Tuesday 26 March 2013

ပြည်တွင်းသတင်း

၆၈ နှစ်မြောက် တပ်မတော်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပုံကိုတွေ့ ရစဉ်။

ကချင်သတင်း 

ကချင်ပြည်နယ် ပန်ဝါနှင့် ရှမ်းမြောက်ဒေသများတွင် တိုက်ပွဲဖြစ်နေဆဲ
ဗုဒ္ဓဟူးနေ့၊ မတ်လ 27 ရက် 2013 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်တို့ စစ်ရေးအရှိန် လျော့ချရန် သဘောတူ ထားသော်လည်း ကချင်ပြည်နယ် ပန်ဝါ ဒေသနှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

အစိုးရတပ်ဖွဲ့ဝင်များနှင့် ဒေသခံ နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း၍ လှုပ်ရှားလာမှုကြောင့် KIA တပ်ဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) ပန်ဝါဒေသဘက်တွင် မတ်လ (၂၅) ရက်နေ့ ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ပန်ဝါဒေသမှ အမည်မဖော်လိုသည့် KIA အရာရှိ တဦးက ပြောဆိုသည်။

“ကျနော်တို့ နေရာယူထားတဲ့ စခန်းမှာ သူတို့ ရောက်လာလို့ ကျနော်တို့ remote ဗုံးနဲ့ ဖောက် လိုက်တာ။ အဲတော့ သူတို့ဘက်နေပြီး လက်နက်ကြီး မော်တာနဲ့ပြန်ပစ်တယ်။ ၃၀ မိနစ်လောက် ပစ်ခတ်ကြတယ်။ အဲဒီနောက် မနေ့ညကနေ တစ်ညလုံး နေရာယူနေကြတာ အခုထိပဲ။ ဒီမနက်လည်း လက်နက်နဲ့ အင်အားတွေ လာတိုးချမယ်ဆိုပြီး ဇုတ်လန်းဘက်မှာ ကား ၆၀ ရောက်နေတယ်တဲ့” ဟု အထက်ပါ KIA အရာရှိက KNG ကချင်သတင်းဌာန သို့ပြောသည်။

အလားတူ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၇ နယ်မြေရှိ KIA တပ်ဖွဲ့ဝင်များ တည်ရှိသည့် မန်ကန်း-လွယ်ဟူးမုန်း နေရာသို့ အစိုးရတပ် ခမရ ၃၂၄ တပ်ဖွဲ့များ ထိုးစစ်ဆင် ချဉ်းကပ်လာသောကြောင့် ယမန်နေ့ မနက် ၆ နာရီမှ ၈ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA တပ်မဟာ (၄) မှ အရာရှိ တဦးက ပြောဆိုသည်။

ထို့အပြင် မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီခွဲမှ ၅ နာရီဝန်းကျင်ထိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ရှိ ခလရ ၁၄၅ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။

“၂၄ ရက်နေ့တော့ အစိုးရတပ်တွေ မန်လွမ်ဘက်ကနေ ကျနော်တို့နေတဲ့ နေရာကို တက်လာလို့ ပစ်လိုက်တာ။ ၂ နာရီလောက်ပစ်ခတ်ကြပြီး သူတို့တပ်ဖွဲ့ နောက်ဆုတ်သွားတယ်။ သူတို့ နောက်ဆုတ် သွားတော့ သိန်းဒန်ဘက်ကနေ နောက်အစိုးရစစ်ကြောင်း တစ်ခုပြန်တက်လာတယ်။ အဲဒီပြန်တက်လာတဲ့ အဖွဲ့နဲ့ မနေ့က မနက်ပိုင်းမှာ ပြန်ပစ်ခတ်ကြတယ်။ သူတို့လဲ ပြန်နောက်ဆုတ်သွားတယ်။ အစိုးရတပ်ဖွဲ့တွေက ကျနော်တို့နေရာယူနေတဲ့ နေရာတိုင်းမှာ လိုက်လိုက်နေတာ။ သူတို့လိုက်လို့ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တော့ ပစ်ခတ်ဖြစ်သွားတာ” ဟု အထက်ပါ KIA အရာရှိက ပြောသည်။

ထိုနေ့ တရက်တည်းတွင် KIA တပ်ရင်း ၁၇ နယ်မြေ အခြားနေရာ တခုရှိ KIA တပ်ဖွဲ့များ နေရာယူထားသည့် နမ်ယူးဘွမ်အနီးသို့ အစိုးရ ခလရ ၂၉၀ တပ်ဖွဲ့ အင်အား ၁၀၀ ခန့်က ချဉ်းကပ်လာသောကြောင့် ညနေ ၄ နာရီခွဲ အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပြီး တရက်တည်း တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့သည်။

လက်ရှိ တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရတပ်ဘက်မှ ဒေသတွင်း လက်နက်နှင့် လူအင်အား ဖြည့်တင်းနေသည့်အပြင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု KIA ဘက်က ပြောဆိုသည်။

