ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာ
2013-03-29
ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက
၁၀၀ နီးပါးလောက်ဟာ စက်ရုံအုပ်ချုပ်ရေးက အလုပ်သမားအခွင့်အရေး ဆက်လက်
ချိုးဖေါက်နေတာကြောင့် သူတို့ သဘောဆန္ဒအတိုင်း အလုပ်ထွက်လိုက်ကြပြီး မတ်လ ၂၉
ရက် ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။
အခုပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ စာချုပ်သက်တမ်းမပြည့်ခင်
အလုပ်ထွက်လိုက်ကြတဲ့အတွက် အလုပ်သမားတစ်ဦးကို ဒေါ်လာ (၁၄၀) လျှော်ကြေးပေးပြီး
ပြန်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
CMJ
အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ
စက်ရုံကကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့
ဆက်ဆံရေးညံ့ဖျင်းမှုနဲ့ လစာငွေနည်းပါးမှုတွေကြောင့် ဖြေရှင်းပေးဖို့ 
စက်ရုံအာဏာပိုင်တွေကို ဆန္ဒပြ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် စက်ရုံဖက်က မလိုက်လျောတာကြောင့် မူလက CMJ စက်ရုံမှာ
မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀၀ နီးပါးရှိခဲ့ပေမယ့် အခုတော့ ထက်ဝက်လောက်
ပြန်လာကြတယ်လို့လည်း သိရပါတယ်။
ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံး
မရှိတာကြောင့် အလုပ်သမားတွေရဲ့ နစ်နာမှုကို တိုင်ကြားနိုင်တဲ့ အဖွဲ့အစည်း
မရှိတဲ့အပြင် မြန်မာနိုင်ငံက ကိုယ်စားလှယ်လွှတ်ပြီး ဖြေရှင်းပေးမယ်လို့
သူတို့ သိရှိခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ဘူးလို့လည်း အလုပ်သမားတွေက
ပြောပါတယ်။
ဆူပူ အကြမ်းဖက်မှုများတွင် အစိုးရပိုင်း ပါဝင်ပတ်သက်နေဟု UN ပြော
_________________________________________________
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင်
မြန်မာအစိုးရပိုင်းမှ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကမ္ဘာ့ ကုလသမဂ္ဂက
ပြောဆိုသည်ဟု AFP သတင်းတရပ်၌ ဖော်ပြထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ
အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟင်
ကန်တားနားက မကြာသေးခင်က မြန်မာနိုင်ငံတွင်း၌ ဖြစ်ပွားခဲ့သော
အဓိကရုဏ်းများတွင် မြန်မာအစိုးရ၏ ပါဝင်ပတ်သက်မှုများ ရှိခဲ့ကြောင်း၊
လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး ဗလီနှင့် အဆောက်အဦး ဖျက်ဆီးမှု များတွင်
အစိုးရ လုံခြုံရေး အဖွဲ့အစည်းများ၏ တာဝန်ယူ စောင့်ရှောက်ပေးမှု
အားနည်းခဲ့ကြောင်း၊ ၎င်းအပြင် စနစ်တကျ စုစည်းထားသည့် ဖျက်ဆီးရေးအဖွဲ့များလည်း
ပါဝင်ပတ်သက်နေကြောင်း အထောက်အထားများ ရရှိထားသည်ဟု ဆိုသည်။ ယင်း
ဆူပူအကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်
အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူပေါင်း ၁၂၀၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။
__________________________________________________
Irrawaddy- 29-302013
Ref: http://burma.irrawaddy.org/archives/36644#.UVVw7MXw3qs.facebook
Myanmar Islam association says riots are not
motivated by religion
Details
Published
on Thursday, 28 March 2013 10:19
Ongoing riots in Myanmar are not conflicts between
Buddhists and Muslims but are intentionally planned by a certain group of
perpetrators, according to a statement released by the All Myanmar Islam
Association on Tuesday.
The six-point statement said that the religious issue
has been exaggerated into the main issue for the conflict. Riots are
intentionally created by the ill-will of perpetrators who want to damage the
peace and tranquility of the state, the statement said without naming the
perpetrators.
The statement also said the people who want to live
peacefully are opposed to the riots.
The statement blames authorities, saying they have poorly handled the riots in
which lives and property of Muslims were lost or destroyed.
The association also called on the government to take
immediate action against any person or organisation that had a hand in the
rioting, in accordance with the law.
The Islam Association expressed thanks to the monks,
Buddhist laypeople, Christians and Hindus who helped and guarded Muslim people
during the crisis without showing discrimination.
