Friday, 8 February 2013

ဧရာဝင်္တီ လင်း ပိုင် တွေကို ချစ် ပါ။

ကမ္ဘာ့ပေါ်မှာ မရှိသလောက်ရှားတဲ့ ရေချိုလင်းပိုင် ကို မြန်မာနိုင်ငံက ပိုင်ဆိုင်ထားပါတယ်။ ဧရာဝတီလင်းပိုင်ရယ်လို့ ကမ္ဘာမှာထင်ရှားပါတယ်။ ဧရာဝတီလင်းပိုင်တွေဟာ ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးကြလို့ ဂေဟစနစ်ပြောင်းလည်းလာတဲ့အခါ ဆက်လက်အသက်ရှင်ဖို့ခက်ခဲလာကြပြီ။ ယနေ့ မင်းကွန်းအောက်ဖက်ကိုရွေ့ပြောင်း ကျက်စားလာတာကို တွေ့မြင်ရပါတယ်။ကမ္ဘာလှည့်ခရီးသွားတို့အတွက် ကံကောင်းခြင်းလက်ဆောင်တခုပါပါဘဲ။ ဟိုးအရင်က ဒေါ်လာ ထောင်ချီအကုန်ကျခံပြီး ဗန်းမော်အောက်ဖက် တဝိုက်သွားကြည့်ကြရတယ်။ အခု ဒေါ်လာ ဆယ်ဂဏန်းလောက်နဲ့ ကြည့်လို့ရတယ်။ စိတ်မကောင်းစွာကြားရတာကတော့ (မော်တော်ဆရာပြောပြချက်) ခုဒီရက်ပိုင်း မင်းကွန်းဘက်ရောက်လာတဲ့ ဧရာဝတီလင်းပိုင်တွေ ရဲ့ အရေအတွက်ဟာ ၁၅ကောင်လောက်ရှိမယ်။ တလောကတော့ ညမိုးချုပ်ချိန် ဧရာဝတီမြစ်အတွင်း လျှပ်စစ်ရှော့တိုက်ပြီး ငါးဖမ်းသူတွေကြောင့် ၂ကောင်သေသွားခဲ့ရပြီ။
Like · · · 7 hours ago ·

No comments :