Thursday, 7 February 2013
ငါဒို့  နောက်ကို ပြန်မလှည့်  ဘူး
သူတို့ နောက်ပြန်လှည့်တာအရေးမကြီး ကျနော်တို့   နောက်ပြန်မလှည်ကြဖို့ ပိုအရေးကြီးတယ်။
နောက်ပြန်လှည့်ရင် ကျောက်ခေတ် (Primitive Age) ပဲရှိတယ်။ လူသမိုင်းမှာ
ယဉ်ကျေးမှုမြင့်တဲ့သူက ယဉ်ကျေးမှုနိမ့်တဲ့သူကို အနိင်ယူခဲ့တာပဲရှိတယ်။ သမိုင်းမှာ နောက်ပြန်မလှည့်သူသာ  အောင်ပွဲခံခဲ့ကြတယ်။
တချို့  လူတွေက ဘာသာရေးတွေ၊ အမျိုးသားရေးတွေကိုအကြောင်း ပြပြီး ၊ လှုံ့ ဆော်ပြီ။ နောက်ပြန်လှည့်ကြဖို့  သင်တို့ ကို သွေးဆောင် ဖျားယောင်နေတယ်။  ဘာသာတရားတွေကို ဖန်တီးခဲ့တဲ့ ထူးမြတ်တဲ့ ပုဂ္ဂိလ်တွေက လူတွေကို ယျဉ်ကျေး
လာအောင် ကြိုးပန်းခဲ့သူတွေဖြစ်ပါတယ်။လူတွေကို သမိုင်းကျောက်ခေတ်ဦးကို ပြန်သွား ဖို့  ကမ္ဘာမြေကို သူတို့ ရောက်လာခြင်းမဟုတ်ပါ။ 
ကျနော်တို့  မြန်မာနိင်ငံသားတွေရရှိပြီးသား၊ ထုတည်နဲ့  ခန့် ငြားထယ်ဝါပြီးစာ  မြင့်မားတဲ့ စိတ်ပိုင်းဆိုင်ရာ ယျဉ်ကျေးမှုအဆင့်အတန်းကို နောက်ပြန်လှည့် ဖို့  ကြိုးပန်းနေကြတာကို နေစဉ်တွေ့ နေရတော့ ဆိုးရိမ်ပါတယ်။ ကျနော်တို့  မြန်မာ့ သမိုင်းမှာ လယ်တီဆရာတော်ဘုရား၊ အရှင်သေလိဌ တို့ လို ထူးမြတ်တဲ့ပုဂိုလ်ထူးတွေရဲ့  သွန်သင်ချက်တွေကို မေ့ပြစ်ကြတော့မှာလား။
နောက်ပြန်လှည့်နေ သူများ နေတယ်။တချို့လူတွေက နောက်ပြန်လှည့်ဖို့  ပြောနေကြတယ်။  ကိုယ်တိုင်က လျပ်စစ်မီးနဲ့ထယ်ဝါစွာနေချိန်အမှောင်ထဲကမီးရောင်ကင်းမဲ့နေတဲ့ ဖယောင်းတိုင်ထွန်းဖို့ ပြောနေတယ်။ ထမင်းတနပ်လျော့ဖို့  ပြောနေတယ်။ စစ်ပွဲနဲ့  ငြိမ်းချမ်းရေးကို အဖြေရှာဖို့  တိုက်တွန်းနေတယ်။ ကိုယ်တိုင်က တိုက်တွေတလုံးပြီးတလုံး ဆောက်၊ မြေတွေ ဧကပေါင်းများစွာကိုခြံခတ်နေတယ်။  တဲအိမ်ပေါ်ကလူတွေကို ကျူးကျော်တွေလို့  မောင်းထုတ်နေတယ်။
တချို့  လူတွေက အမုန်းတရားတွေကို လှုံ့ ဆော်နေတယ်။  အရိုင်း စိုင်းတဲ့သတ္တ၀ါ တကောင်ရဲ့ မူလဇာတိဟာ ငါဒို့  သာ ဆိုတဲ့ စိတ်ကိုသင့်မသိစိတ်ထဲကို ရိုက်သွင်းပေးနေတယ်။ ဒါကို သင်သတိပြုဖို့ လိုတယ်။  လူမသာမာတစုက အစီစဉ်ရှိရှိနဲ့  ၀ါဒဖြန့် ချီ မှုတွေကိုတိုးတက်လုပ်ဆောင်နေကြတယ်။  ကျောက်ခေတ်စိတ် (Primitive Instincts ) တွေ ဖြစ်တဲ့ ငါစိတ်၊ မိုက်မဲမှု၊ စာနမှုကင်းမဲ့မှု၊ တကိုယ်ကောင်းစိတ်၊ အသိတရားကွယ်ပျောက်မှု၊ လောဘ၊ ရမက်၊အကြမ်းဖက်မှု၊ရက်စက်မှု နဲ့   ကြောက်ရွံ့ မှု  တွေကို သင်တို့ ကို ပို့ နေတယ်။ သင်တို့  ရဲ့ တွေးခေါ်ယူဆမှု (Mind Set )  တွေကို ထိမ်း ချုပ်ဖို့ ကြိုးစားနေတယ်။
