Friday 15 March 2013

လက်ပတောင်း တောင်စီမံကိန်း နဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်ဆီးမှု

လက်ပံတောင်း အကြပ်တည်း နဲ့ ကနေ ကနေဒါ သဲမိုင်း oil sands minging ဥပမာနဲ့ ရှုထောင့်များ


ကျနော်က Australia မှာ မြို့ပြ အင်္ဂျင်နီယာ ကျောင်းတက်နေတဲ့ကျောင်းသားတစ်ယောက်ပါ။ ခုတလော မြန်မာ့ နိုင်ငံရေးမှာ မကြေနပ်သံတွေ ဆဲသံတွေ ဆူညံနေတာတော့ လက်ပံတောင်းကြေးနီ မိုင်းကိစ္စပါ။ ကျနော်လဲ မကြေနပ်တဲ့အထဲ ပါပါတယ်။ ဒေါ်စုကလဲဆင်းရဲသားလယ်သမား ပြည်သူ ဘက်နဲနဲမှ မစဉ်းစားတော့ အားမရမိတာ အမှန်ပါ ရှည်လျားလှတဲ့ အစီရင်ခံစာ မဖတ်ပဲ ဆန္ဒပြတာ ဒေါ်စု သဘောမတွေ့ပါ။ ကျနော်ကတော့ လယ်သမားတွေ ဖတ်စရာမလိုဘူးထင်တယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံတော်အကျိုးအမြတ်ဆိုပြီး တစ်နှစ်အစိုးရက ဘယ်လောက်ရလဲ ဒေါ်စု မပြောပါ။ပြောရင်လဲ ပြောပလောက်တဲ့ ပမာဏမဟုတ်တာ သေချာတယ်။ ဆရာ ဝင်းမျိုးသူ ပြောသလို တခြားနည်းနဲ့ အဲလောက်ငွေရှာလို့ရပါတယ်။ တရုတ်ကို ကြောက်တယ် တရုတ်မှီခိုရလို့ လုပ်တယ် ဆိုတဲ့ ရှုထောင့်တော့ ကျနော်က နိုင်ငံတကာ ဆက်ဆံရေး သိပ်နားမလည်တော့ မဆွေးနွေးတော့ဘူး။ ပြီးတော့ social impact (including cultural impact), environment impact ရှုထောင့်ကနေ ကြည့်ရုံနဲ့တင် မလုပ်သင့်ဘူးဆိုတာ ထင်ရှားပါတယ်။
တရုတ်က ကွန်မြူနစ် အစိုးရဆိုပေမယ့် အရင်းရှင် စီးပွားရေးသမားတွေပါ။ ဆင်းရဲတဲ့ အာဏာရှင်နိုင်ငံက အရင်းမြစ်တွေနဲ့ သူ့နိုင်ငံလည်ပတ်နေတာပါ။ တရုတ်က စီးပွားရေးအင်အားကြီးလာဖို့ အတုတွေလဲ လုပ်တယ်။ အခွန်ရှောင်ပြီး ကုန်သွယ်တယ်(ဆိုလိုတာက အမေရိကန်ကို စစ်ဝတ်စုံကအစ ခိုးသွင်းတာ)၊ ရွမ်ငွေ ဈေးချတယ်။ တကယ်တော့ တရုတ်စီးပွားရေးက ပုံမှန်တက်နေပေမယ့် ကျမ္မာရေး မကောင်းလှပါ။ အနောက်အုပ်စုစီးပွားကျနေပေမယ့် ယောက်ျားလို ကြိုးဝိုင်းပေါ်တက် မယဉ်ရဲပါဘူး။ ဈေးပေါပေါ အလုပ်သမား အချိန်မရွေး ပေါက်ကွဲ နိုင်သလို။ တရုတ် စီးပွားရေးတခုလုံးကို