Sunday 17 March 2013

နိုင်ငံ တ၀န်း မတရားသိမ်းထားတဲ့ မြေ ယာ ပဋိပက္ခများကြောင့် နိုင်ငံခြားရင်နှီးမြုပ်နှံမှု အခက်တွေ့


တပ်မတော်(ရေ) စစ်တန်းလျား ဆောက်ဖို့ လွန်ခဲ့တဲ့ ၁၉နှစ်က ဝါဝါဝင်း ကုမ္ပဏီ သိမ်းယူခဲ့တဲ့ တာမွေက မြန်မာ့ ဂုဏ်ရောင် ရပ်ကွက်နေ ပြည်သူတွေက ဆန္ဒပြ တော့ပါမည်။

 ဒီလို မတရားသိမ်းထားတဲ့ မြေ ယာ ပဋိပက္ခများဟာ နိုင်ငံတ၀န်း မှာ ဖြစ်ပေါ် နေတာကြောင့် နိုင်ငံခြား မှ ရင်နှီးမြုပ်နှံသူများ အခက်တွေ့နေရတယ်လို့ ထိုင်း ဘဏ်တခု ရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆန်းစစ်လေ့လာမှု စစ်တမ်းတခု မှာ ဖော် ပြထားတာ တွေ့ရတယ်။

 ပြီးခဲ့တဲ့ လ က ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ မှာ သွားရောက် ရင်းနှီးမြုပ်နှံရာ မှာ ဌားရမ်းမြေများ ကို သေသေချာချာလေ့လာပြီး ဌားရမ်းကြားဖို့ သတိပေးထားပြီး၊ မြေယာ ပဋိပက္ခ တွေရှိနေတဲ့၊ ရှိနိုင်တဲ့ နေရာ တွေ ကို ရှောင်ပြီးဌားရမ်း ကြဖို့ ယင်းဘဏ်ရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆန်းစစ်လေ့လာမှု စာတမ်းထဲ မှာ အကြံပြုထားတာတွေ့ရတယ်။

No comments :