အူနုကျွဲခတ်ခံရသည့် လယ်သမားများ
by Yanantthit on Monday, January 7, 2013 at 8:53pm
'ရည်းစားလူလု အူနုကျွဲခတ်' ဟူသော စကားကို လူအများ ကြားဖူးကြသည်။
အလွန်အခံရခက်လှသည်ကို တင်စားပြောဆိုကြခြင်း ဖြစ်သည်။ မိမိ၏ ရည်းစားကို
အဓမ္မလုယူပေါင်းသင်းနေသည်ကို မမြင်ကွယ်ရာဖြစ်ပါက မေမေ့ပျောက်ပျောက်ဖြင့်
စိတ်ကို တင်းထားနိုင်သော်လည်း နေ့စဉ် မိမိ၏ မြင်ကွင်းထဲတွင်
တွေ့နေရပါလျှင် ပို၍ ခံစားရမည်ပင်ဖြစ်သည်။ ပိုဆိုးသည်မှာ
လူယူအနိုင်ကျင့်သူက အင်အားကြီးသူ၊ အနိုင်အထက်ပြုနိုင်သူများ ဖြစ်ကြသည်။
ဤဖြစ်ရပ်မျိုးကိုသာ ကိုယ်တိုင်ခံစားရပါက အဘယ်မျှ ပြင်းထန်မည်ကို
တွေးကြည့်ရုံဖြင့် သိနိုင်သည်။ ယခုကိစ္စက ထို့ထက်ပင် ဆိုးသေးသည်ဟုဆိုရမည်။
ရည်းစားကို လုယူပေါင်းသင်းရုံသာမက လူပွဲစားထံ ထပ်မံ ရောင်းချနေကြပြန်ပြီ။
ဘယ်လောက်များ ရက်စက်ယုတ်မာလှသည်ကို စာနာစိတ်ဖြင့် တွေးကြည့်နိုင်သည်။
ဘိုးစဉ်ဘောင်ဆက် ပြုစုပျိုးထောင်ခဲ့ကြရပြီး ချစ်ခင်တွယ်တာခဲ့ရသည့် လယ်
ယာမြေများကို ငွေရှင်ကြေးရှင်များက အာဏာပိုင်များနှင့်ပူးပေါင်းပြီ
း အဓမ္မ
အနိုင် ကျင့် သိမ်းယူသွားခဲ့ကြသည်။ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့သော
မြေယာပေါ်တွင် မြေယာကိုအမှီပြု အသက်မွေးခဲ့ကြရသူများ၏ နစ်နာမှုကို
အသိအမှတ်ပြုခြင်းမရှိဘဲသိမ်းယူ သွားခဲ့ကြခြင်းဖြစ်သည်။ လက်ရှိမြေယာကို
သိမ်းယူပိုင်ဆိုင် သူများက မြေတစ်ဧကလျှင် ကျပ်သိန်းထောင်ဂဏန်းဖြင့်
ရောင်းချပြီး အကျိုးအမြတ်ရရှိနေကြသည်။ ထိုဖြစ်ရပ်သည် တောင်သူလယ်
သမားများအတွက် အူနုကျွဲခတ်ခံရခြင်းနှင့် ခြားနားမည်မဟုတ်ပေ။
ဤသို့သော ဖြစ်ရပ်မျိုးကို ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်
(ယခင်အင်းစိန်မြို့နယ်)အတွင်း အမြောက်အမြားပေါ်ပေါက် ခဲ့သည်။
ရွှေပြည်သာမြို့နယ်အတွင်း လယ်ယာမြေသိမ်းယူမှုများသည် အာဏာပိုင်အဖွဲ့အစည်း
အဆင့်ဆင့်နှင့် ငွေရှင်ကြေးရှင်များ၊ အခွင့် ထူးခံများ ပူးပေါင်းပြီး
လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့ကြသဖြင့် ပီပီ ပြင်ပြင် အောင်အောင်မြင်မြင်
ရှိလှသည်။ အားကြီးသူတို့၏ ပေါင်း စည်းညီညွတ်မှုသည်
အားနည်းသူတောင်သူလယ်သမားများအတွ က် ကယ်သူဝေးခဲ့ကြရသည်။
ရိတ်သိမ်းလုဆဲဆဲ စပါးခင်းများကို ရက်ပိုင်းလေးမျှပင် မစောင့်
ဆိုင်းပေးနိုင်ကြ။ အလွန်အရေးကြီးသော စီမံကိန်းကြီးများဟုြွေကး ကြော်၍
မြေထိုးစက်ကြီးများဖြင့် ဖျက်ဆီးခဲ့ကြသည်။ ယခုချိန်ထိ ၁၅ နှစ်ကာလသာ
ကြာခဲ့သည်၊ ထင်ထင်ရှားရှား စီမံကိန်းများကား ပေါ်လာခြင်းမရှိ။
မြေလွတ်မြေလပ်များအဖြစ်သာ ရှိနေခဲ့ကြသည်။ ထိုအချိန်ကတော့
အခွင့်ထူးခံများ၊ ငွေရှင်ကြေးရှင်ကြီးများ၏ ရှေ့တွင်
အာဏာပိုင်အဆင့်ဆင့်တို့က မားမားမတ်မတ် ရပ်ခဲ့ကြသည်။ မြေ သိမ်းခံ
လယ်သမားများအနေဖြင့် စိုက်ပျိုးထားသော သီးနှံများကို လည်း ဖျက်ဆီးခံကြရ၊
မိမိပိုင် လယ်ယာမြေကိုလည်း ထာဝရ သိမ်း ဆည်းခံလိုက်ရပြီ။ မိမိဘဝအတွက်
အသက်ရှင်လျက် ကျန်နေသေး သည့် ကာလကို လက်မဲ့ယာမဲ့ဘဝဖြင့် ကြုံရာကျပန်း
လုပ်ကိုင်စား သောက်ကြရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် (ယခင် အင်းစိန်မြို့ နယ်)
အတွင်း မြေယာသိမ်းယူမှုပုံစံကလည်း အမျိုးအစားစုံလင်လှ သည်။ ၎င်းတို့မှာ
၁။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုက်ရိုက်သိမ်းယူခြင်း။