Created on Wednesday, 27 March 2013 20:10
ယခုရက်ပိုင်းများအတွင်း ဖြစ်ပေါ်နေသော
ပဋိပက္ခများသည် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားသော ပြဿနာဟု
မယူဆဘဲ ကြိုတင် စီစဉ်အကွက်ချပြီး လုပ်ဆောင်သော လူတစ်စု၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း
မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ မတ်လ ၂၆ ရက်နေ့
ရက်စွဲဖြင့် သဘောထား ကြေညာချက် (၂/၂၀၁၃) ကို ထုတ်ပြန်ခဲ့ပါသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်
ဘာသာရေး အဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည် သဘောထား ထုတ်ပြန်ချက်တွင် အချက် (၆)
ချက်ပါဝင်ပြီး ယခု လက်ရှိ ဖြစ်ပေါ်နေသော ဖြစ်ရပ်များကြောင့် အေးချမ်းစွာ
နေထိုင်ကြသည့် ပြည်သူအများ နှလုံးစိတ်ဝမ်း မချမ်းမြေ့မှုများ ဖြစ်ပေါ်
ခံစားနေကြကြောင်း၊ ထိုဖြစ်ရပ်များသည် ဗုဒ္ဓ ဘာသာဝင်များနှင့် အစ္စလာမ်
ဘာသာဝင်ဝင်များအကြား ဖြစ်ပွားနေသည်ဟု မယူဆကြောင်း၊ ဖြစ်စဉ် တစ်ရပ်လုံးမှာ
ဘာသာရေးကို ခုတုံးလုပ်ကာ ကြိုတင် အကွက်ချ ဖန်တီးလှုံ့ဆော်မှုများဖြင့် နိုင်ငံတော်
အေးချမ်းသာယာရေးကို ဖျက်ဆီး လုယက် ဆူပူရမ်းကားလိုသော လူတစ်စု၏ အကြမ်းဖက်
ဆောက်ရွက်ချက် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
ထို့အပြင် အစ္စလာမ် ဘာသာဝင်များ၏ အသက်၊
အိုးအိမ်များ၊ ဗလီ ၀တ်ကျောင်းတော်များနှင့် ဘာသာရေး စာသင်ကျောင်းများ
ပျက်စီးဆုံးရှုံးရခြင်းမှာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှ ထိရောက်စွာ ဟန့်တား
ကာကွယ် အရေးယူ ဆောင်ရွက်မှု လျော့နည်း ပျက်ကွက်မှုကြောင့် ဖြစ်ရကြောင်း သုံးသပ်
တွေ့ရှိသည်ဟု ဖော်ပြခဲ့ပြီး အကြမ်းဖက်မှုများတွင် ပါဝင် ဆောင်ရွက်သူများနှင့်
နောက်ကွယ်မှ စီစဉ် အကွက်ချ ဖန်တီး လှုံ့ဆော်သူများအား ဥပဒေ ပြဌာန်းချက်များနှင့်
အညီ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အမြန်ဆုံး အရေးယူ
ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့သည်။
ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင်
လူမျိုး ဘာသာ မခွဲခြား ထိန်းသိမ်း စောင့်ရှောက်မှု ပေးခဲ့ကြသော ဗုဒ္ဓဘာသာဝင် ဆရာတော်
သံဃာတော်များများ၊ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များနှင့် ဟိန္ဒူ
ဘာသာဝင်များတို့အား အထူး အလေးအနက် ကျေးဇူးတင်ကြောင်းလည်း သဘောထား ထုတ်ပြန်ချက်တွင်
ဖော်ပြခဲ့ပါသည်။
စီကာစဉ်ကာ ပူရသော "စဉ်ကာပူ" နိုင်ငံတော်သစ်ကြီးဆီသို့။
စစ်ခရိုနီဆန့်ကျင်ရေး လက်ပတာင်းတောင် လယ်သမားလှုပ်ရှားမှုများ ပြန်လည်အားကောင်းစွာ ဖြစ်ပေါ်လျှက်ရှိပါတယ်။
(၂၉-၃-၂၀၁၃
နေ့ က ဆန္ဒပြပွဲကို တွေ့ ရပုံဖြစ်တယ်။
စစ်ခရိုနီဆန့်ကျင်ရေး(၂၉-၃-၂၀၁၃)
လက်ပန်တောင်း
လက်ရှိအကြမ်းဖက်မှုများမှာ ဗုဒ္ဓဘာသာ အစွန်းရောက်များကြောင့်ဟု သမ္မတအကြံပေး ဦးကိုကိုလှိုင် ဝန်ခံ ပြောကြားလိုက်ပါတယ်။
ဒေါက်တာဇော်မင်းနှင့် မိတ်ဆွေများ မိထ္ထီ လာ ဒုကဿ္ခသည်မူစလင်များကို သွားရောက်လျူဒန်းကြပါတယ် ။
အဘ တို့  အကြောင်းကို သိကုန် ပြီ ။
ကြိုး(၁)
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အမှတ် ၁/ ၂၀၁၃ ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
သတင်းထုတ်ပြန်ချက်မှာ မတ်လ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ မြို့နယ် ၁၅ မြို့နယ်မှာ
လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊
ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း၊ အဆောက် အဦ ၁၃၅၅ လုံး နဲ့ ယာဉ်မျိုးစုံ ၃၉
စီးပျက်စီးဆုံးရှုံးကြောင်း၊ လူဦးရေ ၁၁၃၇၆
ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း၆ ခုမှာ လူဦးရေ ၉၀၆၅ ဦးကို
စောင့်ရှောက်ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈
ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့ အညီအရေးယူရန်ဆောင်ရွက်
