Wednesday 13 March 2013

မတ်လ ၁၃ ရက် နေ့ အခန်းအနား ကျင်းပ

(Burmese Version)'s photo.
စက်မှုတက္ကသိုလ်ကဆရာကိုပစ်တော့မယ်ဆဲဆဲမှာ ကိုဖုန်းမော်ကအဲဒီဆရာကိုတွန်းပြီးသူအပစ်ခံလိုက်ရတာ။ ရင်ဝမှာတစ်ချက်၊ ဆီးစပ်မှာတစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံလိုက်ရတာပါ။ တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံလိုက်ရတာမဟုတ်ပါဘူး။ နာရေးအသုဘကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့်မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေးရဲ့အကိုက မသေပါဘူး။
သီလရှင်ဆရာလေး ( ခ ) မညီညီအောင်(ကိုဖုန်းမော် ညီမ)
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
စက်မှုတက္ကသိုလ်ကဆရာကိုပစ်တော့မယ်ဆဲဆဲမှာ ကိုဖုန်းမော်ကအဲဒီဆရာကိုတွန်းပြီးသူအပစ်ခံလိုက်ရတာ။ ရင်ဝမှာတစ်ချက်၊ ဆီးစပ်မှာတစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံလိုက်ရတာပါ။ တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံလိုက်ရတာမဟုတ်ပါဘူး။ နာရေးအသုဘကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့်မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေးရဲ့အကိုက မသေပါဘူး။
သီလရှင်ဆရာလေး ( ခ ) မနီနီ အောင်(ကိုဖုန်းမော် ညီမ)
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ကိုစိုးနိုင်က ဘယ်ဘက်ခါးမှာ အပစ်ခံလိုက်ရတာ။ အဲဒီ ဒဏ်ရာအတွက် ၃ ခါတောင် ခွဲစိတ်ခံလိုက်ရပေမယ့် ခွဲစိတ်ခန်းက ထွက်လာပြီးတာနဲ့ အဖေ့ကို သားမနေရတော့ပါဘူးလို့ပြောတယ်။ သူ့အခြေအနေကို သူသိတဲ့ အကြောင်းကိုပြောတယ်။ အာဏာပိုင်တွေက သူ့ရဲ့ အသုဘကိုတောင် ဆူပူမှုတွေမဖြစ်အောင် တာဝန်ယူနိုင်ရင် အသုဘကို ချဖို့ပြောတယ်။ အဲဒါနဲ့ အဖေက တာဝန်မယူနိုင်ဘူးလို့ပြောလိုက်တယ်။ ကျုပ်သားလဲ သေတာက သေပြီးပြီ။ ခင်ဗျားတို့ဘာသာ သားကိုဖျာလိပ်နဲ့ပတ်၊ ခဲဆွဲပြီး ရေထဲ ပစ်ချလိုက်လဲ ကျုပ် ကျေနပ်တယ်လို့ ပြောလိုက်တယ်။ 
ကိုစိုးနိုင် အမ 

No comments :