၂။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှ င့် ပုဂ္ဂလိက ကုမ္ပဏီများ
ပူးပေါင်းပြီး မြို့ပြအိမ်ရာ စီမံကိန်းများ သို့မဟုတ် စက်မှုဇုန်
စီမံကိန်းများ ထူထောင်ရန် သိမ်းယူခြင်း။
၃။ တပ်မတော်အဖွဲ့အစည်းများမှ သိမ်းယူခြင်း။
၎။ ရဲတပ်ဖွဲ့များမှ သိမ်းယူခြင်း။
၅။ ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်တို့မှ သိမ်းယူခြင်း။
၆။ အခြား အဖွဲ့အစည်းများမှ သိမ်းယူခြင်း ဟူ၍ တွေ့ရပါသည်။
မြေယာသိမ်းယူမှုပုံစံ စုံလင်လှသဖြင့် ရွှေပြည်သာမြို့နယ်၏ မြေယာပြဿနာကို
လေ့လာခြင်းဖြင့် မြန်မာနိုင်ငံ တစ်နံတစ်လျား တွင် ဖြစ်ပေါ်နေသော
မြေယာပြဿနာများကိုပင် ကိုယ်စားပြုနိုင် မည်ဟု
ထင်မြင်ယူဆနိုင်စရာရှိပါသည်။
၁။ မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာ နမှ တိုက်ရိုက်သိမ်းယူခြင်း
ရန်ကုန်မြို့၏ အချက်အချာကြသော မြို့နယ်များတွင် နေထိုင် ကြသော
အိုးအိမ်များ၊ မီးဘေးသင့်ရပ်ကွက်များ၊ ကျူးကျော်များကို
ဖယ်ရှားရှင်းလင်းပြီး မြောက်မြားလှစွာသော အိမ်ထောင်စုများကို
အင်းစိန်မြို့နယ် အစွန်အဖျားကို ရွှေပြည်သာမြို့ဟု သတ်မှတ်ပြီး
သောက်သုံးရေမရှိ၊ လျှပ်စစ်မီးမရှိ၊ လမ်းမရှိ၊ ရွှံ့တော ဗွက်တောထဲ သို့
ပို့ပေးခဲ့ကြသည်။ လိုအပ်သော မြေယာအတွက် လယ်သမားများ ထံမှ
သိမ်းယူခြင်းဖြစ်သည်။ လယ်သမားများ၏ နစ်နာမှုအဝဝကို လျစ်လျူရှုကြလျက်
အဓမ္မသိမ်းယူခဲ့ကြခြင်းဖြစ်သည်။
ဤတွင် စိတ်ဝင်စားဖွယ်အကြောင်းတစ်ရပ် ရှိသည်။ ရွှေ့ပြောင်း နေထိုင်မည့်
အိမ်ထောင်စုများကို ချထားပေးမည့် မြေကွက်အရေ အတွက်ထက်
တိုးချဲ့ဖော်ထုတ်ထားပြီး အာဏာပိုင်အဆင့်ဆင့်တို့က ခွဲဝေယူခဲ့ကြသည်။
လူနေရပ်ကွက်များ စည်ပင်တိုးတက်လာမည့် အချိန်တွင် ဈေးကောင်းရနိုင်သည်။
အလားအလာရှိသော နေရာများ ကို ပြောင်းရွှေ့လာသူများကို ခွဲဝေပေးခြင်းမရှိဘဲ
အများပိုင်အဆောက် အအုံများအတွက် မြေနေရာများ၊ ပန်းခြံများ ဆောက်လုပ်ရန်
မြေ နေရာများဟုြွေကးကြော်ခဲ့ကြသည်။ အမှန်က ထိုမြေကွက်များသည်
အာဏာပိုင်တို့၏ မြေကွက်များသာ ဖြစ်ကြသည်။ ဈေးကောင်းရချိန် တွင်
တစ်ဆင့်ပြန်လည်ရောင်းချပြီး အကျိုးအမြတ် ရယူနိုင်ခဲ့ကြ သည်။ ၎င်းတို့၏
ကြီးပွားချမ်းသာရေးကို ဆောင်ရွက်ရာတွင် အမြော် အမြင်ကြီးသူများ
ဖြစ်ကြပြီး အလွန်တော်ကြသူများ ဖြစ်ကြောင်း
ချီးကျူးထောပနာပြုထိုက်သူများ ပင် ဖြစ်သည်။
ဖယ်ရှားရှင်းလင်းပြီးသော ရန်ကုန်မြို့တွင်းနေရာများကို အိုးအိမ်
ဦးစီးဌာနနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ ပူးပေါင်းပြီး မြေယာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်ခဲ့ကြသည်။ ဆောင်
ရွက်ခွင့်ရသူများအနေဖြင့် ကောင်းကျိုးချမ်းသာ တိုးတက်ရရှိခဲ့ကြ သည်။
ကြီးပွားတိုးတက်သည့်နည်းလမ်းကို သိရှိစွမ်းဆောင်နိုင်ခဲ့ကြ ခြင်းဖြစ်သည်။
၂။ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် ပုဂ္ဂလိက
ကုမ္ပဏီများပူးပေါင်းပြီး မြို့ပြအိမ်ရာစီမံကိန်းများ (သို့မဟုတ်)
စက်မှုဇုန်စီမံကိန်းများ ထူထောင်ရန်သိမ်းယူခြင်း
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာ နသည် ပုဂ္ဂလိက ကုမ္ပဏီများ နှင့်
ပူးပေါင်းပြီး မြို့ပြအိမ်ရာစီမံကိန်းများ ထူထောင်ရန်နှင့် စက်မှု
ဇုန်စီမံကိန်းများ ထူထောင်ရန် လယ်ယာမြေများကို သိမ်းယူခဲ့ကြ သည်။
ပုဂ္ဂလိက ကုမ္ပဏီများမှ လယ်ယာမြေများကို သိမ်းယူချိန်တွင်
အာဏာပိုင်အဆင့်ဆင့်တို့က ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြသဖြင့်
မြေပိုင်ရှင်တောင်သူလယ်သမားများ အနေဖြင့် တုတ်တုတ်မျှပင် မလှုပ် ရဲရှာကြပေ။
ထိုအချိန်က ''မြေယာမှန်သမျှကို နိုင်ငံတော်က ပိုင်သည်'' ဟူသော
ဆိုရှယ်လစ်အတွေးအခေါ်ကြီးက စွဲနေခဲ့ကြသည်။ ဘိုးဘွား စဉ်ဆက်
ပြုစုစောင့်ရှောက်၍ ချစ်ခင်တွယ်တာခဲ့ကြသော မြေယာ များကို အာဏာပါးကွက်သားက
လူယူသွားကြသည်ကို ကြည့်ပြီး အားမတန်၍ မာန်လျှော့ခဲ့ကြရသည်။
ထိုအချိန်က နိုင်ငံပိုင်မီဒီယာများကလည်း ထိုသို့သော ပုဂ္ဂလိက
ကုမ္ပဏီများလို မြို့ပြမြေယာဖွံ့ဖြိုးရေးဆောင် ရွက်သူများ (Developers)
များဟူ၍ တကြော်ကြော် ညာသံပေး၍ အော်ဟစ်ချီးမြှောက် ခဲ့ကြသည်။
ယခုအချိန်မှာတော့ ၎င်းတို့ကို Developer ဟူ၍ ခေါ်ဆိုရန် မသင့်လျော်လှပေ။
၎င်းတို့ ဆောင်ရွက်နေကြသည်မှာ မြေဈေးကစားသူများ (Speculators) များအဖြစ်သာ
ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမြေယာများကို
ကုမ္ပဏီများ အနေဖြင့် ရယူပိုင်ဆိုင်စဉ်က
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနသို့ ပေးသွင်းခဲ့ရသည့်
တန်ဖိုးထက် အဆရာချီပြီး ဈေးနှုန်းမြှင့်တင်နိုင်ခဲ့ ကြသည်။
မူလရည်မှန်းချက်ထားရှိသည့် စက်ရုံအလုပ်ရုံများလည်း အပြည့်အဝပေါ်မလာ၊
မြို့ပြအိမ်ရာစီမံကိန်း မြေကွက်များကလည်း အိမ်ရာဆောက်လုပ်ခြင်း
မရှိသေးသည့်တိုင်အောင် မြေဈေးနှုန်း က အဆမတန်မြင့်တက်သွားခဲ့ကြပြီ။ ယခုအခါ
မြေဈေးနှုန်းကြီးမြင့် မှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ
တုံ့ဆိုင်းနေသည်ဟု ယူဆကြသူ များအနေဖြင့် မြေဈေးနှုန်းကြီးမြင့်အောင်
မည်သူတို့ လုပ်ဆောင်နေ ကြသည်ကို လေ့လာသင့်သည်။
၃။ တပ်မတော်အဖွဲ့အစည်းများမှ သိမ်းယူခြင်း
တပ်မတော်တပ်ရင်းတပ်ဖွဲ့များ တည်ဆောက်ရန်နှင့် တပ်မ
တော်တပ်ရင်းတပ်ဖွဲ့များအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်
သိမ်းယူခဲ့ကြသည့် မြေယာများကိုလည်း တွေ့ရသည်။ ထိုသို့ ဆောင် ရွက်ရာတွင်
ထိုကာလအတွင်း တစ်ဧကပေါက်ဈေးနှုန်းအတိုင်း ပေး ချေ၍
ဝယ်ယူခဲ့ခြင်းများရှိသကဲ့သို့ ထိုကာလ၏ တန်ဖိုးတစ်စိတ်တစ် ဒေသကိုပေး၍
သိမ်းယူခြင်းနှင့် လုံးဝနစ်နာကြေးမပေးဘဲ သိမ်းယူ ခြင်းများကိုလည်း
တွေ့ရသည်။ ထိုစဉ်က တပ်ရင်းတပ်ဖွဲ့ အမည်ဖြင့် ပိုင်ဆိုင်သွားသော
မြေယာများကို နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင် အသွင်သို့
ပြောင်းလဲသွားခြင်းမျိုးလည်း တွေ့ရသည်။
၎။ ရဲတပ်ဖွဲ့များမှ သိမ်းယူခြင်း
ရွှေပြည်သာမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၏ လုံခြုံမှု
ထိန်းသိမ်းရေးတပ်ရင်းများ တည်ဆောက်ရန်အတွက် မြေယာသိမ်း
ဆည်းမှုများရှိခဲ့သည်။ သိမ်းယူခဲ့သည့်မြေ၏ တခိျု့သော အစိတ် အပိုင်းများကို
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နစ်နာခဲ့ကြသည့် လယ်သမားများအတွက်
ပြီးခဲ့သည့်နှစ်တွင် လျော်ကြေးငွေတစ်ဝက် သာလျှင် ကျပ် ၁၃ သိန်းကျော်နှုန်း
သတ်မှတ်ပြီး ပေးလျော်ခဲ့သည်များ ကိုလည်း တွေ့ရသည်။ သို့သော်
နစ်နာသူများအားလုံးကို ပေးလျော် ခြင်းကား မဟုတ်ခဲ့ပေ။
၅။ ဒေသဆိုင်ရာ အာဏာပိုင်များအဆင့်ဆင့်မှ သိမ်းယူခြင်း
ထိုသိမ်းယူမှုသည် လုပ်ပိုင်ခွင့်နှင့် အာဏာကို အသုံးချပြီး သိမ်း
ယူခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်က တောင်သူလယ်သမားများအနေ ဖြင့်
အဆင့်ဆင့်သော အာဏာရှိသူများကို ပြန်ပြောဝံ့သူမရှိသကဲ့ သို့
ပြန်လည်ပြောဆိုမိပြန်လျှင်လည်း ဘေးအန္တရာယ်က အကြီး အကျယ်
ရောက်ရှိလာနိုင်သဖြင့် ရေငုံနှုတ်ပိတ်နေခဲ့ကြရသည်။ ဥပမာတစ်ခု တင်ပြရလျှင်
ရွှေပြည်သာမြို့နယ်၊ အုပ်ဖိုကျေးရွာထိပ် ရှိ မြေကွက်တစ်ခုကို
လယ်သမားများထံမှ အဓမ္မသိမ်းယူသွားခဲ့သည်။ ထို့နောက် နိုင်ငံပိုင်
ကျွန်းစိုက်ခင်းဟုြွေကးကြော်ပြီး ကျေးရွာသူကျေးရွာသား၊ ရပ်ကွက်သူ
ရပ်ကွက်သားများ၏ လုပ်အားဖြင့် ကျွန်း ပင်များ စိုက်ပျိုးပေးခဲ့ကြရသည်။
ထိုကျွန်းစိုက်ခင်းအတွင်း ပျိုးဥယျာဉ် ထူထောင်သူထံမှ လစဉ် ငှားရမ်းခကို
အာဏာပိုင်တို့က ရရှိခဲ့ကြ သည်။ ယခုအခါ ထိုမြေမှာ
နိုင်ငံပိုင်မြေမဟုတ်တော့ဘဲ ပုဂ္ဂလိက မြေဈေးကစားသူလက်ထဲ
ရောင်းစားလိုက်ကြသည်။
၆။ အခြားအဖွဲ့အစည်းများမှ သိမ်းယူခြင်း
အခြားအဖွဲ့အစည်းများမှ သိမ်းယူခြင်းသည်လည်း ဒေသဆိုင် ရာ
အာဏာပိုင်အဆင့်ဆင့်မှ သိမ်းယူသည့်ပုံသဏ္ဌာန်နှင့် အတော် ပင် တူညီသည်။
လုပ်ပိုင်ခွင့်နှင့် အာဏာကို အသုံးချ၍ သိမ်းယူကြ ခြင်းဖြစ်သည်။ သို့သော်
ထိုအဖွဲ့အစည်းများအတွက် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ခြင်း၊
အိုးအိမ်တည်ဆောက်ခြင်းမျိုးမဟု တ်ဘဲ မြေဈေးကစားသူများကို
ပြန်လည်ရောင်းချခြင်းသာဖြစ်သည်။
ယခုကာလတွင် နိုင်ငံတော်အစိုးရ အနေဖြင့်လည်းကောင်း၊
ပြည်သူ့လွှတ်တော်မှလည်းကောင်း တောင်သူလယ်သမားများ၏ နစ်နာမှုကို
သိရှိလက်ခံလာကြပြီး ပြည်သူ့လွှတ်တော်မှ စုံစမ်းရေး ကော်မရှင်
ဖွဲ့စည်းဆောင်ရွက်လျက်ရှိသဖြင့် လယ်သမားများအနေ ဖြင့် အလွန်ပင်
အားရကျေနပ်မိကြသည်။
စုံစမ်းရေးကော်မရှင်မှ ပုဂ္ဂိုလ်များကလည်း ကွင်းဆင်းစစ်ဆေး ခြင်း
ပြုလုပ်ခဲ့ကြသည်။ တောင်သူလယ်သမားများနှင့်လည်း တွေ့ဆုံ ခွင့်ရခဲ့ကြသည်။
တောင်သူလယ်သမားတို့၏ နစ်နာမှုများကိုလည်း အမှန်တကယ် သိရှိသွားခဲ့ကြသည်။
ထို့ကြောင့်လည်း လက်ရှိမြေပိုင် ရှင်များက
လုပ်ကိုင်နေသည့်လုပ်ငန်းများကို ရပ်ဆိုင်းထားရန်နှင့်
တောင်သူလယ်သမားများအနေဖြင့်လည်း ၎င်းတို့၏ မကျေနပ်ချက် များကို သည်းခံကြပြီး
စုံစမ်းရေးကော်မတီမှ နိုင်ငံတော်အစိုးရသို့ တင်ပြပေးပြီး
ညှိနှိုင်းဆောင်ရွက်ပေးသည့်အချိ န်ထိ စောင့်ဆိုင်းကြ ရန် မှာကြားခဲ့ကြသည်။
တောင်သူလယ်သမားများအနေဖြင့် စုံစမ်းရေးကော်မတီ၏ မှာ ကြားချက်များကို
အပြည့်အဝ လက်ခံခဲ့ကြသော်လည်း လက်ရှိ မြေပိုင်ရှင်များအနေဖြင့်
လုပ်ငန်းများကို မရပ်မနား ဆက်လက်လုပ် ကိုင်နေလျက်ရှိသည်။
အာဏာပိုင်များမှတစ်ဆင့် ခေတ္တရပ်ဆိုင်းထား ရန် ညွှန်ကြားသော်လည်း
နာခံခြင်းမရှိကြ။ မလိုက်နာသူများကို အရေးယူသည်ဟူ၍လည်း မတွေ့ရ။
စဉ်းစားစရာတွေကတော့ အများကြီးဖြစ်သည်။ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး
ဆက်လက်၍ ရဲဝံ့စွာ ဆောင်ရွက်နိုင်ကြသည်မှာ အံ့သြလောက်ဖွယ်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရပါလျှင် မြေပိုင်ရှင် လယ်သမားများအနေ ဖြင့်
ချို့တဲ့စွာ စားသောက်နေထိုင်၍ အသက်ရှင်နေရချိန်တွင် ၎င်း တို့
ပိုင်ဆိုင်ခဲ့သည့် မြေယာများကို သိန်းပေါင်းများစွာဖြင့် ရောင်းချ ပြီး
