"နိုင်ငံတော် အမျိုးသားလုံခြုံရေးအတွက်
ဒေါက်တာ ဆိတ်ဖွား ကို အရေးယူတော့မည်။"
-ရန်ကုန်သား-
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အတွင်း ပညာရှိ အမတ်မင်းကြီးများ က နိုင်ငံတော် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေးအတွက် အင်တာနက် ကလောင်ရှင် ဒေါက်တာ ဆိတ်ဖွား ကို အရေးယူတော့မည် လို့ ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးခင်အောင်မြင့် က လွှတ်တော်ထဲမှာ ဂုဏ်ယူ ၀ံ့ကြွားစွာဖြင့် ရဲရဲတောက် ဖတ်ကြားသွားပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အတွင်း ပညာရှိ အမတ်မင်းကြီးများ က နိုင်ငံတော် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေးအတွက် အင်တာနက် ကလောင်ရှင် ဒေါက်တာ ဆိတ်ဖွား ကို အရေးယူတော့မည် လို့ ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးခင်အောင်မြင့် က လွှတ်တော်ထဲမှာ ဂုဏ်ယူ ၀ံ့ကြွားစွာဖြင့် ရဲရဲတောက် ဖတ်ကြားသွားပါတယ်။
“ဥပဒေ အထက်တွင်
လွှတ်တော် ရှိသည်။” ဆောင်ပါးအမည်ဖြင့် ချွတ်ချော်တဲ့ လွှတ်တော် နှင့် ပညာရှိ အမတ်မင်းကြီးများ ကို အင်တာနက် စာမျက်နှာ ပေါ်တွင် ဝေဖန်ရေးသားနေသည့် ဒေါက်တာ ဆိတ်ဖွား ကို အဖွဲ့ဝင် ၁၇
ဦးပါဝင်သည့် ပညာရှိ လွှတ်တော် အမတ်မင်းကြီးများ စုံစမ်းရေး
ကော်မရှင် ဖွဲ့စည်းကာ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ရှာပုံတော်ဖွင့်ကြပါတော့မည်။
ပြည်ထောင်စုလွှတ်တော် အတွင်းမှာ ပညာရှိ လွှတ်တော် အမတ်မင်း များ က နိုင်ငံတော်လုံခြုံရေး နှင့် တိုင်းပြည်အတွက် အင်မတန်
မှ အရေးကြီးသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒကြီး ကို ရဲရဲတောက် ဆုံဖြတ်ချက် ချလိုက်တာပါ။
ဒီ ဆုံးဖြတ်ချက်ဟာ
တိုင်းပြည်အတွက် အင်မတန်
မှ အရေးကြီးသည့် ဆုံးဖြတ်ချက်ကြီး
တခု ဖြစ်ပါတယ်လို့ လည်း ပညာရှိလွှတ်တော်အမတ်မင်းများ
က မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ တစာစာ နဲ့
ပြောဆိုနေ ကြတယ်။
ရန်ကုန် မြို့ မှာ နေထိုင်နေကြတဲ့ ပြည်သူတွေ က တော့ -
" သြော်....လွှတ်တော်က ကျပ် မှ မပြည့်သေးတာ။ လွှတ်တော်မှာ လည်း အလုပ်လက်မဲ့များလာလို့ အလုပ်အကိုင် ရှာဖွေနေတာ ဖြစ်မှာ ပေါ့လို့"
ပြောဆိုနေကြောင်းပါ။
2 comments :
* ဒေါက်တာဆိပ်ဖွား စုံစမ်းစစ်ဆေး ရေး*
လွှတ်တော်ကတော့လုပ်ချလိုက်ပြန်ပြီ
အရှူးတွေစုထားတဲ့လွှတ်တော်က
အရှူးအလုပ်ကိုပဲ လိုက်လုပ်တော့မှာပေါ့လေ
လူရယ်စရာအလုပ်တွေကို ရေးကြီးခွင်ကျယ်လုပ်နေတာကိုအံသြစိတ်ပျက်မိတယ်။
* ဒေါက်တာဆိပ်ဖွား စုံစမ်းစစ်ဆေး ရေး*
လွှတ်တော်ကတော့လုပ်ချလိုက်ပြန်ပြီ
အရှူးတွေစုထားတဲ့လွှတ်တော်က
အရှူးအလုပ်ကိုပဲ လိုက်လုပ်တော့မှာပေါ့လေ
လူရယ်စရာအလုပ်တွေကို ရေးကြီးခွင်ကျယ်လုပ်နေတာကို အံသြစိတ်ပျက်မိတယ်။
Post a Comment