မပြောဘဲမနေနိုင်.... အရမ်း..ကိုပြောချင်လို့ ပြောပြီဗျာ.... (မှတ်ချက် - အပြစ် ကို ရှာလွန်းတယ်လို့ ထင်ချင်ရင်လဲထင်လို့ရတယ်...အရမ်းဒေါသဖြစ်နေလို့ ရေးတာ.. နားလည်တယ်နော်....)
ဒီနေ့ ရုံးသွားမယ်ဆိုပြီး အိမ်ကဆင်းလာတော့.. လှည်းတန်းမှာ ကားတွေကျပ်နေပါလား လို့....မြင်လိုက်ရ တယ်.. ပြီးတော့ လူတွေ စည်းမရှိကမ်းမရှိ လူကူးမျဉ်းကြားက မကူး.. ဘတ်(စ်)ကားတွေ ဖြစ်ချင်သလိုဖြစ်... ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ စဉ်းစားရင်း.. လမ်းလယ်က အုတ်ခုံတွေပေါ်ကို တစ်ချက်လေး စောင်းငဲ့ ကြည့်လိုက်တယ်... အော် သူတို့ မှ မရှိတော့တာကိုးလို့.......
တကယ်ပြောတာပါ.. ရင်ထဲက စေတနာအပြည့်နဲ့.. ပြီးခဲ့ တစ်ပတ် 29.1.2013 အထိ တကယ် ကျေးဇူးအရမ်းတင်မိတယ်... လေးလဲလေးစားမိတယ်... ဂျာနာမှာလဲဖတ်လိုက်ရတယ်...
ကားအရမ်းကျပ်နေတဲ့ နေရာ (၇) နေရာကို ယာဉ်ထိန်းရဲ 250 ချထားကြောင်းပါလာတော့ တကယ် ပျော်ခဲ့မိတယ်... ကျွန်တော်တို့လို ရုံးဝန်ထမ်းတွေ လဲ ကျွန်တော့်လိုဘဲပျော်ခဲ့မိမယ်ထင်ပါတယ်...
ပြီးခဲ့တဲ့ တစ်ပတ် ရုံးတက်ရုံးဆင်း အချိန်တွေမှာ အရမ်းစိတ်ချမ်းသာခဲ့ရတယ်.. လူတွေ လူကူးမျဉ်းကြားက ကူးကြတယ်..... ဘတ်(စ်)ကားတွေ စည်းကမ်းတကျ ရပ်ကြတယ်.. လူတင်ကြတယ်...
ထွက်ကြတယ်.. ကားကျပ်တယ်ဆိုတာကိုတောင် မေ့ခဲ့အထိ အားလုံးချောချော မွေ့မွေ့ ဘတ်(စ်)တွေ ကို စီးခဲ့ရတယ်.. ကျွန်တော်က လှည်းတန်းကနေ 34 လမ်းကို ရုံးတက်ရတဲ့လူပါ...
ကားကျပ်တဲ့ ဒဏ်ကို အလူးအလဲ ခံပြီးမှ ရုံးရောက်.... ရုံးဆင်းတော့လဲ.. အလူးအလဲ ခံပြီးတော့မှ အိမ်ရောက်.. အဲ့လို ဒုတ်ခတွေက ပြိးခဲ့တစ်ပတ် မှတ်မှတ်ရရ မနေ့က (29.1.2013) အထိပေါ့..
မခံစားခဲ့ရဘူး... ကျွန်တော်ပြန်တဲ့ လမ်းတစ်လျောက် ယာဉ်အသွားအလာ ကျပ်တဲ့နေရာတွေမှာ ယာဉ်ထိန်းရဲတွေ ယာဉ်ထိန်းရဲမေတွေအပြည့်ဗျာ.. လမ်းတွေ ရှင်း ...လူတွေ သူ့နေရာ က
သူဘတ်(စ်)ကားကိုစောင့်... ဘတ်(စ်)ကားတွေက လဲ မှတ်တိုင် မှာဘဲရပ်.. အားလုံးစနစ်ကျနေတာ အရမ်းစိတ်ချမ်းသာစရာကောင်းခဲ့တယ်.... ဒီနေ့မနက်မှာ စတော့တာပါဘဲ.....