ခရိုနီ ၂၀၀၀(ဘီလျံနာဖြစ်နေသူတွေပါ) အာဏာပိုင်အသိုင်းဝိုင်းနဲ့ ပေါင်းသူတွေပဲ ချမ်းသာနေတာ။ ခလေးတစ်ယောက်ပေါ်လစီအရ နောက်နှစ်၂၀ဆို လူအိုတွေ ကလဲ ဝန်ထုတ်ဝန်ပိုးတွေပါ။ ခလေးနှစ်ယောက်မွေးခိုင်းလို့လဲ မကျွေးနိုင်သေးပါဘူး။ ဆင်းရဲချမ်းသာ ကွာဟ မှုလဲ ကြီးတယ်။ တရုတ်မှာ စက်ချုပ်သမ တစ်ယောက်က ဒေါ်လာ၁၀၀ ပဲ ရပါတယ် ထိုင်းထက်နဲပါတယ်။ ဒါကြောင့်တရုတ်က တတိယ ကမ္ဘာက အရင်းမြစ်မရရင် သူတို့ မရှင်နိုင်ပါ။ ကနော်တို့က အဲ အပေါ် ပါးနပ်ဖို့လိုပါတယ်။

စုံစမ်းရေးကော်မရှင် အစီရင်ခံစာက ထောက်ပြသလို နိုင်ငံတကာသဘာဝပတ်ဝန်းကျင် ပညာရှင်တွေ ဝင်စစ်ခိုင်းတယ် ထားဦး ဝမ်ပေါင်လို ကမ္ပဏီက လိုက်နာမယ် မထင်ပါ ဘာလို့လဲ ဆိုတော့ တရုတ်က သူ့နိုင်ငံမှာ တောင် ဖြစ်သလို လုပ်တာပါ။ ဝမ်ပေါင်မပြောနဲ့ ကနေဒါမှာ သဲမိုင်းလုပ်တဲ့ Chevron လိုကော်ပိုရေးရှင်းကြီးတောင် မလုပ်နိုင်ပါဘူး။ ကျနော်တို့ သင်တဲ့အထဲမှာ သဘာဝပတ်ဝန်းကျင် ဆိုတဲ့ဘာသာရပ်လဲ မဖြစ်မနေ သင်ခဲ့ရပါတယ်။ ဥပမာပြောပါ့မယ် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ လူတွေ ရေနံကို ပင်လယ်က သဲကန္တာရအောက်က မြေကြီးအောက်က တူးကြပါတယ်။ ဒါပေမယ့် ကနေဒါမှာတော့ ထင်းရူးတောအောက် ရေခဲတွေ ဖုံးနေတဲ့ တောင်တွေအောက်မှာ မြေကြီးမဲတွေထဲမှာ ရေနံပါနေတာ တွေ့တော့ ကမ္ဘာကျော် ကော်ပိုရေးရှင်းကြီးတွေ သဘာဝပတ်ဝန်းကျင် သမားတွေ တားနေတဲ့ကြားက တူးကြပါတယ်။ ရေနံတူးတာက ရေနံက မြေကြီးနဲ့ ရောနေတော့ ရေပူနဲ့ဆေးရတယ် ဓါတု ပစ္စည်းတွေ သုံးရတယ်။ အဲမှာ ရေနံတွေ ကတ္တရာတွေက ရေပူကြောင့် ရေပေါ်ပေါ်လာတယ် မြေကြီးနဲ့ ဆီပေနေတဲ့ ဓါတုပစ္စည်းပေနေတာတွေက စွန့်ပစ်ရတယ်။ ပမာဏသိပ်များတော့ ဧက ထောင်ချီတယ် စွန့်ပစ်တဲ့ဧရိယာက။ recycle လုပ်ဖို့လဲ အကုန်ကျများတယ်။ လုပ်ပြီး ထွက်လာတဲ့toxic လိုပခေါ်တဲ့အဆိပ် အများကြီး ဘယ်မှာ ပစ်မလဲ။ ရေကန်လိုတူးပြီး သွန်တယ်။အဲမှာ ငှက်တွေသာမန်ရေထင်တော့ လားနားတော့သေတယ်။ အဲကရေတွေ ရေသဘာဝအတိုင်း