Monday 4 March 2013

မိကျောင်းကန် ရပ်ကွက် သားများ စစ်တပ်မတရားသိမ်းမြေကို ပြန်လည် တောင်းဆို


စစ်တပ်မှ သိမ်းယူထားသေား သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်ရှိဘိုးဘွားပိုင်မြေနေရာများအားပြန်လည်ရရှိရေး အတွက် ကျောင်းသား လူငယ်များနှင့်မိဘပြည်သူများ ယနေ့(၃.၃၂၀၁၃)နေ့လယ် ၃း၃၀နာရီတွင်ဝေဇယန္တ လမ်းတစ်လျှောက် ဆန္ဒပြတောင်းဆို ခဲ့

ကြောင်းသိရပါတယ်။ 
ဆန္ဒပြလှုပ်ရှားမှုကိုဦးဆောင်သူတဦးဖြစ်သော ကိုကျော်လွင်က ဒီမြေတွေဟာ ကျနော်တို့ ပိုင်မြေ
တွေကျနော်တို့ အစိုးရကို နှစ်စဉ်အခွန်ဆောင်ခဲ့ရတယ်။ အိမ်၊မြေ၊မီတာခ ကျနော်တို့  မှာအကုန်ရှိတယ် ဟုဆိုပါတယ်။  ဒေါ်ခင်စန်းကလဲ  ကျနော်တို့ အိမ်ဘေးမှာ ဘယ်သူနေတယ်ဆိုတာ ကျမသိတယ်။  ကျမတို့ မြေတွေကိုသာပြန်ပေးပါ ဟုဆိုပါတယ်။ 
သူမဟာ မိကျောင်းကန် ရပ်ကွက်မှာ နှစ်ပေါင်း ၃၀ နီးပါးနေထိုင်ခဲ့သူဖြစ်ပါတယ်။ 

အခြား ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးစိန်သန်းကလဲ ကျနော်တို့ မြေတွေကို ဘောက်ထော်အမြောက်တပ်က မတရားသိမ်းသွားတယ်။ ကျနော်တို့ မြေတွေကို ပြန်ပေးပါ။ ဘုရားလေး နှစ်ဆူရှိတယ်။  ဘုန်းကြီးကျောင်း ၃ ခု၇ှိတယ်။ 
အခု ကျနော်တို့ ကိုမောင်းထုတ်ပြီး မူစလင် သက်ကြီး စောင့်ရှောက့်ရေးဂေဟာ တခုကို
စစ်တပ်ခွင့်ပြုချက်နဲ့ဖွင့်ပေးလိုက်တယ်။ ဒါဟာ မူစလင်နဲ့ ဗုဒဘာသာကိုတိုက်ပေး တာဖြစ်မနေဘူးလားဗျာ။  မူစလင်လူကြီးတွေဖက်ကလဲ ဒီလိုမျိုး ပြသာနာဖြစ်နေတဲ့နေရာတွေကိုသတိထားသင့်တယ်ဗျာ။ 
ဒီလိုအခွင့်အရေးတွေပေးလာရင်လဲ မယူသင့်ဘူးဗျာ။ ကျနော် တို့ မူစလင်တွေအပေါ်မှာ ပြသနာမရှိပါဘူး။ အတူနေလာကြတာပဲဗျာ ။ တဦးဒုကရောက်ချိန်မှာတဦး အခွင့်ကောင်းမယူသင့်ဘူးပေါ့  ဟုဆိုပါတယ်။ 

မိကျောင်းကန် ရပ်ကွက်က ၈၈ အရေးတော်ပုံကြီးမှာ အတက်ကြွဆုံးပါဝင်ခဲ့တဲ့ရပ်ကွက်ကြီးတခုဖြစ်ပါတယ်။ လူဦးရေ ၅ သောင်းခန့် နေထိုင်တယ်။ ရန်ကုန်မြို့လည်ကောင်မှာ ၃ မိုင်ခန့် သာဝေးပြီး သင်္ကန်းကျွန်းနဲ့ေ ဘာက်ထော်ကြားမှာရှိတယ်။ 
၈၈ မျိုးဆက်များရုံးခန်းနဲ မလှမ်းမကမ်းမှာတည်ရှိတယ်။ 
ယခုအခါ မိကျောင်းကန်ရပ်ကွက်တ၀ိုက်မြေ ဈေး ဟာ မြန်မာပြည်မှာ ဒုတိယ ဈေးအကြီးဆုံးနေရာတွေဖြစ်လာပါတယ်။
ကိုမိုးသီးဇွန် ဟာ မိကျောင်းကန် ရပ်ကွက် သားတဦးဖြစ်ပါတယ်။  





No comments :