ရခိုင်လူမျိုးများ
ဒေါသထွက်နေသည့် “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” ဆောင်းပါး ကို ပညာရေး
ဒုဝန်ကြီးတစ်ဦး ရေးသည် ဟု Hot News တာဝန်ရှိသူတစ်ဦးက ပြောသည် ဟု ဆို
By Thaung Kywre
စစ်တွေ ၊ ၀၄ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]
“ရခိုင်မိန်းကလေး အများအပြားမှာ ခေါ်တောမယားများ ဖြစ်ကုန်ကြပါသည်” ဟူ၍
ရေးသားထားသည့် ဇွန်န၀ါရီလ (၂၄) ရက်နေ့ ထုတ် Hot News ဂျာနယ်ပါ
“အမျိုးဂုဏ်ကို စောင့်ထိန်းပါ” ဆောင်းပါးရှင် ပစ်တိုင်းထောင် မှာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးတစ်ဦးဖြစ်သည် ဟု Hot News
ဂျာနယ်တိုက်မှ တာဝန်ရှိသူတစ်ဦးက စုံစမ်းမေးမြန်းသူ ရခိုင်လူမျိုးတစ်ဦးအား
ပြောကြားလိုက်သည် ဟု သိရသည်။
ဗိုလ်ကြီးအဆင့်ဖြင့်
ရခိုင်ပြည်နယ်တွင် လည်းကောင်း၊ ၁၉၈၉-ခုနှစ်တွင် အရှေ့မြောက်ဒေသတွင်
ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း၊ ၁၉၈၉-ခုနှစ်တွင် န၀တရုံးတွင် လည်းကောင်း
တာဝန်ထမ်းဆောင်ဖူးသူ ဟု ဆိုသူ ဆောင်းပါးရှင် ပစ်တိုင်းထောင် ၏
ဆောင်းပါးတွင် အဓိကရည်ရွယ်ရင်းမှာ မြန်မာအမျိုးသား အမျိုးသမီးငယ်များ
အနေဖြင့် မိမိတို့လူမျိုးကို ထိန်းသိမ်းစောင့်ရှောက်ကြပါ ရန်
တိုက်တွန်းသည့်သဘော ဖြစ်ပုံရသော်ငြားလည်း၊ ဆောင်းပါးတစ်နေရာတွင်
ဆောင်းပါးရှင်နှင့် ယှဉ်ဖက်တိုက်ခိုက်ခဲ့ရသူ ရခိုင်ပြည်နယ်အတွင်းရှိ
ကွန်မြူနစ်များက ရခိုင်သူများကို ခေါ်တောကုလားများ ဘေးအန္တရာယ်မှ
ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့ သောကြောင့် “ရခိုင်မိန်းကလေး အများအပြားမှာ ခေါ်တောမယားများ ဖြစ်ကုန်ကြပါသည်” ဟု ၄င်း က ရေးသားထားသည်။
ပညာရေးဝန်ကြီးဌာနကို ဦးဆောင်နေသော ပြည်ထောင်စု ဒုဝန်ကြီး သုံးဦးအနက်
ဒေါက်တာမျိုးမြင့် နှင့် ဒေါက်တော ဘရွှေ တို့မှာ ပညာရေး အသိုင်းအ၀ိုင်းမှ
လာသူများ ဖြစ်ကြပြီး ဒုဝန်ကြီး ဦးအေးကြူမှာ တပ်မတော်တွင်
တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည် ဟု သိရသည်။
ထိုဂျာနယ် ဆောင်းပါး ပျံ့နှံ့ ရောက်ရှိသွားရာ စစ်တွေ ၊ ကျောက်တော် ၊
ရသေ့တောင်အစရှိသော ရခိုင်ပြည်တွင်း မြို့နယ်အသီးသီး မှ စာဖတ်
ပရိတ်သတ်များကလည်း အဆိုပါ ဖော်ပြချက် နှင့် ပတ်သက်၍ ဆောင်းပါးရှင် နှင့်တကွ
Hot News ဂျာနယ်ကို ဒေါသထွက်မိကြကြောင်း Coral Arakan အား ပြောကြား ကြသည်။
ဆောင်းပါးပါ ဖော်ပြချက် များနှင့် ပတ်သက်ပြီး ရန်ကုန် ရခိုင်
အမျိုးသမီး အသင်း၏ စာနယ်ဇင်း ရှင်းလင်းပွဲ ကို ဖေဖော်ဝါရီ ၂ရက်နေ့က
