Sunday 24 February 2013

ကချင်စစ် ဘေး ဒုက္ခသည် သတင်း

စစ်ပြေးဒုက္ခသည်တွေကို ကူညီမယ့် ICRC
=======================
ကြက်ခြေနီ ကား ၃ စီး လှည့်ပြန်ရ
===================
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ)ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက စစ်ပြေးဒုက္ခသည်စခန်းတွေအတွက် ဆေးဝါး နဲ့ ရိက္ခာပစ္စည်းတွေ သယ်ဆောင်လာတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကား ၃ စီးကို ဒေသခံ အစိုးရတပ်တွေက တားဆီးတာကြောင့် အဲဒီကားတွေ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လိ
ု့ ကချင်ဒုက္ခသည်စခန်း တာဝန်ခံတွေက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

လိုင်ဇာမြို့ အ၀င် မိုးနဲချောင်းကိုဖြတ်ဆောက်ထားတဲ့ တံတားအနီးမှာ ကေအိုင်အေ တပ်တွေက ထောင်ထားတဲ့ မိုင်းတွေရှိတာကြောင့် အဲဒီ တ၀ိုက်မှာရှိတဲ့ အစိုးရတပ် ခလရ ၂၄၀ က လုံခြုံရေးတာဝန် မယူပေးနိုင်ဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အိုအဖွဲ့က အဲဒီနေရာမှာ သူတို့ထောင်ထားတဲ့ မိုင်းတွေမရှိကြောင်း ငြင်းဆိုပါတယ်။

လှည့်ပြန်သွားတဲ့ ICRC ကား ၃ စီးမှာ နိုင်ငံခြားသား ၃ ဦးအပါအ၀င် စုစုပေါင်း ၉ ဦးပါတယ်လို့သိရပြီး၊
အခုလို ICRC ကားတွေ လှည့်ပြန်သွားတာနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ICRC ရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဒီကနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် ဖြေကြားခွင့်ရှိသူတွေ ရုံးကိုမလာကြောင်း ပြောပါတယ်။
(RFA)
စစ်ပြေးဒုက္ခသည်တွေကို ကူညီမယ့် ICRC 
=======================
ကြက်ခြေနီ ကား ၃ စီး လှည့်ပြန်ရ
===================
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ)ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက စစ်ပြေးဒုက္ခသည်စခန်းတွေအတွက် ဆေးဝါး နဲ့ ရိက္ခာပစ္စည်းတွေ သယ်ဆောင်လာတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကား ၃ စီးကို ဒေသခံ အစိုးရတပ်တွေက တားဆီးတာကြောင့် အဲဒီကားတွေ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ကချင်ဒုက္ခသည်စခန်း တာဝန်ခံတွေက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

No comments :