KIO နှင့် အစိုးရ ကိုယ်စားလှယ်များအကြား မတ်လ ၁၁-၁၂ ရက်နေ့ တွေ့ဆုံပွဲမှ အပစ်အခတ် ရပ်စဲရေး အတွက် နှစ်ဖက် အောက်ခြေတပ်များ အထိ ညွန်ကြားသွားရန် သဘောတူခဲ့ကြသည်။

ဦးဝင်းထိန် ပြောပြီ 

“ဗမာလူမျိုးတွေဟာ မယုံကြည်နိုင်လောက်အောင် ရိုင်းစိုင်းတယ်၊ 
မူဆလင် လူမျိုးတွေဟာ ဒီမှာနေတာကြာလှပြီ ၊ သူတို့ လဲ တိုင်းရင်းသား လူမျိုးဖြစ် တယ် ၊ တိုင်းရင်းသားတမျိုးပေါ့ ”ဟုမိတ္ထီလာမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် ကပြော

မိတ္ထိလာမှာ အဓိက သွေးထိုးလှုံ့ ဆော်သူ ဦးဝင်းထိန်ကို တွေ့ ပြီ
===================================

မိတ္တိလာမြို့ မှာ ရွှေဆိုင်ကနေပြီး အရောင်းအ၀ယ် ပြုလုပ်ကြမှာ ကတောက်ကဆဖြစ်ပြီး ဖြစ်ခဲ့ ကြတယ် ။ အဲဒီနောက် ရိုက်မှုဖြစ်ခဲ့ တယ် ။ ဒီသတင်းကနေပြီး ဆက်လက်ဖြစ်ပွါးခဲ့ တဲ့  အဓိကရုဏ်းမှာ ရဟန်းသင်္ဃာတော် တပါးကို အက်စစ်တွေလောင်း မီးရို့ သတ်ဖြတ်မှု အပြီး နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ ကြရ တယ် ။ မိတ္ထိလာသား ဗုဒ္ဒဘာသာဝင်တွေနဲ့  တိုင်းရင်းသားမဟုတ်သူ လူမျိုးတွေ ဖြစ်ရပ်ကို ဂျာနယ်တွေမှာ ဖေါ်ပြရေးသားနေကြပါတယ် ။ အခုဆိုရင် နိုင်ငံတော်အစိုးရက လုံခြုံရေးတွေကို စနစ်တကျ စီမံချထားပေး ထားတယ်ဆိုတာကို မြင်နေရပါတယ် ။ 

လုံခြုံရေးအတွက် တာဝန်ယူထမ်းဆောင်လာခဲ့ တဲ့  တပ်မတော်သားတွေ ဟာလဲ တချို့ ဆိုရင် သူတို့ ရဲ့  တပ်မအသီးသီးဆီ ပြန်လည် ထွက်ခွါသွားနေ ကြတာကို သတင်းတွေမှာ တွေ့မြင်နေရပါတယ် ။ မန္တလေးတိုင်း ၀န်ကြီးချုပ် ဟာလဲဘဲ မိတ္ထိလာမြို့ ကို အနီးကပ်စောင့်ရှောက်ပြီး တာဝန်ယူကြီးကြပ်ပေးနေ တာ တွေ့ မြင်ရပါတယ် ။

ဒီလိုဖြစ်ပွားခဲ့ တာဟာ ဘယ်ဂယက်တွေကြောင့်မှ မဟုတ်ဘဲ မတော်မဆဖြစ် ခဲ့ ကြရာကနေပြီး ဖြစ်ပွားသွားတာသာဖြစ်တယ် ။ အဓိက မူရင်းအကြောင်းခံက ဒါဘဲဖြစ်ပါတယ် ။

အဲဒီလို ဒုက္ခသည်စခမ်းတွေမှာ ရောက်ရှိနေတဲ့  ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့  တပ်မတော်သားတွေ- ပြည်သူ့ ရဲတွေ- အခြားလူမှုရေးအဖွဲ့ အစည်းတွေနဲ့  ဆရာတော် ဦးဝီရသူ အပါအ၀င် သင်္ဃာတော်တွေတချို့ ကိုလဲ ကူညီဝိုင်းဝန်း ပံ့ပိုးနေကြတာကို တွေ့ မြင်နေရပါတယ် ။

ဒီလို ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က မိတ္ထိလာမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ဟာ -DVB- အင်တာဗျူးမှာ တည်ငြိမ်အေးချမ်း စပြုနေပြီဖြစ်တဲ့  အရေးအခင်းကို ပိုမိုထပ်မံဖြစ်ပွါးအောင် အခုလို ပြောဆို သွားတာတွေ့ ရပါတယ် ။

( မူဆလင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ နေသူများဖြစ်တယ် ၊ အဖွဲ့ ဝင်တွေ လဲ ပါတယ် ၊ ဗမာလူမျိုးတွေဟာ မယုံကြည်နိုင်လောက်အောင် ရိုင်းစိုင်းတယ်၊ ကျနော်က ဘေးကနေ ထိုင်ကြည့်နေခဲ့ ရတယ် ၊ မူဆလင် လူမျိုးတွေဟာ ဒီမှာနေတာကြာလှပြီ ၊ သူတို့ လဲ တိုင်းရင်းသား လူမျိုးဖြစ် တယ် ၊ တိုင်းရင်းသားတမျိုးပေါ့ ၊ 

