Saturday, 12 January 2013
အရည်းကြီး တပါးရဲ့  ယပ်လှဲ တရား
အရည်းကြီးတပါး ရဲ့ ယပ်လှဲတရား
၈၈ကို စွန်ဦးတည်ထွင်ခဲ့သူ
ကိုယ်တော်တပါးအနေ နဲ့ 
ဒီမိုကရက်တယောက် ဖြစ်မဲ့အစား
ခရိုနီတယောက်ဖြစ်ခဲ့ရင်တောင်
သနားမဲ့သူရှိသေးရဲ့ 
ငါနှယ် …။
ခရိုပြာဖြစ်သွားတဲ့ဘ၀မှာ
ရှင်အဇ္စဂေါန လို များဖြစ်မလား
သူဆင်းရဲ သားများကိုမဟာဂရုဏာထား၊
ရွှေဖြစ်လမ်းလိုက်မိတဲ့
အဂ္ဂရပ်သမား လူမုန်းများလှရဲ့ ။
ရွှေ ဖြစ် လမ်းလိုက် ကာ
အားလုံးတိုက်ဆောက်နိင်ဖို့ ကြံရွယ်ခဲ့သူ ကလား၊
အရိုးသားဆုံးအရည်း ကြီး ခမြာ
အမှုတရာမကရင်ဆိုင်နေရရှာတယ်။  
ရန်သူကလဲဆဲ
မိတ်ဆွေဆိုသူတွေကလဲဆဲ
အတွေးသိပ်ခေါင်ခေါင်
ခွေးလို ဟောင်လွန်းတဲ့ ခေတ်ပျက်ကြီးထဲမှာ
ဒေါက်ချာကြီးကိုစောင်းပြီးရိပ်ကြီးခိုနေတဲ့
သိက္ခာရှိတဲ့ အရည်ကြီး
ဆိုလို ငါတယောက်သာရှိသပေါ့။  
ဒါတော့ဂုဏ်ယူရမယ်။
 ‘’ မန်းနီးလောင်းထရင်း သည်းခံပါ ‘’ လို့ 
ကျောင်းဝမှာကပ်ထားရင်း၊
ခရိုနီနဲ့ ကင်းကင်းနေတဲ့အကျိုးဆက်က၊
ပန်းဦးဆက်မဲ့သူမရှိ။
သေတပုံး လောက်ကပ်မဲ့သူမရှိ။
ဒါပေသိ အမှု  စုံထောက်တွေတရာမက
သတင်းထောက်တွေတရာမက
ကိုယ်တော်နောက် ကိုလိုက်နေကြသပေါ့။
လမ်းဘေးသေးပန်းနေတဲ့ကောင်ကို တောင် မဝေဖန်ရဲ၊
မြစ်ထဲချေးယိုထဲကောင်ကို တရားမပြရဲ တဲ့သူတွေက
 နိဗန်ကိုတရက်ခရီး နဲ့ အရောက်ပို့ ပေးမယ်ဆိုပဲ။
ဖြီးစားနေတဲ့ကိုယ်တော်များ၊
ကိုးကွယ်သူများရဲ့ ။
ဒကာမတွေစကပ်တိုတာကို
ငါက ဖက်ရှင်လို့ မြင်နေချိန်မှာ၊
တဏှာလို့ အများဆုံးဟောတဲ့ကိုယ်တော် တွေ
အွန်လိုင်းပေါ်မှာ တချိန်လုံး ချက်ရိုက်
အော်ဒါကြောင့်လဲ 
လူပညာရှိတွေ ပြောနေကြ တယ်၊
လောကကြီးမှာ သူတို့ နဲ့ထိုက်တန်တဲ့ အရည်ကြီးကိုရသတဲ့။
ဝရုမ်းသုံးကားဖြစ်နေတဲ့
ဟော့ဒီ ဒွန်နယာကြီးထဲမှာ
အားလုံးဟာလူကောင်းတွေဖြစ်ကုန်ကြရဲ့ ။
အိမ်ထဲမှာရောက်နေတဲ့
ဆင်ရိုင်းကို
ဟေ့ကောင်ထွက်သွားလို့  တန်ခိုးပြရဲတဲ့
ငါလိုအရည်းကြီးစစ်က
ရှားပါးလှရဲ့ ။
မော်ဒယ်ဂဲကများများ
ကောက်စိုက်သမရှားလှတဲ့ခေတ်ကြီးမှာ
ရေငုတ်မီးလှုံ
တုံးခုံဇယ်ခတ်
ယပ်လှဲတရားနာရခဲ ပါဘိတကာ တို့ ။ 
ငချစ်သင် ( ပုဂံ) 
2 comments :
Anonymous said...
ဒီကဗျာကအရည်းကြီးကိုမိုးသီးအတွက်လား
this is really brilliant
KMT, you are such a great warrior who is always stood on ritght side with great character.
Anonymous said...
တစ်ခါတစ်ခါ လောကကြီးက ဒီလို ဖြစ်တတ်ပါတယ်..
ကြံ့ ကြံ့ ခံပါ ... တရားကို နတ်မစောင့်ခဲ့တော့ရင်တောင် ကိုယ့်အမှန်တရား ကိုယ်သာလျှင်သိပါတယ်... လိပ်ပြာသန့် တယ် ဆိုတဲ့အသိကသာလျှင် ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်ရာပါ....