ကြွယ်ဝချမ်းသာနေကြရသူများကို လယ်သမားများက မုဒိတာ
မပွားနိုင်ကြကောင်းလားဟု ပြစ်တင်ကြလျှင် 'တရားမျှတမှု' ဟူသော စကားလုံးကို
လူ့အဖွဲ့အစည်းမှ ဖယ်ထုတ်လိုက်ရန်သာ ရှိတော့မည်။
မောင်သံဒိုင် (ဘောဂဗေဒ)
by Yanantthit on Monday, January 7, 2013 at 8:53pm
'ရည်းစားလူလု အူနုကျွဲခတ်' ဟူသော စကားကို လူအများ ကြားဖူးကြသည်။
အလွန်အခံရခက်လှသည်ကို တင်စားပြောဆိုကြခြင်း ဖြစ်သည်။ မိမိ၏ ရည်းစားကို
အဓမ္မလုယူပေါင်းသင်းနေသည်ကို မမြင်ကွယ်ရာဖြစ်ပါက မေမေ့ပျောက်ပျောက်ဖြင့်
စိတ်ကို တင်းထားနိုင်သော်လည်း နေ့စဉ် မိမိ၏ မြင်ကွင်းထဲတွင်
တွေ့နေရပါလျှင် ပို၍ ခံစားရမည်ပင်ဖြစ်သည်။ ပိုဆိုးသည်မှာ
လူယူအနိုင်ကျင့်သူက အင်အားကြီးသူ၊ အနိုင်အထက်ပြုနိုင်သူများ ဖြစ်ကြသည်။
ဤဖြစ်ရပ်မျိုးကိုသာ ကိုယ်တိုင်ခံစားရပါက အဘယ်မျှ ပြင်းထန်မည်ကို
တွေးကြည့်ရုံဖြင့် သိနိုင်သည်။ ယခုကိစ္စက ထို့ထက်ပင် ဆိုးသေးသည်ဟုဆိုရမည်။
ရည်းစားကို လုယူပေါင်းသင်းရုံသာမက လူပွဲစားထံ ထပ်မံ ရောင်းချနေကြပြန်ပြီ။
ဘယ်လောက်များ ရက်စက်ယုတ်မာလှသည်ကို စာနာစိတ်ဖြင့် တွေးကြည့်နိုင်သည်။
ဘိုးစဉ်ဘောင်ဆက် ပြုစုပျိုးထောင်ခဲ့ကြရပြီး ချစ်ခင်တွယ်တာခဲ့ရသည့် လယ်
ယာမြေများကို ငွေရှင်ကြေးရှင်များက အာဏာပိုင်များနှင့်ပူးပေါင်းပြီ
အနိုင် ကျင့် သိမ်းယူသွားခဲ့ကြသည်။ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့သော
မြေယာပေါ်တွင် မြေယာကိုအမှီပြု အသက်မွေးခဲ့ကြရသူများ၏ နစ်နာမှုကို
အသိအမှတ်ပြုခြင်းမရှိဘဲသိမ်းယူ
သိမ်းယူပိုင်ဆိုင် သူများက မြေတစ်ဧကလျှင် ကျပ်သိန်းထောင်ဂဏန်းဖြင့်
ရောင်းချပြီး အကျိုးအမြတ်ရရှိနေကြသည်။ ထိုဖြစ်ရပ်သည် တောင်သူလယ်
သမားများအတွက် အူနုကျွဲခတ်ခံရခြင်းနှင့် ခြားနားမည်မဟုတ်ပေ။
ဤသို့သော ဖြစ်ရပ်မျိုးကို ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်
(ယခင်အင်းစိန်မြို့နယ်)အတွင်း အမြောက်အမြားပေါ်ပေါက် ခဲ့သည်။
ရွှေပြည်သာမြို့နယ်အတွင်း လယ်ယာမြေသိမ်းယူမှုများသည် အာဏာပိုင်အဖွဲ့အစည်း
အဆင့်ဆင့်နှင့် ငွေရှင်ကြေးရှင်များ၊ အခွင့် ထူးခံများ ပူးပေါင်းပြီး
လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့ကြသဖြင့် ပီပီ ပြင်ပြင် အောင်အောင်မြင်မြင်
ရှိလှသည်။ အားကြီးသူတို့၏ ပေါင်း စည်းညီညွတ်မှုသည်
အားနည်းသူတောင်သူလယ်သမားများအတွ
ရိတ်သိမ်းလုဆဲဆဲ စပါးခင်းများကို ရက်ပိုင်းလေးမျှပင် မစောင့်
ဆိုင်းပေးနိုင်ကြ။ အလွန်အရေးကြီးသော စီမံကိန်းကြီးများဟုြွေကး ကြော်၍
မြေထိုးစက်ကြီးများဖြင့် ဖျက်ဆီးခဲ့ကြသည်။ ယခုချိန်ထိ ၁၅ နှစ်ကာလသာ
ကြာခဲ့သည်၊ ထင်ထင်ရှားရှား စီမံကိန်းများကား ပေါ်လာခြင်းမရှိ။
မြေလွတ်မြေလပ်များအဖြစ်သာ ရှိနေခဲ့ကြသည်။ ထိုအချိန်ကတော့
အခွင့်ထူးခံများ၊ ငွေရှင်ကြေးရှင်ကြီးများ၏ ရှေ့တွင်
အာဏာပိုင်အဆင့်ဆင့်တို့က မားမားမတ်မတ် ရပ်ခဲ့ကြသည်။ မြေ သိမ်းခံ
လယ်သမားများအနေဖြင့် စိုက်ပျိုးထားသော သီးနှံများကို လည်း ဖျက်ဆီးခံကြရ၊
မိမိပိုင် လယ်ယာမြေကိုလည်း ထာဝရ သိမ်း ဆည်းခံလိုက်ရပြီ။ မိမိဘဝအတွက်
အသက်ရှင်လျက် ကျန်နေသေး သည့် ကာလကို လက်မဲ့ယာမဲ့ဘဝဖြင့် ကြုံရာကျပန်း
လုပ်ကိုင်စား သောက်ကြရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် (ယခင် အင်းစိန်မြို့ နယ်)
အတွင်း မြေယာသိမ်းယူမှုပုံစံကလည်း အမျိုးအစားစုံလင်လှ သည်။ ၎င်းတို့မှာ
