တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရိုက်ခံရ၍ ပွဲပျက်
ရန်ကုန်၊ ဇန်နဝါရီ ၁၃။ တရားဥပဒေကို စိန်ခေါ်နေမှုများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်၍ ပြည်သူများအား မီဒီယာများမှ တင်ပြနိုင်ရန် ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု မှ စီစဉ်ခဲ့သော်လည်း ပွဲစီစဉ်သူတစ်ဦးဖြစ်သူ ဦးထင်ကျော်အား ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခံ ခဲ့ရသောကြောင့် ဆက်လက်ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ နိုင်ငံအတွင်း တရားဥပဒေချိုးဖောက်မှုများ၊တ ပြုမှုများအား ပြည်သူများသိရှိနားလည်စေရန လေးဦးမှ တော်ဝင်နှင်းဆီခန်းမ ရှေ့တွင် ပွဲစီစဉ်သူ ဦးထင်ကျော်အား ထိုးကြိတ်ကန်ကျောက်၍ ရန်ပြုခဲ့သောကြောင့် တော်ဝင်နှင်းဆီခန်းမမှ တာဝန်ရှိသူများမှ ပွဲအား ဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ကြသောကြောင့် ပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့ရပြီး ရန်ပြုနှောင့်ယှက်ခဲ့သူ ဦးသိန်းနိုင်အား အရေးယူမှုများဆောင်ရွက်နိုင် “တော်ဝင်နှင်းဆီခန်းမရှေ့ရေ ထိုးတယ်၊ အဓိကက ကျွန်တော့်ကို ထိုးခြင်းမထိုးခြင်းထက် ဒီကနေ့ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ခရိုနီတွေက စိန်ခေါ်နေတယ်ဆိုတာ ဒါက သက်သေပဲ။ ဒါဟာ လူထုကိုစော်ကားတာနဲ့ အတူတူပဲ၊ ကျွန်တော်တို့က ကိုယ်ရေးကိုယ်တာကို သတင်းစားရှင်းလင်းပွဲ လုပ်တာမဟုတ်ဘူး၊တိုင်းပြည်န ယခုကဲ့သို့ တရားမဲ့စရိုက်ဆန်စွာဖြင့် ရန်ကုန်မြို့လည်တွင် ဝင်ရောက် ထိုးနှက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေ စိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဖြစ်ကြောင်း ၊ ရန်ကုန်မြို့လည်တွင်ပင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း သည်ဆိုပါက နိုင်ငံနေရာဒေသ အနှံ့အပြားတွင် မည်မျှ မင်းမဲ့စရိုက်ဆန်စွာပြုမူဆေ နိုင်ငံနှင့်အဝှမ်းတွင် တရားဥပဒေချိုးဖောက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း မည်သို့အခက်အခဲများ ရှိစေကာမူ ဆက်လက်ဖော်ထုတ် သွားမည် ဖြစ်ကြောင်းနှင့် ခရိုနီများနှင့် ပတ်သက်၍ မတရားလုပ်မှုများ၊ မသာမာမှုများ၊ တရားဥပဒေပြင်ပ လောင်းကစားမှုများအား ပြည်သူသိရှိစေရန် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ယင်းသို့ ထိုးကြိတ်ခဲ့မှုအပေါ် ဗဟန်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်ဆို ထားကြောင်း သိရသည်။ ဝေယံ |
Sunday, 13 January 2013
တရားဥပဒေ မရှိတဲ့ နိင်ငံ ဖြစ်နေပြီ
at
11:02
Subscribe to:
Post Comments
(
Atom
)
1 comment :
အစိုး ကိုယ်တိုင်က ဥပဒေမဲ့ နေမှတော့ အခုလို ပြည်သူအချို့ ဥပဒေမဲ့တာ မဆန်းပါ
Post a Comment