နေကြောင်းလည်းဖော်ပြထားပါတယ်။
သတင်းထုတ်ပြန်ချက်မှာ
အများဆုံးဖြစ်ပွားခဲ့တဲ့ ပြစ်မှု ၁၇ မျိုးနဲ့ကို ဖော်ပြထား ပြီး၊
အုပ်ချုပ်ရေးတာဝန်ရှိသူများက လူစုခွဲခိုင်းလို့ လူစုမခွဲဘူးဆိုရင်
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ အရ မြို့ပြ အင်အားကို အသုံးပြုပြီး
လူစုခွဲနိုင်ကြောင်း၊ ထိုသို့ လူစုခွဲရာတွင် လက်နက် ကိုင်မဟုတ်သူ
များကိုလည်း အကူအညီတောင်းခံနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုက
ပါဝင်ကူညီရန်လိုကြောင်း ဖော်ပြထားပါတယ်။
သတင်းထုတ်ပြန်ချက်အပြည့်အစုံကို မနက်ဖြန်သတင်းစာများမှာ ဖော်ပြပေးပါ့မယ်။
ကရင်အဖွဲ့အစည်းတွေ နိုင်ငံရေးလုပ်ငန်းစဉ် စတင်ဆွေးနွေး
2013-03-29
ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ကရင်လူမှုရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ပထမဆုံးအကြိမ် ကရင့်ရေးရာအစည်းအဝေးကို ဒီကနေ့ မတ်လ ၂၉ ရက်နေ့ မနက်က စတင်ပြီး ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်ခန်းမမှာ ကျင်းပနေပါတယ်။
တိုင်းရင်းသားအားလုံး လိုလားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ အကောင်အထည်
ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက အခမ်းအနားမှာ အခုလိုပြောကြားခဲ့ပါတယ်။
"
နိုင်ငံရေးဆွေးနွေးပွဲ ပုံစံချမှတ်ခြင်းနဲ့ ဆွေးနွေးရမည့် အချက်များ
ရွေးချယ်သက်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အများစုရဲ့ သဘောတူညီချက်ရယူပြီး
လုံလောက်တဲ့ ရေးဆွဲခြင်းနဲ့ အချိန်ကာလသတ်မှတ်ခြင်းတို့ကို ပြုလုပ်ရမှာ
ဖြစ်ပါတယ်၊ ဆွေးနွေးရမယ့် အခြေခံအချက်အလက်တွေသတ်မှတ်တဲ့ ပုံဖြစ်ပြီး
ဖက်ဒရယ်စနစ် အာဏာခွဲဝေမှုနဲ့ သယံဇာတအရင်းအမြစ်ခွဲဝေသုံးစွဲခြင်းကိစ္စတွေကို အဖွဲ့အစည်းအသီးသီး အားလုံးကလက်ခံနိုင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေရရှိအောင် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်"
အဲဒီအခမ်းအနားမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
ဒုဥက္ကဌ ဦးအောင်မင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊
ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့က ဗိုလ်ချုပ် ထိန်မောင် အပြင်
ကရင်အမျိုးသားအစည်းအရုံးဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်တို့ကလည်း အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဒီနေ့ မတ်လ (၂၉) ရက်ကနေ စတင်ပြီး (၂) ရက်ကြာ ကျင်းပမယ့်
ကရင့်ရေးရာအစည်းအဝေး ညီလာခံကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ
ဖြစ်တဲ့ KNU၊ DKBA၊ KNLA စတဲ့ အဖွဲ့တွေအပြင် ကရင်လူမှုရေး အဖွဲ့အစည်းတွေ၊
လေ့လာသူတွေလည်း တက်ရောက်နေကြပါတယ်။
(ကရင်းတိုင်းရင်းသားတွေကြားထဲ..ဘာအကွက်တွေဝင်ရွှေ့အုံးမလဲမသိ.အမြဲတမ်းအဆိုးမြင်နေတာတော့မဟုတ်ပါ..သတိရှိဘို့ပါ။ ကွန်မင့် ၊ ဘသက်အောင်)
အင်တာဗျူး
ဦးဝီရသူနှင့်တွေ့ဆုံခြင်း
ဧရာဝတီ
မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို
သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ သက်တော်
၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ
ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင်
အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်
ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ
ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ
လွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တိုဘာလတွင် အစ္စလမ်မစ်
ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။
လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး
ဧရာဝတီအယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက
တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး
တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက်အထိ အသေအပျောက်တွေ
များလာရတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။အသေအဆုံးများတာက
ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီအကြောင်းပြောရရင်တော့
ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊
အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက
ကျောင်းသားတွေများတယ်။ အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက
ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ နောက်တနေ့ မနက် ၄ နာရီ
လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ
သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက
သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ
ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။
ဝိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင်
ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့
မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင်
ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ
ဝိုင်းတဲ့အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။
အဲဒီမှာ ဗမာလူအုပ်က သွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ
အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။
ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။ သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့
ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကို ဦးဇင်းရောက်နေတာ။ ဦးဇင်းက ၂၀ ရက်နေ့
ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေည၀ါရော၊
မင်းကိုနိုင်တို့တောင်ရောက်နေပြီ။
အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို
အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀
လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ
လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံး
အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။
ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့
အဲဒီနေရာမှာပဲကျတာ။
မေး။ ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မိတ္ထီလာ
အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ်အကြမ်းဖက်မှုကြီးလို့
ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။
တကယ်တန်းစနစ်တကျရှိတာက ပထမနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ
စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်တွေ၊ ဓါးတွေလက်နက်တွေ
အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါးအသတ်ခံရတယ်
ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။
တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ
တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။
ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့
ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက်
ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်းထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက
မွတ်စလင်ရပ်ကွက်ထဲကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့်
ဖားသေဖြစ်သွားတာ။
မေး။ ။ အခု နိုင်ငံတကာသတင်းဌာနတွေက ၉၆၉
နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေဆိုပြီး ရေးလာကြတာတွေ ရှိနေပါတယ်။
အဲဒါ ဆရာတော်အနေနဲ့ ၉၆၉ အဓိပ္ပာယ်ကို နည်းနည်းလေး သိအောင်ရှင်းပြပေးပါလား။
ဖြေ။ ။ ရှင်းပြလို့ရပါတယ်။ ပထမအစ ဂဏန်း ၉ က ဘုရားဂုဏ်တော်ကိုးပါးရည်ရွယ်တယ်။
ဒုတိယ ဂဏန်း ၆ က တရားဂုဏ်တော် ၆ ပါးကို ပြောတာ။ တတိယ ဂဏန်း ၉ က
သံဃာ့ဂုဏ်တော် ၉ ပါးကို ရည်ရွယ်တာ။ ဘုရားတရားသံဃာ ရတနာ ၃ ပါးရဲ့
