“ဂဲတလုံးနဲ့ လင်းဒနှစ်ကောင်မှန်သွားတာ” ဟုတ်တယ်။ တကယ်ပဲ ခဲတလုံးနဲ့ ၂ကောင်လုံးမှန်အောင် ပစ်ထဲhလိုက်တာ။
မနေ့က ဆန္ဒပြသူတွေကို သမ္မတ က ခေါ်တွေ့ဆွေးနွေးဖို့ သူ့ဝန်ကြီး (၂)ပါး ကိုမှာတာက.. သိတ်ပြီးတော့လည်း ယဉ်ကျေးတယ်၊ ဒီမိုကရေစီကျတယ်လို့ သမ္မတကိုအထင်ကြီးလွန်ရင် လွဲလိမ့်မယ်။ တကယ်တော့ အော်စလိုမှာဒီလိုကြုံမယ်လို့ မမျော်လင့်ထားလို့ သမ္မတရှက်သွားတာ..။ ကြံ့ဖွတ်သမ္မတ တင်မဟုတ်ဖူး၊ နော်ဝေးနိုင်ငံခြားရေးဌာနလည်း အောက်သွားတယ်။ နော်ဝေးမှာဆန္ဒပြတာမဆန်းပေမယ့် သိန်းစိန်အစိုးရကို ဆန့်ကျင်သူမရှိဖူး၊ ပြည်သူက ယုံကြည်ကိုးစားနေတယ်လို့ အပင်းဆို့အယုံသွင်းခံရတော့ မြန်မာ့အရေး သူ ၀င်ရှုပ်ရတာကို ကိုယ့်ဖာသာအဟုတ်ထင်သွားတာ။
ဒါနဲ့ပဲ ဆန္ဒပြသူတွေရဲ့ ဂဲလုံးက ကြံ့ဖွတ်လင်းဒရော..အော်စလိုအစို
တော်လှန်ရေးကျောင်းသားယောင်ဆောင
သူတို့အချင်းချင်းလည်း အတိုင်အဖောက်မညီဖူး။ ဦးစိုးသိန်းက ဦးရဲထွဋ် အာတာ များရင် “မင်းအသာနေစမ်း” ဆိုပြီး ဟောက်သေးတာ။ ကိုယ့်အချင်းချင်းတောင် အထက်အောက်ဆိုတဲ့ စိတ်မာနနဲ့လေးစားမှုမထားရင် သူတို့ အတိုက်အခံတို့ရန်သူတို့ဆိုရင် အသေဆော်မယ့် ကြေးစားစစ်သားအကျင့် ကျုပ်တို့က နောကြေနေပြီ။ အစိုးရတက်တာ (၂)နှစ်ကြာပြီ။ ခုထိ လူထုကို သေနတ်နဲ့ပစ်၊ မိုင်းနဲ့ခြိမ်းခြောက်တာ သူတို့ စိတ်အခြေခံကို ပြနေတာပဲ။ ၀န်(၂)ပါးကတော့ သူတို့က ပြောင်းချင်တယ်။ စစ်တပ်နဲ့ကြံ့ဖွတ်ပါတီကခေါင်းမာ
ကဲ စကားကြောရှည်တယ်။ အချိန်ရရင် သေချာလေး ထပ်ရေးမယ်။ လောလောဆယ် ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြ။ အပြင်ကရဲဘော်တွေရော အထဲကရဲဘော်တွေရော ကိုယ့်အလုပ်ကိုယ်လုပ်။ တကယ့် အောင်ပွဲက တိုက်ပွဲအဆုံးတ်မှာပဲရှိတယ်။ အေး..ပြည်ပမှာနေလို့ သိတ်ချမ်းသာတယ်လို့အထင်ကြီးနေသူ
ဖောက်ပြန်တဲ့အစိုးရတွေ တခုပဲ မှတ်ထားပါ။
ကျုပ်တို့ ရှင်သန်နေသေးတယ်။
မတရားမှုတွေရှိနေသရွေ့ ကျုပ်တို့ သူပုန်ထနေမယ်။
ကိုညို(အော်စလို)
No comments :
Post a Comment