သူတို့  က သင်ရဲ့  တွေးခေါ်မှု (Mind Set ) ကို ဘာကြောင့် ထိမ်းချုပ်ဖို့ လုပ်နေပါသလဲ။
အဖြေကတော့ရှင်းပါတယ်။ သင့်ကို ထာဝရကျွန်ပြုထားစေချင်လို့ ပါပဲ။ သူတို့ ဟာ သင်မိတ်တွေယောင်ဆောင်နေတယ်။ သင်နဲ့ 
ဘာသာ၊လူမျိုးတူ လို့  အကျိုးလိုဟန် ဆောင်နေတယ်။ သင် သည်းချေခိုက်စေမဲ့ စကား တွေကို နဲ့ သင့်ကို ဖျာယောင်နေတယ်။
သင့်ကတော့ မိတ်ဆွေလို့ ထင်မယ်။  တကယ်က မိတ်ဆွေမဟုတ်ဘူး။ သင့်ဘ၀ ကို ဖျက်ဆီးမဲ့ သူ လမ်းမှားကို ပို့ ဆောင်သူဖြစ်တယ်။ သူတို့ ရဲ့ အန္တရယ်ကြီးမားပုံကို ဘုရားဟောရှိတယ် - 
An insincere and evil friend is more to be feared than a wild beast; a wild beast may wound your body, but an evil friend will wound your mind. (Buddha)
မိတ်ဆွေယောင်ဆောင်ထားသူဟာ ရိုင်းစိုင်းထက် တရိစ္ဆာန်ထက်ဆိုးတယ်။ တရိစ္ဆာန်က ခန္စာကိုယ်ကိုနာကျင်အောင်လုပ်တယ်။ မိတ်ဆွေတုက သင့် စိတ်ကိုဒဏ်သင့်စေတယ် လို့  ဟောခဲ့တယ်။ခင်ဗျား မှာ ဒီစိတ်တွေဝင်သွားရင်
သင်ဟာ ကိုယ်ကို ကိုယ်ယုံကြည်မှု မရှိတော့သူဖြစ်လာတယ်။ကိုယ်ကို ကိုယ်မယုံကြည်တဲ့သူဟာ လွတ်လပ်တဲ့သူဖြစ်မလာတော့ဘူး။ တယောက်ယောက်ကိုမှီခိုရသူဖြစ်လာတယ်။ အတွေးအခေါ်အရ ( Thought)၊ စီးပွားရေးအရ( Economics) ၊ ခံစားချက် (Emotion) မလွတ်လပ်သူရဲ့ ဘ၀ ဟာ ဘာလဲ လို့  ကျနော် အထူးမရှင်း ပြလို တော့ပါဘူး။
ကျနော်ဟာ ခင်ဗျားတို့ ကို အရာခတ်သိမ်း လွတ်လပ်သူတွေဖြစ်ဖို့  အမြဲတမ်း ဟောပြောခဲ့ပါတယ်။တိုက်တွန်းခဲ့ပါတယ်။ အကြံပြုခဲ့ပါတယ်။
ဒါက အကြောင်းရှိတယ်။ မလွတ်လပ်တဲ့ဘ၀ က လွတ်လပ်ဖို့ နေတိုင်း ကျနော်တို့ ကြိုးပန်းနေကြတယ်မဟုတ်လား။
သူတို့ က ခင်ဗျား ကို နံရံတွေကြားထဲကို ပြန်ပို့ နေတယ်။ ခင်ဗျား ရဲ့ ရုပ်က သာလွတ်မြောက် ပြီး စိတ်က နံရံတွေထဲမှာ ကျရောက်မသွားဖို့ ပို အရေးကြီးတယ်။  စိတ်က လွတ်လပ်နေဖို့   က စိတ်ထားမှန်ဖို့ လိုတယ်။
စိတ်ထားမှန်မှုဆိုတာက ဘုရားဟောနဲ့ပြောမယ်ဆိုရင်တော့   ငါ ကို ဖြု တ်လိုက်တာပါ။ ငါကို ဖြုတ်ရတာခက်ပါတယ်။