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာနဲ့ ပါတ်သက်လို့  မူဆလင်တွေမှာ စိတ်ခံစားချက် ရှိနေသလို ဗမာလူမျိုးတွေမှာလဲ စိတ်ခံစားချက်ရှိနေတယ် ၊ အခုလိုပေါက်ကွဲလာတာဟာ အဲဒီရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာကို အခံတွေ ရှိနေလို့ ဘဲ ဖြစ်တယ် ) ။

ဒါက ဦးဝင်းထိန်ရဲ့  ကမ္ဘာသိ အင်တာဗျူး ပြောဆိုတဲ့ စကားဖြစ်တယ် ။ ဒီလိုပြောဆိုတာကို အပြည့်အစုံ ဖေါ်ပြချင်လောက်အောင် စိတ်ခံစားချက် မရှိလို့  ဒီလောက်ဘဲ မှတ်ထားပြီး ရေးသားဖေါ်ပြလိုက်တာဖြစ်တယ် ။
ကောင်းပါပြီ ။

မိတ္ထိလာမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို ကျွန်တော်လေးစားစွာ ပြန်လည် တုန့် ပြန် ရပါတော့မယ် ။ အင်တာဗျူးမှာ ခဏခဏ ပြောသံကြားလိုက်တာ က ဒေါ်အောင်ဆန်းစုကြည်ရဲ့  ညွှန်ကြားမှုအရ မိတ္ထိလာမြို့  အရေးအခင်းကို ထိမ်းသိမ်းစောင့်ရှောက်ဖို့  လာသူလို့  ပြောတာကြားရတယ် ။ ဒီတော့ခါ မူဆလင်လူမျိုးတွေဟာ တိုင်းရင်းသားလူမျိုးပါလို့  ဒေါ်အောင်ဆန်းစုကြည် ကများ ညွှန်ကြားပြီး မိတ္ထိလာမြို့ ကို လာရောက်ခဲ့ လေသလားဗျာ ၊ ဒါက ကျွန်တော့်ရဲ့  ပထမ ဦးစွာ မေးချင်တဲ့  မေးခွန်းဖြစ်တယ် ။ 

ဒုတိယမေးခွန်းကတော့ အခုဖြစ်ပျက်နေတာဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက် ခဲ့တာနဲ့ ပါတ်သက်လို့  ဆက်လက်ပြီး ဖြစ်ပေါ်လာခဲ့ တဲ့  အခံဘဲလို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ခံယူထားလေသလားဗျာ ၊ ဒီလိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ခံယူထားလေမှာ မဟုတ်ဘူးလို့  ထင်ရပါတယ် ။ ဘာဖြစ်လို့ ဆိုရင် ထင်ရှားတဲ့  နိုင်ငံရေးပါတီ တခုဖြစ်တဲ့ အပြင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းကြည် ဦးဆောင်နေတဲ့  ပါတီဖြစ်လို့ လဲဘဲ ကံသေကံမ မသိရဘဲနဲ့  ခိုင်လုံတဲ့  အကြောင်းပြချက် မရှိပါဘဲနဲ့  ဒီမှတ်ချက် ချလေမှာ မဟုတ်ဘူးထင်တယ် ။

မည်သို့ ပင်ဆိုစေကာမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဦးဝင်းထိန်ဟာ အခုလို ကောက်ချက်ချလိုက်တာနဲ့  ပတ်သက်လို့  မိတ္ထိလာမြို့ သူ မြို့ သားတွေကိုရိုင်းစိုင်းတဲ့ လူမျိုးဖြစ်တယ်လို့  ပြောတဲ့ အတွက် နောက်ထပ်မိတ္ထိလာမြို့ သူမြို့ သားတွေကိုစိန်ခေါ်လိုက်တဲ့ အသံကို ပေးသလိုဖြစ်နေပါတယ် ။ နောက်ပြီးတော့ အခုဖြစ်ပျက်သွားတာဟာ ရခိုင်ပြည်နယ် ကို အကြောင်းခံပြီး အခံတွေ ရှိနေတဲ့  စိတ်ကြောင့်လို့  ပြောဆိုတာ ဟာ ငြိမ်သက်နေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်ကိုလဲ ဂယက်ရိုက်ခတ်သွားစေ နိုင်ပါတယ် ။ ဒါ့ကြောင့်မို့ လို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် အဖို့  ကျွန်တော့်ရဲ့  မေးခွန်းနှစ်ခုကို မဖြေဆိုလိုဘူးဆိုရင် မိတ္ထိလာမြို့  အရေးအခင်းမှာ သွေးထိုးလှုံ့ ဆော်သူအဖြစ် ဦးဝင်းထိန် ကို တွေ့ ရှိပြီလို့  ပြောလို့ ရနိုင်ပါပြီ ။ 

