Tuesday 26 February 2013

ခရိုနီ ဒေါက်တာမြင့်စိန် က လယ်သမား ထံမှာလယ်သိမ်း ၊ရဲ က လယ်သမားကို သေနပ်နဲ့  ပြစ်ခပ်နိမ်နင်း

ဧရာဝတီတိုင်း၊မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စုမှာ ရဲက
သေနတ်နဲ့ပစ်လို့ လယ်သမား ၆ ယောက်ထိတယ်။စစ်တပ်က သိမ်းထားတဲ့လယ်တွေကို လယ်သမားတွေက ပြန်ဝင်သိမ်းကြရင်းပြဿနာဖြစ်တာလို့သိရတယ်။ မနက်ကတော့ ရဲက ဝိုင်းထားတယ်။နေ့လည်ကတော့ ပုဒ်မ ၁၄၄ ထုတ်တယ်။ အခုတော့ ပစ်မိန့်ပေးလို့ ပစ်တယ်လို့ သိရတယ်။အခုလောလောဆယ်မှာတော့သနတ်ထိမှန်တဲ့သူတွေကို ဆေးရုံပို့နိုင်ဖို့ ကြိုးစားနေကြပါတယ်။  လယ်သမား ၅၀၀ ခန့် ဆန္ဒပြတယ်။ ရဲ ၃၀၀ လောက်ကပြစ်ကြတယ်။ 
လယ်တွေကို ဦးသိန်းစိန် အစိုးရက ဧရာဝတီတိုင်းခရိုနီ တယောက်ဖြစ်တယ်။ ဒေါက်တာမြင်စိန်  ( အောချက်ကုမဏီ) ကို ရောင်းစားခဲ့တယ်။ စုစုပေါင်း ဧက ၁ ထောင်ခန့် ဖြစ်တယ်။   

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုမှာ ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) ညနေပိုင်းက ဒေသခံလယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားရာကနေ ရွာသူရွာသား ၁၀ ယောက်လောက်နဲ့ ရဲတပ်ဖွဲ့ဝင် တချို့ ဒဏ်ရာရရှိပြီး မအူပင်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားရကြောင်း သတင်းရရှိပါတယ်။ အဲဒီ့ဒေသမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး တောင်းဆိုဆန္ဒပြနေတာ တစ်ပတ်လောက် ရှိနေပြီဖြစ်ပြီ ဒီနေ့ နေ့လည်ပိုင်းမှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ အခုလက်ရှိ မအူပင်ဆေးရုံကို ရောက်ရှိလာတဲ့ ရွာသူရွာသား တချို့ဟာ သေနတ်ထိမှန်ဒဏ်ရာတွေ ရရှိထားပြီး ရဲတပ်ဖွဲ့ဝင် တချို့ကိုလည်း အရေးပေါ်လူနာအဖြစ် ကုသနေရကြောင်း သိရှိရပါတယ်။

Photo: ထိုက်ထိုက်

( မစုစုနွေး ဖေစ်ဘုတ်မှ) 

No comments :