ငါကို ဖြုတ်ဖို့  သူဆိုတာကို စဉ်းစားတတ်ဖို့ ပါပဲ။ ငါဖက်၊ သူဖက်၊ ငါလိုချင်တာ၊သူလိုချင်တာ၊ ငါဟာ၊ သူဟာ ၊ငါဘာသာ၊ သူဘာသာ၊ ငါလူမျိုး၊ သူလူမျိုး စသဖြင့်  ဒီလို လွယ်ကူတာတွေနဲ့ စတင်လေ့ကျင့်နိင်ပါတယ်။
ဒါဆိုရင် သင်ဟာ တဖြေးဖြေးလွတ်လပ်သူဖြစ်လာပါလိမ့်မယ်။ 
လွတ်လပ်သူဆိုတာ ဟာ ငါနဲ့ သူကြားမှာ ဟန်ချက်ညီ အောင်လုပ်သွားနိင်တာ။ ဒါကို ကိုယ်ရဲ့  စိတ်ကိုထိမ်းထိမ်းသိမ်းသိမ်း လုပ်ဆောင်နိင်တာလို့  ဘုရားကဟောပါတယ်။ ဒီလို ထိမ်းသိမ်းနိင်သူဟာ ကျမ္မာမယ်၊ပျော်ရွှင်မယ်လို့ ဘုရားက လမ်းညွန် ခဲ့ပါတယ်။
To enjoy good health, to bring true happiness to one's family, to bring peace to all, one must first discipline and control one's own mind. If a man can control his mind he can find the way to Enlightenment, and all wisdom and virtue will naturally come to him.( Buddha)
ဒါဆိုရင် နောက်လှည့်ဖို့ ဘယ်သူတွေက ဘာကြောင့်လုပ်နေတယ်ဆိုတာ ကျနော်တို့ သိပြီ။
အရိုင်းအစိုင်း ဘ၀ ကို ပြန်သွားမလား - '' No '' ။
ယဉ်ကျေးတဲ့လူအဖွဲ့ စည်း ကိုသွားမလား - '' Yes''  ။
 ယဉ်ကျေးမှု မြင့်မားတဲ့ တဲ့လူအဖွဲ့ စည်းကို တည်ဆောက်ဖို့   အမေရိကန် သမတ ဖရန်ကလင်ရုစဘဲလ်က
If civilization is to survive, we must cultivate the science of human relationships - the ability of all peoples, of all kinds, to live together, in the same world at peace.
ငြိမ်းချမ်းစွာ အတူယဉ်တွဲနေနိင်ဖို့ အတွက် လူသားချင်း ဆက်ဆံရေးကို စနစ်တကျပျိုးထောင်ကြဖို့  တိုက်တွန်းခဲ့ပါတယ်။
 လူသားရဲ့  မြင့်မြတ်မှု ပျိုးခင်းတို့ ရှိရာ ပန်းဥယဉ်သစ်ကို ကျနော်တို့ သွားမယ်။ မွေးမြသောပန်း၊ချိုမြသောသစ်သီးတို့ ကို သုံးဆောင်မယ်။ဥယဉ်သစ်မှာ မေတ္တာ တရားရှိတယ်။စာနာမှုရှိတယ်။ တရားမျှတမှုရှိတယ်။ ငြိမ်းချမ်းရေးရှိတယ်။ ထုတ်လုပ်မှုရှိတယ်။ စားသုံးမှုရှိတယ်။  မြေယာတွေရှိတယ်။
ဒါဆိုဘာလိုသေးလဲ ။ သူတို့ လှည့်ခြင်ရင် သူတို့ လှည့်ပါ။ကျနော်တို့  နောက်ပြန်မလှည့်ကြဖို့ ပါပဲ။ 
ယုံကြည်ခြင်း တွဲလက်တို့  မြဲ စွာရှိပါစေ။
မိုးသီးဇွန်
1 comment :
kyaw kyaw said...
I agree with you 100%.
Your voice/information need to pass inside more people.So they will more open eye and ear.