ကျွန်တော်တို့ ဟာ အခုလို သွေးထွက်သံယိုဖြစ်ပြီး လူမှုဒုက္ခအ၀၀ ကို ရောက်ရှိစေချင်တဲ့  လူမျိုးတွေ မဟုတ်ကြပါဘူး၊ ဗုဒ္ဒဘာသာဝင် လူမျိုးတွေရဲ့  စိတ်နေသဘောထားနဲ့ ဒုက္ခရောက်သူကို ကူညီခြင်းဆို တာကို နှလုံးမူထားကြသူများဖြစ်ပါတယ် ။ မိတ္ထိလာမြို့ တင်မက အခြား မည်သည့် မြို့ နယ်မှာလဲဘဲ နေအိမ်တွေ မီးရို့ -လူတွေကို အက်စစ်နဲ့ လောင်း-လည်လှီး-မုဒိမ်းကျင့်-သင်္ဃာတော်တွေ ကွယ်လွန်- လူတွေ သေဆုံးကြ ရတာမျိုးကို မမြင်လို မတွေ့ လိုတဲ့  လူတွေဖြစ်ကြပါတယ် ။ ဒါ့ကြောင့်မို့ လို အခုလို အရေးအခင်း အဓိကရုဏ်းဖြစ်ပြီဆိုရင် နုတ်၏စောင့်စည်းခြင်း ၊ ကိုယ်၏စောင့်စည်းခြင်းနဲ့  သတိသံဝေဂ တရားများနဲ့ သင်္ခဏ်းစာများကို ရယူပြီး နောင်ကို မဖြစ်ပွါးရအောင် အပြောအဆို ထိမ်းသိမ်းနေကြ သူများဖြစ်ပါတယ် ။ 

အခုလို မြန်မာနိုင်ငံအတွင်းက ထင်ရှားလှတဲ့  နိုင်ငံရေးပါတီတခု က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် အနေနဲ့  အင်တာဗျူး ပြောဆိုလိုက်သံဟာ ဆက်လက်ပြီး သွေးထွက်သံယိုဖြစ်စေဖို့  အရေးအခင်းများကို စနက်တန်ကောင်းကောင်းနဲ့  ဓါတ်ဆီလောင်းပေး လိုက်သလို ဖြစ်နေပါပကော ၊ ဒါ့ကြောင့်မို့ လို မိတ္ထိလာမြို့ ရဲ့  ပြသနာဟာ ရခိုင်ပြည်နယ်က ဖြစ်ရပ်ကို အခြေခံပြီး အခံတွေ ရှိလို့  ဖြစ်တာ မဟုတ်ကြောင်း ဖြေရှင်းပြောဆိုကြရမှာ ဖြစ်နေပါတယ် ။ မြန်မာနိုင်ငံတ၀န်း မှာလဲဘဲ နောင်မဖြစ်ပွါးရအောင် အစိုးရကနေပြီး စန်စတကျ ထိမ်းသိမ်း ကာကွယ်ပေးဖို့  လိုအပ်ပါတယ် ။ 

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး ရှိပါတယ်လို့  နိုင်ငံတော် သမ္မတဦးသိန်းစိန်က ကမ္ဘာမှာ လှည့်ပတ်ပြောနေခဲ့ သလို မြန်မာနိုင်ငံအတွင်းမှာလဲ အာပေါက်အောင် ပြောဆိုပြီးပါပြီ။ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီကလဲဘဲ အာပေါက်လောက်အောင် ပြောဆိုပြီးပါပြီ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဟာ မူဆလင်လူမျိုးတွေကို တိုင်းရင်းသားလူမျိုးပါလို့  တရားဝင်ထုတ်ဖေါ်ပြောဆိုတာ ဒီအကြိမ် ပထမဆုံးအကြိမ်ဖြစ်တယ် ။ ဒါ့ကြောင့်မို့ လို့ -၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအရ မည်သူက နိုင်ငံသားဆိုသည်ကို မသတ်မှတ်ရခင်မှာ အခုလို တိုင်းရင်းသားလူမျိုးပါလို့  ပြောဆိုထုတ်ဖေါ်လိုက်တာဟာ ကြီးမားစွာသော သံသယများကို ဖြစ်စေပါတယ် ။ 

ခိုင်အောင်ကျော် ( နယူးယောက်)

MTHN(UNIM) ref; by လူထု မောင်ကာဠု
“ဗမာလူမျိုးတွေဟာ မယုံကြည်နိုင်လောက်အောင် ရိုင်းစိုင်းတယ်၊
မူဆလင် လူမျိုးတွေဟာ ဒီမှာနေတာကြာလှပြီ ၊ သူတို့ လဲ တိုင်းရင်းသား လူမျိုးဖြစ် တယ် ၊ တိုင်းရင်းသားတမျိုးပေါ့ ”ဟုမိတ္ထီလာမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် ကပြော

