-WFWW-
ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 27 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။
ဒီအပတ် အစီအစဉ် မှာ မြန်မာနိုင်ငံ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နှင့် လုပ်ငန်းခွင် နယ်ပယ် အသီးသီးမှာ ရေပန်းစား လူပြောများနေတဲ့ တာဝန်ယူမှု ( Responsibility)၊ တာဝန်ခံမှု (Accountability) နှင့် ပွင့်လင်းမြင်သာမှု၊ ထင်သာမြင်သာရှိမှု (Transparency) အကြောင်း တွေကို အပိုင်းလိုက် သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။
အပိုင်း (၄) မှာ တော့ မြန်မာ့နိုင်ငံရေး အတွင်း အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှု မရှိ၊ ပွင့်လင်းမြင်သာမှု မရှိပဲ ၊ စီးပွားဖွံ့ဖြိုး တိုးတက်မှု ရှိလာမှာ မဟုတ်ဘူးဆိုတာ ဆွေးနွေးသူတွေ က ထောက်ပြခဲ့ကြတယ်။
လက်ရှိ စစ်တပ် ခေါင်းဆောင်များ ဟာ လွှတ်တော်အတွင်းမှာရှိနေတယ်၊ အစိုးရ အဖွဲ့အတွင်းမှာရှိနေတယ်၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ တိုင်းပြည် ရဲ့ စီးပွားရေး စီမံကိန်းတွေ မှာ အဓိက တာဝန်ရှိသူတွေ အဖြစ် ပါဝင်ပက်သက်နေတယ်။ ဒါဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်း ကို ဦးတည်သွားနေသလား ဆိုတာ မေးခွန်းထုတ်ထား တယ်။
No comments :
Post a Comment