ဂုဏ်တော်တွေဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဗုဒ္ဓံသရံဏံ၊ အရဟံတို့ ဓမ္မစကြာတို့
စသည်ဖြင့် အဲဒါတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့သင်္ကေတဖြစ်သလို
၉၆၉ က ဗုဒ္ဓဘာသာဝင်တွေရဲ့ သင်္ကေတဖြစ်တယ်။ ၉၆၉ ကို မဆီမဆိုင်ဆွဲထည့်တာကတော့
တရားခံရှာမရလို့ တွေ့ရာမြင်ရာလူကို ထုထောင်းရိုက်နှက်ပြီးတော့
တရားခံလုပ်သလိုမျိုးပေါ့နော်။ ဘာဖြစ်လို့လဲ ၉၆၉ က မိတ္ထီလာမှာ တရွက်မှ
မရောက်ဘူးဗျ။ ဘယ်သူမှလည်း လာမဖြန့်ဘူး။ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ
စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future
အဲဒါလေးပါပဲ။ အဲဒါကို မဆီမဆိုင် ၉၆၉ ကို တရားခံ လုပ်နေတာကြီးက
တခြားစီပါဗျာ။ တကယ်တန်းတော့ ဘုရားတရားသံဃာ ဂုဏ်တော်တွေပါ။
တကယ်အပြစ်ကင်းပါတယ်။
မေး။ ။ပဲခူးတိုင်းဒေသကြီးမှာ
မွတ်စလင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ အဖျက်ဆီးခံရတယ်။
ကြို့ပင်ကောက်က အဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ ကားတွေပေါ်မှာ ၉၆၉ ဆိုတဲ့
အမှတ်တံဆိပ်ကို မင်အစိမ်းနဲ့ ရေးတာတွေရှိနေပါတယ်။ ဆရာတော်အနေနဲ့ ဗလီတွေကို
ဖျက်ဆီးနေတာတွေ၊ ဖျက်ဆီးထားတဲ့အပေါ်မှာ ၉၆၉ ရေးထိုးသွားတာတွေနဲ့ပတ်သက်လို့
ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ဒကာကြီး
ပဲခူးတိုင်းဖြစ်ပျက်နေတဲ့ နေရာတော်တော်များများမှာ ဦးဇင်းက မြို့ခံတွေနဲ့
အဆက်အသွယ် မရှိတဲ့အခါကျတော့ အဲဒီအကြောင်းအရာကို ဘာမှ မသိရဘူး။ ဦးဇင်းတို့
ဖွဲ့စည်းထားတဲ့နေရာတွေမှာတော့ ဦးဇင်းမူဝါဒ၊ လမ်းစဉ်အတိုင်း
အလုပ်လုပ်ကြတဲ့အတွက်ကြောင့် ဘာပြသနာမှမဖြစ်ဘူး။ ဦးဇင်း အခု အမှုတွေ
အများကြီးကိုင်တွယ်ထားတယ်ပေါ့။ မွတ်စလင်နဲ့ ဗမာတွေနဲ့ ဖြစ်တဲ့အမှုတွေ။
မုဒိမ်းမှုတွေ၊ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသူ၊ ၇ တန်းကျောင်းသူ၊
ကျောင်းသူတွေကို ပြုကျင့်တဲ့ အမှုတွေများတယ်။ နောက် ကာယကံအလျောက်
ထိုးကြိတ်စော်ကားတဲ့ အမှုတွေများ၊ ဘာသာ သာသနာကိုစော်ကားတဲ့အမှုတွေ များတယ်။
နောက်ဆုံးဗျာ ရဟန်းသံဃာကို ပက်ပက်စက်စက် မိုက်မိုက်ရိုင်းရိုင်း
ဆဲတဲ့အမှုတောင်ပါတယ်။ တရားမ၀င် ဗလီတွေပါတယ်။ ကျူးကျော် ဗလီတွေပါတယ်။
မွတ်စလင်သချိုင်းတွေပါတယ်။ ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော်
လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီးတော့ အကြံဥာဏ်ပေးရတာပေါင်းရင်
၁၀၀ ကျော်ရှိနေပြီ။ သိတာအကုန်လုံးကို ဦးဇင်းက ဥပဒေဘောင်ထဲကနေ
ဖြေရှင်းဖို့ဆိုပြီးတော့ ဆုံးမ သြ၀ါဒပေးတဲ့အတွက် ဦးဇင်းထက် ကြီးတဲ့
သံဃာတွေရော၊ လူတွေရော ဦးဇင်းစကား နားထောင်ကြတယ်။ ဥပဒေဘောင်ထဲက
ဖြေရှင်းတဲ့အတွက် ဘာပြသနာမှ မရှိဘူး။ ဦးဇင်းတို့နဲ့ နီးစပ်တဲ့
အသိုင်းအ၀ိုင်းမှာ တကယ် ၉၆၉ ဆိုတာ အကြမ်းမဖက်ဘူး။
မေး။
။နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ၉၆၉ အမှတ်တံဆိပ်က ဗုဒ္ဓဘာသာရဲ့
တရားဝင်သင်္ကေတအဖြစ် အသိအမှတ်ပြုထားတာမရှိပါဘူးလို့ ပြောပါတယ်။
အကြောင်းကြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်လေးသိချင်ပါတယ်။
ဖြေ။
။ဟုတ်ပါတယ်။ ဦးဇင်းတို့ သိသလောက် မှတ်သလောက် တတ်သလောက်ပဲ
လိုက်လံဖြန့်ဖြူးနေကြတာလေ။ ဒါကြီးကို တရားဝင်မှတ်ပုံတင်ပြီးတော့
ဖြန့်ဖြူးနေတာမဟုတ်ဘူးပေါ့။ ဥပမာဆိုကြပါစို့၊ ဒီဟာကို ပြင်ဆင်တဲ့သူက
ပြင်ဆင်တယ်။ လှူဒါန်းတဲ့သူက လှူဒါန်းတယ်။ လိုက်ဖြန့်တဲ့သူက လိုက်ဖြန့်တယ်။
အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးတော့ ဒါတွေကို
ရောင်းဝယ်ဖောက်ကားတာမဟုတ်ဘူး။
မေး။ ။ဆရာတော်ရဲ့ အမျိုးသားရေး
ပေါ့ပေါ့မတွေးနဲ့ ဆိုတဲ့ တရားဟောပြောမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
မင်းကိုနိုင်က ဘာမှမလုပ်နိုင်ဘူး။ NLD က ခွပ်ဒေါင်းမဟုတ်ဘူး။
မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့