ကားတွေကျပ်နေပါလားလို့....ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ စဉ်းစားရင်း.. လမ်းလယ်က အုတ်ခုံတွေပေါ်ကို တစ်ချက်လေး စောင်းငဲ့ ကြည့်လိုက်တယ်... အော် သူတို့ မှ မရှိတော့တာကိုးလို့.......
မနေ့က သူငယ်ချင်းတစ်ယောက်ပြောတာကို သတိရလိုက်မိတယ်.. မင်း အရမ်း မချီးကျူုး ကျေးဇူးမတင်နဲ့အုံးတဲ့.. တစ်ပတ် တောင် ခံမလားတဲ့... ...
သူ့စကားလေးအတိုင်းပါဘဲ.. တစ်ပတ်မပြည့်သွားပါဘူး........ တကယ်
ချီးကျူးခဲ့တာတွေ ကျေးဇူးတင်ခဲ့တာတွေ ကို.... ပျောက်သွားလောက်အောင်ပါဘဲ...။ရန်ကုန်မြို့ ကြီးပေါ်က လမ်းတွေမှာ စည်းမရှိ ကမ်းရှိ ဖြစ်ပျက်နေတာကို ဒီမနက် မှာ သိသိသာသာ မြင်လိုက်ရတယ်... ယာဉ်ထိန်းရဲ 250 မြိုက လမ်းကျပ်တဲ့နေရာတွေမှာ တာဝန်ပေးထားတယ် လို့..ဂျာနယ်တွေမှာလဲ
ဖတ်ရတော့ ကြိုဆိုခဲ့တယ်.. ကျွန်တော်လို့ဘဲ ကျန်တဲ့ ပြည်သူလူထုကလဲ ကြိုဆိုကြမှာပါ..... ကျွန်တော် အဓိက ပြောချင်တာ... ကဲ လုပ်ပြီးဟေ့ လို စပြီဆိုတာနဲ့ အဆုံးထိလုပ်ပါ.... ရန်ကုန်မှာက
စည်းပျက်ကမ်းပျက်တွေ အရမ်းများနေတယ်ဆိုတာ အသိသာကြီးပါ.... အခု ဆိုရင် ပြီးခဲ့ ၅ရက်လောက်က အဆင်ပြေခဲ့တယ်.. ပြောတော့ ကားကျပ်တာပါဆို.... ယာဉ်ထိန်းရဲတွေ လမ်းပေါ်တက်လာတော့
ကားက ဘာလို့ မကျပ်ရတာလဲ....အဲ့ဒါ အဓိက အချက်ပေါ့... လူတွေ စည်းကမ်းမရှိလို့ ကားကျပ်တာ... အဲ့ဒါကို ကိုင်တွယ် ဖြေရှင်းဖို့ ယာဉ်ထိန်းရဲတွေ လမ်းပေါ်တက်လာတယ်.... ဘတ်(စ်)ကား ဒရိုင်ဘာ/စပယ်ယာ
တွေက သူုတို့ ပထွေတွေ လမ်းပေါ်တက်လာတော့ ကြောက်လိုက်ကြတာ အဲ့ကောင်တွေ မဟုတ်တဲ့အတိုင်းဘဲ.... ဒါကြောင့် ပြောချင်တာက အထက်က လူကြီးတွေ အနေနဲ့ မလုပ်နိုင်ရင် မလုပ်ပါနဲ့.....
အစ ဆွဲထုတ်ပြီးရင် အဆုံးသတ်ပါ သေချာလုပ်ပါ.. မလုပ်နိုင်ရင် အဲ့နေရာတွေမှာ ဖင်ကပ်ပြီးထိုင်မနေပါနဲ.... မလုပ်နိုင်ရင် ဖယ်ပေးလိုက် လုပ်နိုင်တဲ့လူတက်လာလိမ့်မယ်.... ငဆွေမရှိရင် ငသန်းလာမှာပေါ့.....