၁။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုက်ရိုက်သိမ်းယူခြင်း။
၂။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှ
ပူးပေါင်းပြီး မြို့ပြအိမ်ရာ စီမံကိန်းများ သို့မဟုတ် စက်မှုဇုန်
စီမံကိန်းများ ထူထောင်ရန် သိမ်းယူခြင်း။
၃။ တပ်မတော်အဖွဲ့အစည်းများမှ သိမ်းယူခြင်း။
၎။ ရဲတပ်ဖွဲ့များမှ သိမ်းယူခြင်း။
၅။ ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်တို့မှ သိမ်းယူခြင်း။
၆။ အခြား အဖွဲ့အစည်းများမှ သိမ်းယူခြင်း ဟူ၍ တွေ့ရပါသည်။
မြေယာသိမ်းယူမှုပုံစံ စုံလင်လှသဖြင့် ရွှေပြည်သာမြို့နယ်၏ မြေယာပြဿနာကို
လေ့လာခြင်းဖြင့် မြန်မာနိုင်ငံ တစ်နံတစ်လျား တွင် ဖြစ်ပေါ်နေသော
မြေယာပြဿနာများကိုပင် ကိုယ်စားပြုနိုင် မည်ဟု
ထင်မြင်ယူဆနိုင်စရာရှိပါသည်။
၁။ မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာ
ရန်ကုန်မြို့၏ အချက်အချာကြသော မြို့နယ်များတွင် နေထိုင် ကြသော
အိုးအိမ်များ၊ မီးဘေးသင့်ရပ်ကွက်များ၊ ကျူးကျော်များကို
ဖယ်ရှားရှင်းလင်းပြီး မြောက်မြားလှစွာသော အိမ်ထောင်စုများကို
အင်းစိန်မြို့နယ် အစွန်အဖျားကို ရွှေပြည်သာမြို့ဟု သတ်မှတ်ပြီး
သောက်သုံးရေမရှိ၊ လျှပ်စစ်မီးမရှိ၊ လမ်းမရှိ၊ ရွှံ့တော ဗွက်တောထဲ သို့
ပို့ပေးခဲ့ကြသည်။ လိုအပ်သော မြေယာအတွက် လယ်သမားများ ထံမှ
သိမ်းယူခြင်းဖြစ်သည်။ လယ်သမားများ၏ နစ်နာမှုအဝဝကို လျစ်လျူရှုကြလျက်
အဓမ္မသိမ်းယူခဲ့ကြခြင်းဖြစ်သည်။
ဤတွင် စိတ်ဝင်စားဖွယ်အကြောင်းတစ်ရပ် ရှိသည်။ ရွှေ့ပြောင်း နေထိုင်မည့်
အိမ်ထောင်စုများကို ချထားပေးမည့် မြေကွက်အရေ အတွက်ထက်
တိုးချဲ့ဖော်ထုတ်ထားပြီး အာဏာပိုင်အဆင့်ဆင့်တို့က ခွဲဝေယူခဲ့ကြသည်။
လူနေရပ်ကွက်များ စည်ပင်တိုးတက်လာမည့် အချိန်တွင် ဈေးကောင်းရနိုင်သည်။
အလားအလာရှိသော နေရာများ ကို ပြောင်းရွှေ့လာသူများကို ခွဲဝေပေးခြင်းမရှိဘဲ
အများပိုင်အဆောက် အအုံများအတွက် မြေနေရာများ၊ ပန်းခြံများ ဆောက်လုပ်ရန်
မြေ နေရာများဟုြွေကးကြော်ခဲ့ကြသည်။ အမှန်က ထိုမြေကွက်များသည်
အာဏာပိုင်တို့၏ မြေကွက်များသာ ဖြစ်ကြသည်။ ဈေးကောင်းရချိန် တွင်
တစ်ဆင့်ပြန်လည်ရောင်းချပြီး အကျိုးအမြတ် ရယူနိုင်ခဲ့ကြ သည်။ ၎င်းတို့၏
ကြီးပွားချမ်းသာရေးကို ဆောင်ရွက်ရာတွင် အမြော် အမြင်ကြီးသူများ
ဖြစ်ကြပြီး အလွန်တော်ကြသူများ ဖြစ်ကြောင်း
ချီးကျူးထောပနာပြုထိုက်သူများ
ဖယ်ရှားရှင်းလင်းပြီးသော ရန်ကုန်မြို့တွင်းနေရာများကို အိုးအိမ်
ဦးစီးဌာနနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ ပူးပေါင်းပြီး မြေယာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေးလုပ်ငန်း
ရွက်ခွင့်ရသူများအနေဖြင့် ကောင်းကျိုးချမ်းသာ တိုးတက်ရရှိခဲ့ကြ သည်။
ကြီးပွားတိုးတက်သည့်နည်းလမ်းကို သိရှိစွမ်းဆောင်နိုင်ခဲ့ကြ ခြင်းဖြစ်သည်။
၂။ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး
ကုမ္ပဏီများပူးပေါင်းပြီး မြို့ပြအိမ်ရာစီမံကိန်းများ (သို့မဟုတ်)
စက်မှုဇုန်စီမံကိန်းများ ထူထောင်ရန်သိမ်းယူခြင်း
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာ
ပူးပေါင်းပြီး မြို့ပြအိမ်ရာစီမံကိန်းများ ထူထောင်ရန်နှင့် စက်မှု
ဇုန်စီမံကိန်းများ ထူထောင်ရန် လယ်ယာမြေများကို သိမ်းယူခဲ့ကြ သည်။