ရှင်းပြပေးပါ ဘုရား။
ဖြေ။ ။ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို
တလျှောက်လုံးထောက်ခံခဲ့တယ်။ ဒါပေမယ့် ရခိုင်အရေးဖြစ်လာတဲ့အခါမှာ
ဒေါ်အောင်ဆန်းစုကြည်က တကယ်တန်းကျတော့ ဘာမှ အားမကိုးလောက်ဘူး။
အဲဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်
ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်
နားရောက်နေတဲ့သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ပြီးတော့
မြို့တွေတော်တော်များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက
မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကိုသွားပြီးတော့
လှည့်ပြန်လာရတယ်။ အချို့မြို့တွေမှာဆိုလိုရှိရင် မွတ်စလင်အိမ်ကိုငှားပြီး
ရုံးဖွင့်ရတဲ့အတွက်ကြောင့် မွတ်စလင်မျက်နှာကိုကြည့်ပြီး
အာဇာနည်နေ့လိုမျိုးတောင်မှ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် နေ့မျိုးမှာ
ဆွမ်းကပ်ဖို့ အိမ်ရှင်က တားမြစ်လို့ ဆွမ်းမကပ်ရဘူး။ အဲဒါကြောင့်မို့လို့
ခွပ်ဒေါင်းက ခွပ်ဒေါင်းအသွင်မဆောင်ဘဲ မွတ်ဒေါင်းအသွင်ဆောင်လာပြီလို့
ဦးဇင်းဟောတာလေ။
မင်းကိုနိုင်တို့ ၈၈ အဖွဲ့ ကို ဦးဇင်းက ဒုတိယအင်အားအကြီးဆုံးအဖွဲ့ဆိုပြီးတော့
တအားအားကိုးတယ်။ အနာဂတ်အတွက် အများကြီးမျှော်လင့်ထားတာ။
ဒါပေမယ့်သူတို့လည်း ရခိုင်အရေး အခင်းမှာ ပြည်သူလူထု ပြောပလောက်အောင်
အားကိုးစရာမရှိဘူး။ အဖွဲ့အစည်းတရပ်အနေနဲ့ ပြည်သူ့ဘက်
ရပ်တည်တာမျိုးမရှိဘူးပေါ့ဗျာ။ လူပုဂ္ဂိုလ်အနေနဲ့ တဦးတယောက် ထပြောတယ်။
ရခိုင်ဒုက္ခသည်တွေကူညီပြီး အပြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ဒါပဲ။
ကြေညာချက်တရပ်ထုတ်ပြီးတော့ သတ်သတ်မှတ်မှတ် ရိုဟင်ဂျာက
တိုင်းရင်းသားမဟုတ်ပါဘူးတို့၊ အခုလို ဘင်္ဂလီတွေက ရခိုင်တွေ
အတုံးအရုံးသတ်ဖြတ်နေတာကို လုံးဝ ရှုတ်ချပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ
မတွေ့ရဘူး။ အဲဒါကြောင့်မို့ ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က
ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့
ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။
မေး။ ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆
အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့
လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊
မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။
ဖြေ။ ။အော်
ဒကာကြီးရဲ့။ အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ
အဲဒီအတိုင်း ကျင့်သုံးတာ။ ဒကာကြီး မြို့ထဲလှည့်ကြည့်လေ မွတ်စလင်တွေက
ဗမာဆိုင် အားပေးတာ ဘယ်နှယောက်ရှိသတုန်း။ သူတို့က သူတို့ဆိုင်တွေကို
အားပေးရင် ဦးဇင်းတို့ကလည်း ဦးဇင်းတို့ ဆိုင်ကို အားပေးရမှာပေါ့။ ဆိုတော့
ဦးဇင်းဘာသာဝင်တွေရဲ့ ဆိုင်တွေသာ ဦးဇင်းတို့အားပေးရင် ဒီလိုစော်ကားခံရတာ တွေ
မရှိနိုင်ဘူးလေ။ ကိုယ့်အချင်းချင်း ပြသနာဖြစ်တယ် ဒီလောက်တော့
မပိုဘူးပေါ့ဗျာ။ အမျိုးသားရေး ပြသနာအဆင့်မရောက်နိုင်ဘူး။
ကိုယ့်အချင်းချင်းဆိုင် မ၀ယ်ဘဲ ရွှေဆိုင် မွတ်စလင်ဆိုင်ကို သွားတော့
အစော်ကားခံရတာပေါ့။ အခုလို စော်ကားခံရတော့ အမျိုးသားရေးပြသနာအဆင့်ရောက်သွားတာပေါ့။
အဲဒါကြောင့်မို့ ဈေးဝယ်တာနဲ့ပတ်သက်လို့ သွေးခွဲရာမရောက်ပါဘူး။
ကိုယ့်လူကာကွယ်ရာတောင် ရောက်တယ်။ ကိုယ့်လူမျိုးကို
ကိုယ်ပြန်ကာကွယ်ရာရောက်တယ်။
မေး။ ။အခု ပဋိပက္ခတွေ
ပျံ့နှံ့မှုကြီးလာတော့ လူ့အဖွဲ့အစည်းတွေကြားမှာ စိုးရိမ်မှုတွေ၊
ကြောက်ရွံ့မှုတွေဖြစ် လာနေပြီ။ ဒါတွေ ချုပ်ငြိမ်းအောင်
ဘယ်လိုလုပ်သင့်တယ်လို့ ဆရာတော်အကြံပြုချင်ပါသလဲ။
ဖြေ။
။ကျုပ် အမြဲတမ်းအကြံပြုနေတယ်။ ထောင်ကထွက်ကတည်းက မွတ်စလင်အသိုင်းအ၀ိုင်းကို
အကြံပြုနေတယ်။ အခုလည်း အကြံပြုနေတယ်။ မနေ့ညကလည်း အကြံပြုနေတယ်။
ဦးဇင်းတို့တွေက ပူးပေါင်းပြီးတော့ ဖြေရှင်းမှဖြစ်တော့မယ်။ မွတ်စလင်တွေကလည်း