ပြည်သူလူထုကို ၁ပတ်လောက် အလုပ်လုပ်ပြရုံနဲ့တော့ ကျေးဇူးတင်မှာ မဟုတ်ဘူး... မလုပ်ရင် အစကတည်းက မလုပ်နဲ့.... ရိုင်းရိုင်းပြောမယ်ဗျာ.. ပြည်သူတွေ အထင်ကြီးအောင် မလုပ်ပြနဲ့....
ရင်ထဲက စေတနာပါမှ လုပ်....... အပြစ်ရှာတာမဟုတ်ဘူးနော်...... အစကတည်းက မလုပ်ရင် သတိတောင်မရဘူး.....ခုတော့ တစ်ပတ်တောင် မပြည့်တဲ့ အလုပ်လေးလုပ်ပြ မီဒီယာတွေကိုတောင်
အကူအညီတောင်းလိုက်သေးတယ်...ကြည့်လိုက်ရင်ဘဲ ရေရှည်လုပ်တော့မယ့် စီမံကိန်း စတိုင်(လ်)နဲ့... ရှက်တတ်ရင် သေလို့ရတယ်နော်.. ငါလူကြီးပါလို့ အော်နေတဲ့လူတွေ....
ကျွန်တော့်ဒီစာလေးရေးတော့ တစ်ချို့တွေက ပြောတယ်... ခရုတစ်ကောင်ခုံလို့ ဖုန်မထပါဘူးလို့ပြောတယ်... ကျွန်တော်က တော့ ရှင်းရှင်းလေးဘဲပြန်ပြောလိုက်တယ်....
" ဖုန်ထအောင် ခရုတွေစုပြီးတော့ ခုန်လို့ရတယ်လို့..." ဒီစာလေးကြောင့် တစ်ခုခု အကျိုးသက်ရောက်သွားမယ်ဆိုရင်ဘဲ ကျေနပ်ပါတယ်....
ဒါကြောင့် အားလုံးကိုပြောချင်တာ.. ဒေါ်အောင်ဆန်းစုကြည် ပြောထားသလို စာများများဖတ်ပါ... မအိပ်ခင် တစ်နာရီလောက်တော့ အချိန်ပေးပြီး စာဖတ်ပါဆိုတာကိုပါ.....
အားလုံးကို စာဖတ်စေချင်တယ်... နိုင်ငံကို ဦးဆောင်နေတဲ့လူကြီးများကိုလဲ ဒီနေရာကနေ ပြောလိုက်ပါရစေ... ငါဟာ စာတတ်တဲ့လူလား... ပညာတတ်တဲ့လူုလားဆို တာ စဉ်းစားချင့်ချိန်ကြပါ...
စာတတ်ပြီး လူကြီးတက်လုပ် နေရာယူနေကြရင်တော့ ဖယ်ပေးလိုက်ကြပါ... ပညာတတ်တဲ့လူတွေ တက်လာပါလိမ့်လို့ ပြောကြားပါရစေဗျာ......။ ။
★·.·´¯`·.·★ ပညာတတ်တွေ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ပါစေလို့... ဆုတောင်းမိပါတယ်..... ★·.·´¯`·.·★
ဗန်းမော်သားလေး......
1 comment :
ရေးသင့်တဲ့ အကြောင်းရာလေးပါဘဲ၊ စိတ်ဝင်တစားလဲ ဖတ်မိပါတယ်၊ သဘောလဲ ကျပါတယ်၊ စိတ်အနှောက်အယှက် ဖြစ်ရတာကတော့ သတ်ပုံ တွေ မမှန်တာတွေ့ နေရလို့ ပါဘဲ၊ မြန်မာပြည်မှာတော့ နိုင်ငံကျော် တွေ က တော့ ဒီလိုဘဲ စာများများ ဖတ်ကြဘို့ ပြောနေကြတာကတော့ ဖက်ရှင်တခုလို ဖြစ်နေပြီ၊ တော်တော် များများ က ပြောကြတယ်၊ သတ်ပုံ တော့ မမှန်တတ်ကြဘူး ....
Post a Comment