ပုဂ္ဂလိက ကုမ္ပဏီများမှ လယ်ယာမြေများကို သိမ်းယူချိန်တွင်
အာဏာပိုင်အဆင့်ဆင့်တို့က ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြသဖြင့်
မြေပိုင်ရှင်တောင်သူလယ်သမားများ
ထိုအချိန်က ''မြေယာမှန်သမျှကို နိုင်ငံတော်က ပိုင်သည်'' ဟူသော
ဆိုရှယ်လစ်အတွေးအခေါ်ကြီးက စွဲနေခဲ့ကြသည်။ ဘိုးဘွား စဉ်ဆက်
ပြုစုစောင့်ရှောက်၍ ချစ်ခင်တွယ်တာခဲ့ကြသော မြေယာ များကို အာဏာပါးကွက်သားက
လူယူသွားကြသည်ကို ကြည့်ပြီး အားမတန်၍ မာန်လျှော့ခဲ့ကြရသည်။
ထိုအချိန်က နိုင်ငံပိုင်မီဒီယာများကလည်း ထိုသို့သော ပုဂ္ဂလိက
ကုမ္ပဏီများလို မြို့ပြမြေယာဖွံ့ဖြိုးရေးဆောင်
များဟူ၍ တကြော်ကြော် ညာသံပေး၍ အော်ဟစ်ချီးမြှောက် ခဲ့ကြသည်။
ယခုအချိန်မှာတော့ ၎င်းတို့ကို Developer ဟူ၍ ခေါ်ဆိုရန် မသင့်လျော်လှပေ။
၎င်းတို့ ဆောင်ရွက်နေကြသည်မှာ မြေဈေးကစားသူများ (Speculators) များအဖြစ်သာ
ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမြေယာများကို
ကုမ္ပဏီများ အနေဖြင့် ရယူပိုင်ဆိုင်စဉ်က
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး
တန်ဖိုးထက် အဆရာချီပြီး ဈေးနှုန်းမြှင့်တင်နိုင်ခဲ့ ကြသည်။
မူလရည်မှန်းချက်ထားရှိသည့် စက်ရုံအလုပ်ရုံများလည်း အပြည့်အဝပေါ်မလာ၊
မြို့ပြအိမ်ရာစီမံကိန်း မြေကွက်များကလည်း အိမ်ရာဆောက်လုပ်ခြင်း
မရှိသေးသည့်တိုင်အောင် မြေဈေးနှုန်း က အဆမတန်မြင့်တက်သွားခဲ့ကြပြီ။ ယခုအခါ
မြေဈေးနှုန်းကြီးမြင့် မှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ
တုံ့ဆိုင်းနေသည်ဟု ယူဆကြသူ များအနေဖြင့် မြေဈေးနှုန်းကြီးမြင့်အောင်
မည်သူတို့ လုပ်ဆောင်နေ ကြသည်ကို လေ့လာသင့်သည်။
၃။ တပ်မတော်အဖွဲ့အစည်းများမှ သိမ်းယူခြင်း
တပ်မတော်တပ်ရင်းတပ်ဖွဲ့များ တည်ဆောက်ရန်နှင့် တပ်မ
တော်တပ်ရင်းတပ်ဖွဲ့များအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်
သိမ်းယူခဲ့ကြသည့် မြေယာများကိုလည်း တွေ့ရသည်။ ထိုသို့ ဆောင် ရွက်ရာတွင်
ထိုကာလအတွင်း တစ်ဧကပေါက်ဈေးနှုန်းအတိုင်း ပေး ချေ၍
ဝယ်ယူခဲ့ခြင်းများရှိသကဲ့သို့ ထိုကာလ၏ တန်ဖိုးတစ်စိတ်တစ် ဒေသကိုပေး၍
သိမ်းယူခြင်းနှင့် လုံးဝနစ်နာကြေးမပေးဘဲ သိမ်းယူ ခြင်းများကိုလည်း
တွေ့ရသည်။ ထိုစဉ်က တပ်ရင်းတပ်ဖွဲ့ အမည်ဖြင့် ပိုင်ဆိုင်သွားသော
မြေယာများကို နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင် အသွင်သို့
ပြောင်းလဲသွားခြင်းမျိုးလည်း တွေ့ရသည်။
၎။ ရဲတပ်ဖွဲ့များမှ သိမ်းယူခြင်း
ရွှေပြည်သာမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၏ လုံခြုံမှု
ထိန်းသိမ်းရေးတပ်ရင်းများ တည်ဆောက်ရန်အတွက် မြေယာသိမ်း
ဆည်းမှုများရှိခဲ့သည်။ သိမ်းယူခဲ့သည့်မြေ၏ တခိျု့သော အစိတ် အပိုင်းများကို
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နစ်နာခဲ့ကြသည့် လယ်သမားများအတွက်
ပြီးခဲ့သည့်နှစ်တွင် လျော်ကြေးငွေတစ်ဝက် သာလျှင် ကျပ် ၁၃ သိန်းကျော်နှုန်း
သတ်မှတ်ပြီး ပေးလျော်ခဲ့သည်များ ကိုလည်း တွေ့ရသည်။ သို့သော်
နစ်နာသူများအားလုံးကို ပေးလျော် ခြင်းကား မဟုတ်ခဲ့ပေ။
၅။ ဒေသဆိုင်ရာ အာဏာပိုင်များအဆင့်ဆင့်မှ သိမ်းယူခြင်း
ထိုသိမ်းယူမှုသည် လုပ်ပိုင်ခွင့်နှင့် အာဏာကို အသုံးချပြီး သိမ်း
ယူခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်က တောင်သူလယ်သမားများအနေ ဖြင့်