မြို့ရွာတွေမှာ ရပ်မိ၊ ရပ်ဖအသင်းဖွဲ့ပါ။ ဗမာတွေကလည်း
ကိုယ့်မြို့ကိုယ့်ရွာမှာ ရပ်မိရပ်ဖ အသင်းဖွဲ့ပါ။ အဲဒီအဖွဲ့ ၂ ဖွဲ့က
ပြသနာဖြစ်လာတဲ့အခါမှာ ကိုယ့်လူကိုယ် ထိရောက်စွာအရေးယူရမယ်။ အဲဒီလို
ကိုယ့်လူကိုယ် ထိရောက်စွာ အရေးယူတဲ့အချိန်မှာ တဖက်လူက အင်အားသုံး
ဖြိုခွင်းသလိုမျိုး လုပ်ခဲ့လို့ရှိရင် ကိုယ့်လူကပဲ ဖြိုးခွင်းလို့မရအောင်
ရှေ့မှာ မားမားရပ်တည်ပြီးဖြေရှင်းပါ။ အဲဒီပုံစံလိုမျိုးနဲ့သွားမယ်ဆိုရင် တကမ္ဘာလုံး ငြိမ်းချမ်းမှာပါ။
မေး။ ။ သမ္မတအနေနဲ့ မနေ့က မိတ္ထီလာပဋိပက္ခနဲ့ပတ်သက်လို့ ပြောတဲ့
မိန့်ခွန်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံ ကြည်မှုကို ခုတုံးလုပ်ပြီး
အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြားမှာ
အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေကို တည်ဆဲဥပဒေနဲ့ ထိထိရောက် ရောက်
အရေးယူမယ်လို့ ပြောထားတယ်။ အဲဒီအပေါ်မှာ ဆရာတော်အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊
နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက
ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။ သူတို့တွေက
ကလေးလေးတွေကို စာသင်ပေးတယ်။သူတို့တွေက သွေးခွဲစကားတွေကို ပြောပြီးတော့
သွေးခဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က
တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။
အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့်
ကလေးတွေကိုမှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို
အရေးယူနိုင်အောင်ကြိုးစားရမယ်။
ဝီရသူကျောင်းဝ မှာ ကပ်ထားတဲ့ မူစလင်-ဗုဒဘာသာရေး ပြသနာကို ဖြစ်သွားစေသော လှုံ့ဆော်ပိုစတာများ ကိုတွေ့ ရစဉ်ဖြစ်ပါတယ်။
တပါတီအာဏာရှင်ကိုအမြစ်မှလဲဖြိုနိင်ခဲ့သောမိုးသီးဇွန်
၁၉ ၈၈ခုနစ်မတိုင်မီကနိုင်ငံရေးလုပ်လျင်ရေကြည်အိုင်ဟုနံမည်ကြီးသောစစ်ကြောရေးစခန်း
မှာ ငရဲကျ သွားနိင်ပါတယ်။ ရေကြည်အိုင်ဆိုတာက နိုင်ငံရေးသမားများနိုပ်စက်ခံနေရာ။နိုင်ငံရေးလုပ်ရမှာကို
ကြောက်ရွံသောခေတ်။ ဒီခေတ်မှာ နိင်ငံရေး လှုပ်ရှားမှုကြီး ကို ပထမဆုံးဦးဆောင်ခဲ့သူဟာ မိုးသီးဇွန်ဖြစ်ပါတယ်။
ညီငယ်များမသိရှိနိုင်ပါသူကဲ့သို့လုပ်ဆောင်နိုင်သောသူ
မှာရှားပါးလှတယ်။သူ့ကြောင့် မ.ဆ.လ ပြုတ်ကျခဲ့တာတော့အမှန်ပါဘဲဖြစ်ပါတယ်။
သူကို ကျနော် ငယ်ငယ်ကတည်း က သိတယ်။ ကျနော်နဲ့ကကျောင်းနေဖက်သူငယ်ချင်း။
အချစ်ဆုံးသူငယ်ချင်းတွေပါ။ အလက ၂ သင်္ကန်းကျွန်း ။ယခု အထက ၂ ပါ။ ပထမတန်းကနေ
၈ တန်းအထိအတူတူတက်ခဲတယ်။ သူစိတ်ဓါတ် ၊ သူသတ္တိက ငယ်စဉ်ကတည်းက
ပြလာတဲ့ကောင်ပါ။
ကျနော်တို့ ပဉ္စမတန်းမှာ မြန်မာစာသင်တဲ့
ဆရာကြီးဦးစောမောင်ဆိုတဲ့ဆရာကြီးရှိတယ်။ သူကအရိုက်ကြမ်းတယ်။
တကျောင်းလုံးကြောက်ရတယ်။ တကယ်လူဂွစာဆရာကြီး။ မမှန်တာမလုပ်တဲ့သူ။ သူက
လဲခေသူမဟုတ်။ လွတ်လပ်ရေးမော်ကွန်းဝန်ပထမအဆင့် စစ်ပြန်ကြီး။
ရိုးရိုးစစ်သားမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို အချုပ်ထဲမှာ ခန
ဖမ်းချုပ်ခဲ့ဘူးတဲ့စစ်သားပါ။ ဗိုလ်ချုပ်တို့  ဖက်ဆစ်ကို တော်လှန်ဖို
့ဆုံးဖြတ်လိုက်ပြီး
မဟာမိတ်တွေနဲ့ ပေါင်းဖို
့ဆုံးဖြတ်တဲ့ကာလမှာသူကင်းစောင့်နေတဲ့နေရာကို ဗိုလ်ချုပ်က က
အဖေါ်မပါပဲရောက်လာတယ်။ ဗိုလ်ချုပ်ကို ဂျပန်စစ်ဗိုလ်မှတ်ပြီး
စစ်သားလေးမောင်စောမောင်ကတပ်ဝင်းထဲဝင်ခွင့်မပေး။ အပြင်မှာ
ဖမ်းချုပ်ထားလိုက်တယ်ဆိုတယ်။ ဗိုလ်ချုပ်က စစ်သေနာပတိဆိုတာ သူသိပေမဲ့
သူက ဗိုလ်ချုပ်အောင်ဆန်းကို မမြင်ဘူးဘူးဆိုတယ်။
နောက်မှာအတက်ကလူကြီးတွေကို သတင်းပို့ တော့မှာဗိုလ်ချုပ်မှန်းသိပြီး
တပ်ဝင်းထဲကိုဝင်ခွင့်ပေးတယ်။
သူအထက်ကလူကြီးတွေက သူကိုဆူတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက သူကိုချီးကြူးတယ်။ သူကို
တာဝန်ကြေပြွန်တဲ့အတွက် သူကို ဗိုလ်ခှုပ်လက်ရေးနဲ
့ချီးကြူးထားတဲ့စာလေးကိုရေးပေးခဲ့တယ်။ ဒီစာလေးကိုဆရာကြီးကသိမ်းထားတယ်။