မိတ္ထိလာမှာ အဓိက သွေးထိုးလှုံ့ ဆော်သူ ဦးဝင်းထိန်ကို တွေ့ ပြီ

အမေရိကန်သံရုံး ကြေညာချက်ထုတ်ပြန် ။  

အမေရိကန်သားတွေ ဗမာပြည်သွားရင် သတိထားကြဖို့ အမေရိကန် သံရုံးက သတိပေးနေပြီ..။
မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ 
ဘာသာရေးဆိုင်ရာ မငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံကို ခရီးသွားမယ့် သူတို့ နိုင်ငံသားတွေကို သတိထားဖို့ နဲ့ 
တချို့ နေရာတွေကို ရှောင်လွှဲသွားဖို့ 
ဗြိတိန် နဲ့ အမေရိကန်သံရုံးတွေက ဒီကနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

အထူးသဖြင့် ရန်ကုန်မြို့ မှာမင်္ဂလာတောင်ညွန့် မြို့ နယ်နဲ့ ယုဇနပလာဇာကို ရှောင်ရှားကြဖို့ ရန်ကုန်အမေရိကန်သံရုံး က
သူတို့ နိုင်ငံသားတွေကို သတိပေးထားပါတယ်။

H ( ဓာတ်ပုံ ဇင်ငြိမ်းအေး)

မင်းကိုနိင် က  လက်သည်တရားခံကို ထောက်ပြပြီ။ 

မိတ္ထီလာ အဓိကရုဏ်း မင်းကိုနိုင် နှင့် RFA မေးမြန်းခန်း
===============================
>> မိတ္ထီလာမြို့မှာ အခြေအနေတွေငြိမ်သက်သွားပြီးတဲ့နောက်ပိုင်းပေါ့လေ ပျဉ်းမနားတဝိုက်က ရမည်းသင်းတို့ နောက်ပဲခူးက အုတ်တွင်းတို့ သာယာဝတီ စစ်ကွင်း စတဲ့ဒေသတွေမှာ ရုပ်ရုပ်သဲသဲတွေဖြစ်လာတာတွေ့ရပါတယ်။ ဦးမင်းကိုနိုင်တို့ရော ဒီအခြေအနေတွေကို ဘယ်လိုတွေများ လေ့လာအကဲဖြတ်မိပါသလဲခင်ဗျ။

အော်ကျွန်တော်နောက်ဆုံးပေါ့ဗျာ စစ်ကွင်းက ဒေသခံတွေပြောကြားချက်တွေရော ကျွန်တော်ရောက်ခဲ့တဲ့ မိတ္ထီလာရောပေါ့ နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ့ အတွေ့အကြုံရောပေါ့ အကုန်လုံးကိုသုံးသပ်လိုက်တော့ တူညီတဲ့အချက်တွေ အများကြီးတွေ့နေရတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေ မပါဘဲနဲ့ ဒေသခံပြည်သူတွေက စိုးရိမ်ကြောင့်ကြစွာနဲ့ ဒီကိစ္စတွေရဲ့ မျက်မြင်သက်သေတွေ ဖြစ်နေတာက များတယ်။ တော်တော်များများက အစီအစဉ်တကျ ဝင်လာတာတွေများတယ်ဗျ။ ဒါက အကုန်သိထားပြီးတဲ့အတိုင်းပါပဲ မီးတွေပျက်သွားတယ်၊ တယ်လီဖုန်းလိုင်းတွေပျက်သွားတယ်၊ ဝင်လာကြတယ်၊ ဒါပေမဲ့ ပြီးတဲ့အခါကျတော့ ခရာတွေ မှုတ်ပြီးတော့ သူတို့ တိုက်ခိုက်ရေးသမားတွေ ပုံစံနဲ့ပေါ့ဗျာ အဲဒီမှာ ဖျက်စီးတာတွေရှိတယ်။ အဲဒါတွေအကုန်လုံးကြည့်လိုက်တဲ့အခါကျတော့ မျက်နှာစိမ်းတွေက ဝင်လာပြီးတော့ တချို့နေရာတွေမှာ မိတ္ထီလာဆိုပါတော့ဗျာ ဘယ်ဘာသာပဲဖြစ်ဖြစ် သူတို့ဖျက်ပစ်တာပဲ အိမ်တွေကို။ အဲဒီတော့ ဒါက ဘာသာရေးအရဖြစ်နေတာမဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ။ လူမျိုးရေးအရလည်း မဟုတ်ဘူးဗျ။ ဒီ.. လူတွေဟာ ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့သွားပြီးတော့ နောက်ထပ်ကယ်တင်ရှင် တစ်ခုခုကို မျှော်ရတဲ့ အနေအထားမျိုး ရောက်သွားအောင် လုပ်တယ်ဆိုတာမျိုးတော့ အဖြစ်ခံလို့မရဘူး။ ဒါကျွန်တော်တို့ပြည်သူတွေက ကျွန်တော်တို့အားလုံးပေါ့ ဝိုင်းပြီးတိုက်တွန်းကြတယ် ဘာသာရေးခေါင်းဆောင်တွေရော နိုင်ငံရေးခေါင်းဆောင်တွေရော ကျွန်တော်တို့ တိုင်းရေးပြည်ရေးအတွက် စိုးရိမ်ကြောင့်ကြတဲ့လူတွေ အကုန်လုံးက တိုက်တွန်းကြတဲ့အပေါ်မှာ ပြည်သူတွေက အရင်လောက် မအတဲ့အခါမှာ သူတို့ထင်သလောက် မရဘူးပေါ့ဗျာ။ အဲဒီအခါကျတော့ ရန်ကုန်မြို့မှာတစ်ခါ စာတွေကြဲ ပြီးတဲ့အခါကျတော့ ကျီးလန့်စာစားဖြစ်အောင်လုပ်ပေါ့ဗျာ။ ဒါတွေအကုန်လုံးဟာ အစီအစဉ်ရှိရှိနဲ့ ရည်ရွယ်ချက်ရှိရှိ ကောက်ကျစ်တဲ့လုပ်ငန်းပဲလို့ ကျွန်တော်မြင်တယ်ဗျာ။ အဲဒီတော့ အာဏာရေးပဲပြောပြော၊ သူတို့ ကစားကွက်တွေကြားထဲမှာတော့ ကျွန်တော်တို့ပြည်သူတွေ ထောင်ချောက်ထဲမဝင်မိဖို့ အရေးကြီးဆုံးပေါ့။