ပြုလုပ်ခဲ့ပြီး၊ အဆိုပါ ဆောင်းပါးသည် ရခိုင် အမျိုးသမီးထု ၏ ဂုဏ်သိက္ခာကို
ထိခိုက် နစ်နာစေသည် ဟု ရခိုင် အမျိုးသမီး အသင်း ဥက္ကဋ္ဌ ဒေါ် စောခင်တင့် က
ကန့်ကွက်ပြောကြားခဲ့သည်။
ဆောင်းပါးတွင် ဖော်ပြသကဲ့သို့
ရခိုင်အမျိုးသမီး အများအပြား ခေါ်တော ကုလားများ ၏ မယားများ ဖြစ်ခဲ့ကြသည်
ဆိုသည့်အချက်မှာ ရခိုင်ပြည်နယ်၏ ပကတိအခြေအနေ နှင့် လုံးဝ ဆန့်ကျင်ကြောင်း
၎င်း က ပြောကြားခဲ့သည်။
“ရခိုင် အမျိုးသမီး အများအပြား
မယားဖြစ်ဖို့ မပြောနဲ့ လက်တစ်ဖက် ကို လက်ချိုးရေ ရင်တောင် မပြည့် ပါဘူး။
ဆောင်းပါးမှာ ပါသလို လက်ထပ်တယ် ဆိုတာ လုံးဝ မရှိပါဘူး။ သူတို့နဲ့
လက်ထပ်ဖို့ ဘယ်မိသားစုက မှလည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဒေါ်စောခင်တင့်က
ပြောကြားကြောင်း ပြည်မအခြေစိုက် မီဒီယာတစ်ခုက ဖော်ပြ သည်။
တပ်မတော်အရာရှိသင်တန်း OTS-65 ကျောင်းဆင်း အငြိမ်းစားဗိုလ်မှူး
တစ်ဦးဖြစ်သူ ဟု သိရသော ဒုဝန်ကြီး ဦးအေးကြူ မှာ ဆောင်းပါးရှင်
ပစ်တိုင်းထောင် ဟုတ်မဟုတ်ကို Coral Arakan က ကာယကံရှင်အား ဆက်သွယ်
မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။
ဆောင်းပါးကြောင့် ဖြစ်ပေါ်ရသော
ထိခိုက် နစ်နာမှု များနှင့် ပတ်သက်၍ Hot News ဂျာနယ်တွင် တရားဝင်
တောင်းပန်မှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ဂျာနယ်မှ အယ်ဒီတာ တစ်ဦး ဖြစ်သူ
ဦးကျော်စိန်က ပြောသည် ဟု လည်း ကြားသိရသည်။
ထိုဆောင်းပါး၏ ဓါတ်ပုံတွင် ဖော်ပြထားသော ရခိုင်တိုင်းရင်းသားရိုးရာဝ တ်စုံ
ဆင်မြန်းထားသည့် အမျိုးသမီးငယ်နှစ်ဦး၏ မိခင်ဖြစ်သူ
ဒေါ်သန်းသန်းအောင်ကလည်း၊ ထိုကဲ့သို့ အထင်အမြင်လွဲမှားမှုကို ဖြစ်စေသော
ဓါတ်ပုံဖော်ပြမှုအတွက် Hot News ဂျာနယ်တိုက် အနေဖြင့် တောင်းပန်ပေးရမည် ဟု
တောင်းဆိုထားသည်။
Hot News အပတ်စဉ်ထုတ်ဂျာနယ်တွင်
အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက် သော ဒေါ်ဟေမာ (ခေါ်) မမ မှာ အငြိမ်းစား
ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးဖြစ်သည်။
( Coral Arakan News အတွက် သောင်းကြွယ် က ရေးသားသည်။)
===============
ဓါတ်ပုံများ
ဝဲဘက်အစွန် - ပြဿနာ ဆောင်းပါး၏ ဖြတ်ပိုင်းပုံ။
အလယ် - ဆောင်းပါးရှင် ပစ်တိုင်းထောင် အဖြစ် သံသယဖြစ်ခြင်းခံရသူ ပညာရေး ဒုဝန်ကြီး ဦးအေးကြူ
ယာစွန် - Hot News ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဟေမာ (ခေါ်) မမ

No comments :
Post a Comment