မြစ်ထဲစိမ့်ဝင်တယ် ငါးတွေသေတယ်။ မြေကြီးထဲ စိမ့်ဝင်တော့ မြေအောက်ရေထု ပျက်စီးတယ်။ လူတွေက ငါးစားမိတော့လူရာချီ ကင်ဆာဖြစ်တယ်။ သေတယ်။ ရာသီဥတူ ပိုပူလာတယ်။ ရော်ကြေးတွေပေးနေပေမယ့်ခုထိ ရှင်းလို့ မပြီးနိုင်သေးဘူး။ လူမှုရေးပြသနာ မိုင်းလုပ်သားတွေက ကျွမ်းကျင်လုပ်သား ပဲ လုပ်ရတာဆိုတော့ ရေနံကျွမ်းကျင်တဲ့ မူဆလင်နိုင်ငံက နိုင်ငံခြားသားတွေရောက်လာတယ်။ ဒေသခံတွေက ဒီမိုကရေစီနဲ့ ကျင့်သားရနေတော့ ခွဲခြားမှုတွေဖြစ်လာတယ်။ ဒေသခံတွေ မနေရဲလို့ ပြောင်းရတယ်။ ဒါတောင် လက်ပံတောင်းလို ရွာတွေ အပြောင်းမခံရဘူးနော်။ မိုင်းလုပ်သားတွေက ယောက်ျားတွေ ဆိုတော့ ပြည့်တန်ဆာတွေ ရောက်လာတယ်။ စီးပွားရေးတိုးတက်တာ မှန်ပေမယ့် ဒေသခံတွေမဟုတ်ဘူး။ မိုင်းလုပ်သားတွေက ဝင်ငွေကောင်းတော့ ကားတွေ အိမ်တွေ ဝယ်တယ် အိမ်တွေ ဈေးကြီးကုန်တယ် ဒေသခံတွေ လက်လှမ်းမမှီတော့ ပြောင်းကုန်တယ်။မပြောင်းနိုင်တဲ့သူတွေက ငါးတွေစားမိ ရင်လဲ ရောဂါရ ရေကိုလဲ သောက်လို့မရနဲ့ အတော် ဒုက္ခရောက်ပါတယ်။ ကော်ပိုရေးရှင်းကြီးတွေက နှစ်စီ ဘီလျံရာချီ အကျိုးမြတ် ဖြစ်ပါတယ်။ ကြားထဲ သူတို့ရေနံချက်စက်ရုံပေါက်ကွဲသေးတယ်။
လက်ပံတောင်းကြေးနီမိုင်းပြန်ဆက်ပါ့မယ်။ စီးပွားရေးအရ နိုင်ငံ အတွက် တစ်နှစ် ဘယ်လောက်ရမှာမို့ ခွင့်ပြုရမှာလဲ။ အစိုးရရမှာက သန်း၁၀၀ ထက်မပိုဘူးထင်ပါတယ်။အဲလောက်ငွေကို အဲက လယ်သမားတွေကို ခေတ်မီ လယ်သမားဖြစ်အောင် ကူညီလိုက် ပြန်ရမှာ သေချာတယ်။သယံဇာတ ရောင်းစားပြီး ချမ်းသာ ဘယ်နိုင်ငံမှ မရှိဘူး သယံဇာတကြောင့် စစ်ဖြစ်ရ၊ လဘ်စားရ နဲ့ ခြာလပတ်လိုက်နေတာ။အမေရိကန်စီးပွားကျတာတောင် သူ့နိုင်ငံသယံဇာတာ ထုတ်မသုံးသေးဘူးဗျ။ သယံဇာတဆိုတာ ကျနော် တို့ မျိုးဆက်ပဲ သုံးလိုက်ရင် နောက်မျိုးဆက်တွေ ဘာကျန်တော့မလဲ။ အတတ်နိုင်ဆုံး ထိမ်းသိမ်းရပါ့မယ်။ ခုပြောင်းရမှာက ရွာ တွေများတယ်လို့ သိရတယ်။ ကျနော့်အနေနဲ့ မလုပ်သင့်ဘူး ထင်ပါတယ်။ ပြီးတော့ ကြေးနီ မိုင်းဆိုတာ မိုင်းခွဲတာ ကြေးနီ သန့်စင်တာ process တွေအကုန်လုံး ဓါတုပစ္စည်းသုံးရပါတယ်။ ခုတောင် အက်စစ်တွေကြောင့် ရေသောက်လို့မရတော့ဘူး ဖြစ်နေတယ်။ ပြီးတော့ တောင်တွေဆိုတာ တော်အုပ်တွေလို သစ်ပင် ပြန်စိုက်လို့မရပါဘူး။ ကျနော်တို့ နိုင်ငံမိုးများပါတယ် သူတို့စွန့်ပစ်ပစ္စက မိုးရေကြောင့် မြစ်ချောင်းထဲ မြေလွှာထဲ စိမ့်ဝင်မယ်ဆိုတာ အညင်းပွားစရာမလိုပါဘူး။ဒီမိုကရေစီသွားနေတာ ဒေသခံတွေ ဆန္ဒကိုလဲ လေးစားသင့်တယ် ထင်တယ်။ အနဲဆုံးဆိုင်ငံ့သင့်တယ်။ ဥပမာထဲက ကနေဒါမိုင်းက စိုက်ပျိုးမရတဲ့ မြေရိုင်းတောင် အဲလောက် impacts တွေ ဖြစ်နေတာ။ ပြီးတော့ ယဉ်ကျေးမှု ယုံကြည်မှုအရ လယ်တီဆရာတော် သာသနာထွန်းကားရာဖြစ်နေပြန်ရော။ ဆရာသမားတွေ ထောက်ပြသလို ပြောင်းလို့ရကြေးဆို ရွှေတိဂုံ ပါ ပြောင်းရင်ရော။ မြစ်ဆုံလဲ ပြန်စမှာပါ။ တရုတ်တွေက ကျနော်တို့ နှလုံးသားတွေကို ပစ်မှတ်ထားသလားထင်ရတယ်။ မြစ်ဆုံ ကချင်နှလုံးသား မြန်မာ တနိုင်လုံးရဲ့ အသက်ဗျ။ မန္တလေး မြန်မာ တွေ အစဉ်လာကြီးတဲ့နန်းမြို့၊ လက်ပံတောင်း လယ်တီ သာသနာ မြင့်မြတ်တဲမြေ၊ ရခိုင်က ရွှေဂက်စ် ရခိုင်တွေရဲ့အမွေ။မလုပ်နဲ့မဟုတ်ဘူးလုပ်ပါ စာချုပ်မချုပ်ခင် လူထုချပြပါ ပါဝင်ခွင့်ပေးပါ။ နိုင်ငံကောင်းစားရေးသာပြောတာ အဲမှာ တူးနေတာ အရင်ထဲကပါ ဒေသခံတွေ အိမ်မှာ မီးတောင် မရှိပါဘူး။ စေတနာ ရှိတယ်ဆိုရင်အရင်ထဲက လျော်ကြေးပေးရင် ကိစ္စပြီးနေပြီး သီးစားခပေးပြီး မလိမ့်တပတ်လုပ်ခဲ့လို့ ၊ မီးလောင်ဗုံ သုံးခဲ့တာ အရေးမယူလို့ ခုလို ဖြစ်နေတာ။ အစီရင်ခံစာလဲ အရေးယူဖို့ ဘာမှ မပြောထားပါဘူး။ rule of law ကို ခဏခဏ ပြောတဲ့ ကျနော် တို့ ခေါင်းဆောင် ကြီးလဲ မေ့သွားတာတော့ မဖြစ်လောက်ပါဘူး။ ပြီးတော့ လယ်သမား တွေကို ဆန္ဒပြတာ ခွင့်တောင်းပါတဲ့ ခွင့်သာတောင်းရရင် ကိုမိုးသီးပြော သလို ၈၈၈၈တုန်းက ၂၀၀၇ တုန်းက ခွင့်တောင်းမှ ပြရမယ်ဆို ဒေါ်စုလဲ နိုဗယ်ရမယ်မထင်ဘူး မစုစုနွေးတို့လဲ ဘာဆုမှ ရမယ်မထင်ပါ။ မတရားတဲ့ ဥပဒေမှန်သမျှတာဝန်အရ ဖီဆန်ကြတိုတာ ဒေါ်စုပြောခဲ့တာ စစ်အုပ်စု အတွက်သီးသန့်ပြောခဲ့တာ မဟုတ်ဘူးယူဆတယ်။ ဆန္ဒပြတာ လူသားအခွင့်အရေးပါ။ ထိုင်းမှာလို တိုက်တွေမီးရှို့ပြီး စခန်းဖွင့်ထားတာ မဟုတ်ပါဘူး။ လယ်သမားတွေက လူကုန်ထန် အင်းလျားလမ်းမှာ မြေလာသ်မးတာလဲ မဟုတ်ဘူး။ သူတို့ အဖိုးအဖွားမြေ ကိုရိုရိုးလေး ကာကွယ်နေတာပါ။ ပြသနာက ဒေါ်စု မပါရင်တောင် ပြီးသွားလောက်ပြီး ခုပါလာတော့ ဆုတ်လဲစူးစားလဲရူးဖြစ်နေပြီး။ ကျနော်လဲ ဒေါ်စုကိုချစ်ပါတယ်။ လူတိုင်းချစ်ပါတယ်။ မကြိုက်ရင်မကြိုက်ဘူး ပြောခွင့်ပေးသင့်ပါတယ်။ကျနော့် အမေတောင် မမှန်ဘူးထင်ရင် ကျနော်နားမထောင်ပါဘူး။ ဒါမိဘစော်ကားတာမဟုတ်ဘူး ကျနော့်အခွင့်အရေးပါ။ အခွင့်အရေးနဲ့ စော်ကားတာ ခွဲဖို့လိုတယ်။
နိုင်ငံရေးမှာ အဖော်မရှိဘူးဗျ။ အဖော်လိုချင်ရင်ခွေးမွေးတဲ့ ဆိုလိုတာ ကိုမှန်ရင် လူတွေ ထောက်ခံမှာပဲ။ ကို့ပေါ်လစီ မှားရင်တော့အိမ်က ခွေးလေးပဲ ကိုနဲ့ကျန်မှာ သူနဲ့ပဲအဖေါ်လုပ်ပါလို့ပြောတာပါ။ အနောက်အုပ်စု နိုင်ငံရေးသမားတိုင်းသိတယ်။ ပြီးတော့ တောသားတွေ ပညာ မတတ်ဘူး ဘာဘူး နှိမ်ကြတယ်။ အဲပြောနေတဲ့သူတွေ တောသားတွေလောက် ရိုးသားလား။ တောသားတွေလောက် အစွမ်းရှိလား။ ဗိုလ်ချုပ်လဲနတ်မောက်သား တောသားပဲဗျ။ တောသားတွေ လျပ်စစ်မီးမရှိတင်းတိမ်ရောင့်ရဲတယ်။မြို့သားတွေ မီးမရှိရင် ခင်းဗျားတို့ facebook မှာတက်မဆဲရမှာစိုးလို့ ဆန္ဒပြကြတယ်။ ကိုလိုနီခေတ၊်ဂျပန်ခေတ် ၊မဆလ၊ နအဖခေတ် ခေတ်တိုင်းမှာ သူတို့ မြေစာပင်ပဲ ။ သူတို့ကိုဘယ်နိုင်ငံရေးသမားဂရုစိုက်တာမှ မခံရဘူး။ ပညာတတ်မှ လုပ်ကြေးဆို မိတ်ဆွေတို့ရော ပညာတတ်ပဲ လုပ်ပေါ့။ တတ်တဲ့ပညာက နိုင်ငံတကာ ကလူတွေကိုယဉ်ရဲလား။ မပြည့်တဲ့ရေ ဘောင်ဘင်ဝေပါတယ်။ အဘ နဲ့ အမေ ခေါ်တတ်ရုံနဲ့ နိုင်ငံရေးသမားထင်မနေနဲ့ ဝေဖန်ပိုင်းခြားတတ်အောင်လဲ လေ့လာစေချင်တယ်။ အလွတ်ကျက်ပြီး ဘွဲ့ရလာတာ ပညာ တတ်လို့ သတ်မှတ်ရမှာလား။ အင်တာနက်တွေ ရှိနေတာ နိုင်ငံတကာ အတွေးခေါ်တွေလဲ လေ့လာကြပါဦး။



ကျေးဇူးတင်ပါတယ်



ကောင်ဆိုးလေး

No comments :