>> ဘယ်လိုထောင်ချောက်မျိုးဖြစ်နိုင်မလဲခင်ဗျ။ အခု မျက်နှာစိမ်းဆိုတဲ့ ပုဂ္ဂိုလ်တွေက အခုလို အစီအစဉ်ကျကျ လုပ်နိုင်တယ်ဆိုတော့ အာဏာပိုင်တွေနဲ့ တစ်နည်းတစ်ဖုံအားဖြင့် ပတ်သတ်မှုရှိနိုင်တယ်လို့ ဆိုလိုတာလားခင်ဗျ။

ဒီလိုဗျ၊ အုပ်စုတွေက အများကြီးရှိကြတယ်ဗျ။ ဒီတော့ နံပါတ်တစ်က ကျွန်တော်တို့ ပြည်သူတွေကို အခုအစိုးရအဖွဲ့ကနေ ပြောပြီလေ နောက်ကွယ်ကနေပြီးတော့ စနစ်တကျ ကြိုးကိုင်လှုပ်ရှားနေသူတွေရှိတယ်ဆိုတာ အဲဒီတော့ သူတို့ကိုဖော်ထုတ် အရေးယူပြဖို့ပဲလိုတယ်ဗျ။ အဲဒီတော့ ဘာမှ စိုးရိမ်လက်တွန့်နေဖို့မလိုဘူးဗျာ ပြည်သူတွေကလည်း အဲဒါကိုမျှော်လင့်နေတာပဲ ဘယ်သူတွေ ကြိုးကိုင်ပြီးတော့ ဘယ်လိုလုပ်နေလဲဆိုတာကို ပြည်သူတွေသိပ်သိချင်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကအင်မတန်ထိခိုက်ရမယ့်ကိစ္စ။ အဲဒီတော့ လက်ရှိအစိုးရအနေနဲ့ သက်သေအကောင်းဆုံးပြနိုင်လို့ရှိရင် ဒီပွဲဟာ ဘယ်သူတွေဖျက်ခဲ့တယ်ဆိုတာ ပေါ်မှာပေှါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ကျွန်တော်တို့ စိုးရိမ်ကြောင့်ကြမှုအရှိဆုံးကတော့ အဲ့ဒီ ကိုယ့်မြို့ ကိုယ့်ရွာမှာ လုံခြုံအောင် ဝိုင်းထိန်းကြဖို့ပဲ။ လန့်ပြီးတော့ လက်ဦးမှုယူလိုက်တာမျိုးမဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။

>> ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ဒီကနေ့ နိုင်ငံရေးပါတီ ၃၀ လောက်နဲ့ တွေ့တဲ့အချိန်မှာ ပြောတာရှိပါတယ်၊ နိုင်ငံရေးပါတီ တစ်ချို့ကလည်း ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ သူပြောသွားတယ်ပေါ့လေ။ ဆိုတော့ ဦးမင်းကိုနိုင်တို့ရော ဒီလိုမျိုး ဆက်စပ်တွေးယူလို့ရပါသလားခင်ဗျ။

