်နေတဲ့သူတွေဖြစ်တယ်လို့ ၀န်ခံထားတော့ သူတို့လုပ်နေတာကို ကောင်းတယ်မကောင်းဘူး သာမန်ပြည်သူတယောက်ကနေဝေဖန်နိုင်တာဘဲ။ (Put this in ur brain.This is call the Democracy)..copy comments
Post a Comment