Monday 11 March 2013

ကချင် နဲ့  မြန်မာ အစိုးရ ဒုတိယအကြိမ်ဆွေးနွေး

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့သည်တရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီ မိနစ်၂၀မှ စတင်ကာတွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။ အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သောအဖွဲ့တွင် ကချင်ပြည်နယ်စစ်ဆင်ရေးဆိုင်ရာစစ်ဆင်ရေးအထူးအဖွဲ့ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအပါအ၀င် စစ်ဘက်ဆိုင်ရာအကြီးအကဲများ ပါဝင်လာပြီး ကေအိုင်အိုဘက်မှ တပ်ပိုင်းဆိုင်ရာ ထိပ်တန်းတာဝန်ရှိသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တပ်ပိုင်းဆိုင်ရာ အကြီးအကဲများလည်းတက်ရောက်သဖြင့် ယခုဆွေးနွေးပွဲတွင် တပ်နှင့်ပတ်သက်သည့် ကိစ္စများ ဆွေးနွေးသွားနိုင်လိမ့်မည်ဟု နှစ်ဘက်လုံးက သုံးသပ်ပြောကြားသည်။Shwe Li meeting - March 11 (5 photos)

3 comments :

Unknown said...

တိုင်းရင်းသားများလိုချင်သော ညိမ်းချမ်းရေး ဘယ်တော့မှမဖြစ်နိုင်ဘူး နယ်ချဲ့ဗမာစစ်အစိုးရအား
တိုင်းရင်းသားများစစ်ရေးနည်းဖြင့်တညီတညွတ်တလုံးဝတည်းဖြင့်အရင် မဖြေရှင်းဘဲ
ညိမ်းချမ်းရေးနွေးခြင်ဟာ ရေမရှိတဲ့ လယ်ကွင်းမှာစပါးစိုက်တာနှင့်အတူတူဘဲ၊ ဘယ်နိုင်ငံရဲ့သမိုင်း
မှာလည်းမတ္ဓေရဘူး၊ ဖက်စစ်ဗမာစစ်အစိုးရအား၊လက်နက်ကိုင်တော်လှန်နေကြသောတိုင်ရင်းအားလုံး
စစ်ရေးဖြင့်တလုံးတဝတည်းလက်တွေမဖြေရှင်နိုင်သမျကာလပတ်လုံးကျိမ်ခြင်းအမင်္ဂံလာခံရတာနှင့်အတှု
တှုဘဲကြည့်နေ။