ကျွန်တော်တို့က ဒီဟာကို နာမည်နဲ့တစ်ကွ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာမျိုးကို ပြောဖို့တော့ ခက်ပါတယ်။ သို့သော် သေချာတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ခုတစ်ဖွဲ့ကတော့ အနည်းဆုံးဆုံးပေါ့ဗျာ၊ ဒါကို ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်တာပဲ။ သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို မရောက်နိုင်သေးတဲ့အခါမှာ ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ၊ သွေးချောင်းစီးမယ့် ကိစ္စတွေကို ထပ်ပြီးတော့ ကြိုးစားနေမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒေသန္တရအုပ်ချုပ်ရေးတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဖို့ပဲ အရေးကြီးတယ်ဗျ။ တစ်စုတစ်ဖွဲ့ထဲမရဘူးနော်၊ သိပ်သေချာတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေလည်းပါ၊ အရပ်ဖက်လူ့အဖွဲအစည်းတွေလည်းပါ၊ အုပ်ချုပ်ရေးတွေလည်းပါ၊ ပြီးတဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေလည်းပါ၊ အဲဒီလို အကုန်လုံး လက်ချင်းချိတ်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာ ကာကွယ်ထား။ မဟုတ်ရင် သံသယတွေနဲ့ ကြီးထွားနေလို့ရှိရင် လန့်ပြီးတော့ လက်ဦးအောင် လုပ်လိုက်မှာမျိုး ကျွန်တော်သိပ်စိုးရိမ်တယ်။ နောက်မှ မှားမှန်းသိတာမျိုးပေါ့ဗျာ။ အဲဒါကြေကွဲစရာကောင်းလိမ့်မယ်။

>> ကြိုတင်စီမံနိုင်တယ်။ ဥပမာ မီးဖြတ်တာအပါအဝင် စနစ်တကျလုပ်ဆောင်နိုင်တယ်ဆိုတော့ ဘာကြောင့် ဒီလို အလွယ်တကူလုပ်နိုင်ရတယ်လို့ရော ယူဆပါသလဲခင်ဗျ။

အင်းပေှါ့ဗျာ… ကျွန်တော်တို့ သာမန်ပြည်သူတွေ အနေနဲ့ကတော့ဗျာ ကိုယ့်စီးပွားကိုယ်ရှာပြီးတော့ ကိုယ့်ဟာကို အေးအေးနေကြတာကိုး။ ဒီဟာတွေက ဘယ်ကတည်းက ဘယ်လောက် ပြင်ဆင်ထားလဲဆိုတာ ကျွန်တော်တို့မှ မသိတာ။ အရေးကြီးတာက ကျွန်တော်တို့တိုင်းပြည်မှာ ရဲအဖွဲအစည်းတွေ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အင်မတန်များတာပဲဗျာ ကွန်ရက်တွေ အင်မတန်ကောင်းတာပဲ၊ သူတို့ဖော်ထုတ်ပြဖို့ လိုပါတယ်။ ပြည်သူလူထုက ဒီပွဲမှာ ဘယ်သူတွေ ဒီလောက်ကောက်ကျစ်ပြီးတော့ ဒီလောက် အကြံကြီးကြီးလုပ်ခဲ့လဲဆိုတာကို သိပ်သိချင်နေကြတယ်ဗျာ။ နောက်ပြီးတော့ လုံခြုံတဲ့ဘဝအနေနဲ့က ကျွန်တော်တို့ အရပ်သားချင်း ခုခံကာကွယ်ထားရတဲ့ အနေအထားက ကာလတစ်ခုပဲရမှာကိုးဗျ။

>> ဒီအန္တရာယ်က ဘယ်လောက်အထိကြီးမားနိုင်သလဲ၊ ဦးမင်းကိုနိုင် ဘယ်လိုများအကဲဖြတ်လို့ရပါသလဲ။

ဒါကတော့ ကျွန်တော်တို့အားလုံးရဲ့ အစွမ်းအစအပေါ်မူတည်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ အဓိကက ဥာဏ်အမြော်အမြင်ပဲဗျ။ ဒီဟာက သူတို့သဘောအတိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ပြည်သူတွေ အဲဒီလမ်းကြောင်းထဲ မဝင်သွားသရွေ့၊ အဲဒီအမှားတွေနောက်ကို မပါသွားသရွေ့၊ သူတို့လိုချင်တဲ့ လမ်းကြောင်းမရောက်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥာဏ်အမြော်အမြင် ဘယ်လောက်ကြီးသလဲ၊ အချင်းချင်း ညီညွတ်မှု ဘယ်လောက်ရှိသလဲ အဲဒီအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ယုံပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်နိုင်မယ်။ အဲဒါကို လက်ချင်းချိတ်ပြီးတော့ ကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံပါတယ်။ ဒီ သွေးချောင်းစီးတဲ့ ဇာတ်လမ်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ ထပ်အဖြစ်ခံလို့မရဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်နေရာမှာမ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အလောင်းကို မကောက်ရအောင် ကျွန်တော်တို့ ဝိုင်းကာကွယ်ရလိမ့်မယ်။

>> သွေးချောင်းစီးအောင်၊မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့သူတွေကို စုံစမ်းဖော်ထုတ်တဲ့နေရာမှာပေါ့လေ လက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ကော ဘယ်သူတွေက ရန်သူ၊ ဘယ်သူတွေက မိတ်ဆွေ ဆိုပြီးတော့ ကွဲကွဲပြားပြား သိမြင်ဖို့က ဘယ်လောက်အထိ အခက်အခဲရှိနိုင်မလဲခင်ဗျ။

