Monday 18 March 2013

၂၀၁၄ ခုနှစ် ဖူးလ်ဘရိုက် ပညာသင်ဆု အစီအစဉ် အတွက် လျောက်ထားနိုင်ပြီ




2014   Application Season for

Fulbright Foreign Student

Scholarships Opens


ဖူးလ်ဘရိုက်နိုင်ငံရပ်ခြားကျောင်းသား အစီအစဉ်သည် အရွေးချယ်ခံကျောင်းသား/သူများ အတွက် ပညာရေးစရိတ်၊နေရာထိုင်ခင်းစရိတ်၊ အခြေခံကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာရမှု အကျိုးခံစားခွင့်၊ စာအုပ်စာတမ်းကြေး၊ ခရီးစရိတ် နှင့် ဖူးလ်ဘရိုက် အထောက်အကူပြု အစီအစဉ်များ တက်ရောက်ခွင့် ကို ကျခံပေးသွားမည်ဖြစ်သည်။



လျောက်ထားသူသည်


  • မြန်မာနိုင်ငံသားဖြစ်ရမည်။အခြားနိုင်ငံများမှ နိုင်ငံသားများသည်မြန်မာနိုင်ငံမှ လျှောက်ထားခွင့်မရှိပါ။ 
  • ဘွဲ့တစ်ခုခု ရရှိထားပြီးသူဖြစ်ရမည်။ 
  • ပညာရည်အဆင့်မြင့်မားပြီး ထူးချွန်မှု မှတ်တမ်းများရှိသူ ဖြစ်ရမည်။ 
  • အင်္ဂလိပ်စာ TOEFL အနိမ့်ဆုံးရမှတ် ၅၇၅ (သို့) IELTS ၆.၅ နှင့်  အထက်ရရှိထားသူဖြစ်ရမည်။ 
  • လျှောက်ထားသည့် ဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ရရှိထားသူ (သို့) သက်ဆိုင်သောလုပ်ငန်း အတွေ့အကြုံရှိထားသူဖြစ်ရပါမည်။ 
  • အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ဖူးသူ(သို့) ရောက်ဖူးသူမဖြစ်ရပါ။ 
  • အမေရိကန်တက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားသူ ( သို့) ဘွဲ့သင်တန်းအတွက် ကျောင်းအပ်ထားသူ မဖြစ်ရပါ။

The deadline for applications is

July 3, 2013

၂၀၀၃ ခုနှစ် ၊ဇူလိုင် ၃ ရက် နောက်ဆုံးထားပြီးလျှောက်ထားနိုင်ပါသည်။


လျှောက်လွှာပုံစံ နှင့် အသေးစိတ် အချက်အလက်များ ကို http://burma.usembassy.gov/scholarships.html (သို့) ၁၁၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွက်မြို့နယ်ရှိ အမေရိကန်သံရုံး ပြည်သူ့ရေးရာဌာန ၊ ယဉ်ကျေးမှုဌာနခွဲ၊ ဖုန်း ၅၃၆၅၀၉၊ ၅၀၅၁၁၃ လိုင်းခွဲ ၄၃၆၉၊ အီးမေးလ် RangoonUSECA@state.gov သို့ ဆက်သွယ်မေးမြန်းရယူနိုင်ပါသည်။

No comments :