အဆင့်ဆင့်သော အာဏာရှိသူများကို ပြန်ပြောဝံ့သူမရှိသကဲ့ သို့
ပြန်လည်ပြောဆိုမိပြန်လျှင်လည်း ဘေးအန္တရာယ်က အကြီး အကျယ်
ရောက်ရှိလာနိုင်သဖြင့် ရေငုံနှုတ်ပိတ်နေခဲ့ကြရသည်။ ဥပမာတစ်ခု တင်ပြရလျှင်
ရွှေပြည်သာမြို့နယ်၊ အုပ်ဖိုကျေးရွာထိပ် ရှိ မြေကွက်တစ်ခုကို
လယ်သမားများထံမှ အဓမ္မသိမ်းယူသွားခဲ့သည်။ ထို့နောက် နိုင်ငံပိုင်
ကျွန်းစိုက်ခင်းဟုြွေကးကြော်ပြီး ကျေးရွာသူကျေးရွာသား၊ ရပ်ကွက်သူ
ရပ်ကွက်သားများ၏ လုပ်အားဖြင့် ကျွန်း ပင်များ စိုက်ပျိုးပေးခဲ့ကြရသည်။
ထိုကျွန်းစိုက်ခင်းအတွင်း ပျိုးဥယျာဉ် ထူထောင်သူထံမှ လစဉ် ငှားရမ်းခကို
အာဏာပိုင်တို့က ရရှိခဲ့ကြ သည်။ ယခုအခါ ထိုမြေမှာ
နိုင်ငံပိုင်မြေမဟုတ်တော့ဘဲ ပုဂ္ဂလိက မြေဈေးကစားသူလက်ထဲ
ရောင်းစားလိုက်ကြသည်။
၆။ အခြားအဖွဲ့အစည်းများမှ သိမ်းယူခြင်း
အခြားအဖွဲ့အစည်းများမှ သိမ်းယူခြင်းသည်လည်း ဒေသဆိုင် ရာ
အာဏာပိုင်အဆင့်ဆင့်မှ သိမ်းယူသည့်ပုံသဏ္ဌာန်နှင့် အတော် ပင် တူညီသည်။
လုပ်ပိုင်ခွင့်နှင့် အာဏာကို အသုံးချ၍ သိမ်းယူကြ ခြင်းဖြစ်သည်။ သို့သော်
ထိုအဖွဲ့အစည်းများအတွက် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ခြင်း၊
အိုးအိမ်တည်ဆောက်ခြင်းမျိုးမဟု
ပြန်လည်ရောင်းချခြင်းသာဖြစ်သည်။
ယခုကာလတွင် နိုင်ငံတော်အစိုးရ အနေဖြင့်လည်းကောင်း၊
ပြည်သူ့လွှတ်တော်မှလည်းကောင်း တောင်သူလယ်သမားများ၏ နစ်နာမှုကို
သိရှိလက်ခံလာကြပြီး ပြည်သူ့လွှတ်တော်မှ စုံစမ်းရေး ကော်မရှင်
ဖွဲ့စည်းဆောင်ရွက်လျက်ရှိသဖြင့် လယ်သမားများအနေ ဖြင့် အလွန်ပင်
အားရကျေနပ်မိကြသည်။
စုံစမ်းရေးကော်မရှင်မှ ပုဂ္ဂိုလ်များကလည်း ကွင်းဆင်းစစ်ဆေး ခြင်း
ပြုလုပ်ခဲ့ကြသည်။ တောင်သူလယ်သမားများနှင့်လည်း တွေ့ဆုံ ခွင့်ရခဲ့ကြသည်။
တောင်သူလယ်သမားတို့၏ နစ်နာမှုများကိုလည်း အမှန်တကယ် သိရှိသွားခဲ့ကြသည်။
ထို့ကြောင့်လည်း လက်ရှိမြေပိုင် ရှင်များက
လုပ်ကိုင်နေသည့်လုပ်ငန်းများကို ရပ်ဆိုင်းထားရန်နှင့်
တောင်သူလယ်သမားများအနေဖြင့်လည်း ၎င်းတို့၏ မကျေနပ်ချက် များကို သည်းခံကြပြီး
စုံစမ်းရေးကော်မတီမှ နိုင်ငံတော်အစိုးရသို့ တင်ပြပေးပြီး
ညှိနှိုင်းဆောင်ရွက်ပေးသည့်အချိ
တောင်သူလယ်သမားများအနေဖြင့် စုံစမ်းရေးကော်မတီ၏ မှာ ကြားချက်များကို
အပြည့်အဝ လက်ခံခဲ့ကြသော်လည်း လက်ရှိ မြေပိုင်ရှင်များအနေဖြင့်
လုပ်ငန်းများကို မရပ်မနား ဆက်လက်လုပ် ကိုင်နေလျက်ရှိသည်။
အာဏာပိုင်များမှတစ်ဆင့် ခေတ္တရပ်ဆိုင်းထား ရန် ညွှန်ကြားသော်လည်း
နာခံခြင်းမရှိကြ။ မလိုက်နာသူများကို အရေးယူသည်ဟူ၍လည်း မတွေ့ရ။
စဉ်းစားစရာတွေကတော့ အများကြီးဖြစ်သည်။ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး
ဆက်လက်၍ ရဲဝံ့စွာ ဆောင်ရွက်နိုင်ကြသည်မှာ အံ့သြလောက်ဖွယ်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရပါလျှင် မြေပိုင်ရှင် လယ်သမားများအနေ ဖြင့်
ချို့တဲ့စွာ စားသောက်နေထိုင်၍ အသက်ရှင်နေရချိန်တွင် ၎င်း တို့
ပိုင်ဆိုင်ခဲ့သည့် မြေယာများကို သိန်းပေါင်းများစွာဖြင့် ရောင်းချ ပြီး
ကြွယ်ဝချမ်းသာနေကြရသူများကို လယ်သမားများက မုဒိတာ
မပွားနိုင်ကြကောင်းလားဟု ပြစ်တင်ကြလျှင် 'တရားမျှတမှု' ဟူသော စကားလုံးကို
လူ့အဖွဲ့အစည်းမှ ဖယ်ထုတ်လိုက်ရန်သာ ရှိတော့မည်။
မောင်သံဒိုင် (ဘောဂဗေဒ)
No comments :
Post a Comment