ဇူလိုင် ၁၉ ရက်နေ့ ရောက်ရင် အာဇာနည်ေ န့ အကြောင်းပြောပြီး သူက ဒီစာလေးကို
ကျနော်တို့ ကျောင်းသားတွေကိုထုတ်ပြလေ့ရှိပါတယ်။
တနေ့တော့ 
ဆရာကြီးက ဘာစိတ်ကူးပေါက်လာသလဲမသိပါ။ မင်းတို့ ကြီးလာရင် ဘာလုပ်မလဲလို
့မေးပါတယ်။ ကျနော်က စစ်သားလုပ်မယ်လို့ ဖြေလို်က်ပါတယ်။
တချို့ က
ဆရာဝန်၊ တချို့ က အင်္ဂျနီယာ စဖြင့် ဖြေကြပါတယ်။ ဒီအချိန်မှာဆရာကြီးက
ကျနော်ဘေးမှာထိုင်နေတဲ့ မိုးသီးဇွန် ကို မင်းရောဘာလုပ်မလဲလို
့မေးပါတယ်။
ဒီအခါသူက ကုန်သည်လုပ်မယ်ဗျလို့ ဖြေလိုက်ပါတယ်။ သူများတွေအဖြေနဲ့ လုံးဝမတူဘူး။
ဒီအခါ မျိုးချစ်ပုဂိလ်ဆရာကြီးက အေးကွ။ မင်းဖြေတာကို ငါသဘောကျတယ်။
ကုန်သည်လုပ်ကြ။ ငါတို့ နိင်ငံကို နယ်ချဲ့  သွားတာ ကုန်သည်တွေကွ။
စီးပွားရေးအကြောင်းကို မင်းတို့ သိမှာ တိုင်းပြည်ကို အုပ်ချုပ်လို
့ရမယ်။ တိုးတက်အောင်လုပ်နိင်မယ်လို့  အကြံပေးပါတယ်။ ဆရာကြီးက
မိုးသီးကိုချီးကြူးပါတယ်။ သူဘယ်ကနေ ဖတ်လာမှန်းမသိပါဘူး။
သူဟာအလကားနေရင်စာဖတ်တဲ့စာဂျပိုးတကောင်ပါ။
ကျနော်တို
့ဆရာကြီးစကားကို အမူမဲ့အမှတ်မဲ့နေခဲ့ကြတယ် ။ ၈တန်းမှာ ကျနော်နဲ့ မိုးသီး
ကွဲသွားပါတယ်။ သူကရှစ်တန်းကို သိပံနဲ့အေင်သွားတယ်။
နောက်၁၀တန်းအောင်သွားတယ်။
သူရှုပဒေဒအထူးပြုလေ့လာတယ်။ သူနဲ
့ကျန်ာပြန်ဆုံတဲ့အခါမှာတော့သူဟာ စီးပွားရေး စာအုပ်တွေကို
စိတ်ဝင်တစားဖတ်ရှု့ လေ့ရိုတယ်။ နောက် ၁၉ ၈၈ ခုနစ်မှာ
ကျောင်းသားလှုပ်ရှးမှုကြီးဖြစ်လာတယ်။ သူဟာခေါင်းဆောင်ဖြစ်လာတယ်။
နောက်တော့လက်နက်ကိုင်တောလှန်ရေးကိုဦးဆောင်သူတဦးဖြစ်လာတယ်။ ၁၉ ၈၉
ခုနစ်မှာထိုင်း အစိုးရက ဖမ်းပြီးသူကိုထောင်ချတဲ့အကြောင်း တွေကို
လေဒီယိုမှာကျနော်တို့ နားထောင်ရတယ်။ သူအတွက်စိတ်ပူမိတယ်။
နောက်တော့ထိုင်းအစိုးရက သူကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။ အမေရိကန်
ကိုသူထွက်သွားရတယ်။ စာပေလေ့လာမှုဝါသာနာကြီးတဲ့မိုးသီးဟာ အမေရိကန်
တက္ကသို်လ်တခုမှာ မဟာဝိဇာပညာကိုလေ့လာခဲ့တယ်လို့ ကြားရတယ်။
သူရေးတဲ့စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေကို
အဆက်မပြတ်ကျနော်အွန်လိုင်းပေါ်ကနေဖတ်ရတဲ့ ကျနော်ဖတ်ရတဲ့အခါမှာတော့သူဟာ
ဆရာကြီးဦးစောမောင်ကို ဖြေခဲ့အဖြေကို အလေးအနက်ထားနေတယ်ဆိုတာ
ကျနော်သိလာတော့တယ်။ မိုးသီးရော မင်းကိုနိင်ရော က ကျနော်တို့ 
ကျောင်းကပဲဖြစ်တယ်။ မင်းကိုနိင်ကအေးတယ်။ မိုးသီးက ထက်တယ်။ စွာတယ်။ သူက
ဆယ်တန်းကို ကျနော်တို့ ထက်စောအောင်သွားတဲ့အတွက် သူနဲ့ကွဲသွားတယ်။
ဆယ်တန်းဖြေမဲ့နစ်မှာကျနော်ဖခင်ကြီး ဆုံးသွားတဲ့အတွက်
သားအကြီးဖြစ်တဲ့ကျနော်က မိသားစုတာဝန်ကို စတင်ယူလိုက်ရတယ်။
ပညာရေးနဲ့ကျနော်ဝေးသွားရတယ်။
သူမြန်မာပြည်ကို ပြန်ရောက်လာတော့ ကျနော်သွားတွေတယ်။ သူဟာ စိတ်ဓါတ်မပြောင်းလဲပါ။
ကျနော်တို့ ကို ခင်မင်လျက်ရှိတယ်။ သူငယ်ချင်းတွေနာမည်တွေကို
သူအားလုံးမှတ်မိနေတယ်။ လေးတန်းတုံးကသူငယ်ချင်းခင်မြတ်မော်ကိုသူတွေ
့တော့ခင်မြတ်မော်က နင်ငါကိုမှတ်မိမှမဟုတ်ဘူးလို့ ပြောတော့ မိုးသီးက
နင်ခင်မြတ်မော်မဟုတ်လား။
နင့် ခွေးက ဗန်တိုလေးလို့ 
ပြောလိုက်တော့ရီကြရတယ်။ ငါခွေးမလေးနာမည်က မေရီလေ လို့ သူကပြောတယ်။ သူက
လူကိုတင်မက ခွေးနာမည်ကိုပါမှတ်မိနေတယ်လေ။
အွန်လိုင်းပေါ်မှာ
တချိ့  ကလေးတွေက မိုးသီး ဟာ ဘယ်လိုလူလဲ။ ဘာတွေလုပ်ခဲ့သလဲဆိုတာကို
သိပ်သိကြပုံမရဘူး။ သူကိုဝေဖန်ဆဲဆိုနေတာတွေတွေ့ ရတော့
စိတ်မကောင်းဖြစ်မိတယ်။ တကယ်တော့ကျနော်သူငယ်ချင်းဟာ ကျနော်တို့ ထက်
စွန်စားရဲဝံသူ၊ စွန်လွတ်ခဲ့သူတဦးပါ။
11:31 AM
(ကျော်လွင်)
3 comments :
ဟုတ်ပါ့မလား မောင်ကာဠု ရဲ့၊
ဒါ့ထက်တောင်ပိုသေး ထက်ဆိုးနေပြီ။
ဟုတ်ပါ့မလားမောင်ကာဠုရဲ့
ဒါ့ထက်တောင်ပိုသေး ထက်ဆိုးနေပြီ။
မိုးသီးအကြောင်း သိပါတယ်။ အရင်ကတော့ ဟီးရိုးဖြစ်ခဲ့ဘူးပါတယ်။ လေးလည်း လေးစားပါခဲ့တယ်။ အခုတော့ နားမလည်ပဲ တယူသန် အာချောင်လွန်းလို့  ဇီးရိုးဖြစ်သွားပါပြီ။
Post a Comment