ဒါက ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လောက် အဲဒီ အဓိကရုန်းဖန်တီးသူတွေ အပေါ်မှာ ဘယ်လောက်ကိုင်တွယ်နိုင်လဲ၊ ဘယ်လောက်တားဆီးနိုင်လဲ ဆိုတာလည်း အရေးပါတဲ့ အချက်ပဲ။ နောက်တစ်ခုက ဘာကြောင့်မို့လို့ ဒီလောက် ရှောရှော ရှူရှူ ဝင်လို့ထွက်လို့ရပြီးတော့ ကြက်ပျောက်ငှက်ပျောက် ပြန်ပျောက်သွား၊ ဘယ်လိုပေါ်လာလဲ ဒါတွေအကုန်လုံးဟာ ဒေသန္တရဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ဘယ်လောက် အလုပ်လုပ်နိုင်လဲဆိုတာအပေါ် မူတည်တယ်ဗျ။ ဆိုကြပါတော့ ကျွန်တော်တို့ အစွန်းနှစ်ဖက်ကို ရောက်ရောက်သွားတာကို ကျွန်တော်တစ်ချက်ထောက်ပြချင်တယ်။ အရင်တုန်းကဆိုလို့ရှိရင် အဖြူအစိမ်းဝတ်တဲ့ ကျောင်းသားလေးတွေ ဒေါင်းအလံကိုင်ပြီးတော့ ချီတက်ရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ သံဃာတွေ မေတ္တာသုတ်ရွတ်ပြီးတော့ စီတန်းရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ အစွန်းတစ်ဖက်ပဲဗျ၊ နောက်တစ်ခါကျတော့ အခုလို လက်နက်တွေ ကိုင်ဆောင်ပြီး တော့ ဝင်ရောက်ဖျက်ဆီးနေတာကို မနှိမ်နင်းနိုင်တာ မတားဆီးနိုင်တာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက်တော့ ဘယ်လိုမှရောက်လို့မရဘူး။ ကျွန်တော်တို့က ဒီလိုပြောလိုက်လို့ဟိုဘက် အစွန်းရောက်သွားတယ်၊ ဟိုဘက်ကိုပြောလို့ ဒီဘက်အစွန်းရောက်သွားတယ်ဆိုတာတော့ ဘယ်ဖြစ်လို့ရမလဲဗျ။ ဒါသူတို့ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ တည့်တည့်မတ်မတ်ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါအရေးအကြီးဆုံးပါ။

>> လက်ရှိကိုင်တွယ်နှိမ်နင်းမှုတွေမှာပေါ့လေ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်လာအောင် အစိုးရအနေနဲ့ နောက်ထပ်တစ်ဆင့်တိုးပြီးတော့ ဘာတွေများ လုပ်ဆောင်ဖို့လိုနေတာ တွေ့ရပါသလဲခင်ဗျ။

အဓိကကတော့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေကိုလည်း မခြိမ်းခြောက်ဖို့အရေးကြီးတာပေါ့။ တကယ်က ဥာဏ်အမြော်အမြင်ရှိရင်ဗျာ… လုံခြုံရေးတပ်တွေကို အခုဝင်လာတဲ့ လမ်းကြောင်းတွေက ထင်ထင်ရှားရှား ပေါ်ပေါ်လာတာမျိုးတွေပါဗျာ၊ အဲဒီတော့ မြို့အဝင်အထွက်တွေမှာ စနစ်တကျ ကြည့်နိုင် ရှု့နိုင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ ပူးပေါင်းတဲ့အားကိုလည်း ယူဖို့လိုတယ်။ ပြည်သူလူထုကို အကူအညီတောင်းပြီးတော့ လက်တွဲလို့ရှိရင် ရတယ်ဗျ။ ပြည်သူလူထုက ကူညီဖို့ အဆင်သင့်ပဲ။

>> ပြည်သူတွေဘက်ကရော ဘာတွေများ သတိပြုဖို့လိုနေပါသလဲ ခင်ဗျ။ ခုအချိန်မှာပေါ့လေ။

ထောင်ချောက်ထဲမဝင်မိဖို့ပါပဲ။ ကျွန်တော်တို့အားလုံး အသက်သွေးချွေးတွေနဲ့ ဘဝတွေနဲ့ ရင်းနှီးတည်ဆောက်ထားတဲ့ အခုရက်သားနုနုနယ်နယ် ဒီမိုကရေစီလမ်းကြောင်းပေါ် တင်နေတုန်းရှိသေးတယ် ဒါကို ကျွန်တော်တို့ နောက်ကြောင်းအပျက်အစီးခံဖို့ မရဘူးပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေ ဒီလောက်ဆိုရင် သိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ သိပ်ညံ့တဲ့ပြည်သူတွေမဟုတ်ပါဘူး။

No comments :