Friday 29 March 2013

ညနေ စက်ရပ် သတင်း

ယနေ့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလှု့အဖွဲ့အစည်း )၏ ရုံးခန်းတွင် အရပ်ဖွဲ့အဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သော ဆွေးနွေးပွဲတစ်ခုကို ယနေ့ညနေ ၄း၃၀နာရီ မှ ညနေ ၆ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ 
တက်ရောက်လာသောကိုယ်စားလှယ်များက လတ်တလောဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အရပ်ဖွဲ့ အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းကာကွယ်နိုင်ကြရန် မိမိတို့၏သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြပါသည်။ ယနေ့ဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှတို့တက်ရောက်ခဲ့ကြပါသည်။ 

ယင်းဆွေးနွေးပွဲ၏ဆွေးနွေးချက်များထဲမှ သဘောတူညီသောအချက်များမှာ

(၁) အရပ်ဖွဲ့အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်၊
(၂)မြို့နယ်အလိုက် ကြိုတင်ကာကွယ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းသင့်သည်။
ဖွဲ့စည်းရာတွင်လိုအပ်သော ကူညီမှုများ ပြုလုပ်ပေးကြရန်၊
(၃) ဤသို့ဖွဲ့စည်းရာတွင် ဒေသအုပ်ချုပ်ရေးမှ ပုဂ္ဂိုလ်များနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊အကယ်၍ ၄င်းတို့မှ ပူပေါင်းဆောင်ရွက်ရန်ငြင်းဆန်ပါက တွေ့ဆုံဆွေးနွေးရန်နှင့် လိုအပ်သောဖိအားပေးရန်၊
(၄) အကြမ်းဖက်မှုများနှင့်ပတ်သက်သော အချက်အလက်များကို ရယူခြင်း၊ အကြမ်းဖက်မှုများကို မှတ်တမ်းတင်ရန်(စာရွက်စာတမ်း၊အသံဖိုင်၊ဓါတ်ပုံ၊ဗီဒီယိုဖိုင်၊ စသည်)၊
(၅) ရရှိသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဖလှယ်ခြင်း ဆက်သွယ်နိုင်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ စာရင်းများအားဖလှယ်ခြင်း တို့ပြုလုပ်ရန်၊
(၆) ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အား သတင်းအချက်အလက်များဖလှယ်ခြင်း၏ ဆုံချက်အဖြစ်ထားရှိရန် ၊
(၇)ဤသဘောတူညီ ချက်များ ကို မိမိတို့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြနိုင်သည်၊
(၈) လိုအပ်ပါက မိမိတို့အချင်းချင်း ထပ်မံတွေ့ဆုံရန်၊
(၉)မည်သူမဆိုအကြမ်းဖက်မှုကာကွယ်တားဆီးရေးတွင်ပူးပေါင်းဆောင်ရွက်လိုပါက အောက်ပါပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း။
ယနေ့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလှု့အဖွဲ့အစည်း )၏ ရုံးခန်းတွင် အရပ်ဖွဲ့အဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သော ဆွေးနွေးပွဲတစ်ခုကို ယနေ့ညနေ ၄း၃၀နာရီ မှ ညနေ ၆ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
တက်ရောက်လာသောကိုယ်စားလှယ်များက လတ်တလောဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အရပ်ဖွဲ့ အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းကာကွယ်နိုင်ကြရန် မိမိတို့၏သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြပါသည်။ ယနေ့ဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှတို့တက်ရောက်ခဲ့ကြပါသည်။

ယင်းဆွေးနွေးပွဲ၏ဆွေးနွေးချက်များထဲမှ သဘောတူညီသောအချက်များမှာ

(၁) အရပ်ဖွဲ့အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်
(၂)မြို့နယ်အလိုက် ကြိုတင်ကာကွယ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းသင့်သည်။
ဖွဲ့စည်းရာတွင်လိုအပ်သော ကူညီမှုများ ပြုလုပ်ပေးကြရန်၊
(၃) ဤသို့ဖွဲ့စည်းရာတွင် ဒေသအုပ်ချုပ်ရေးမှ ပုဂ္ဂိုလ်များနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊အကယ်၍ ၄င်းတို့မှ ပူပေါင်းဆောင်ရွက်ရန်ငြင်းဆန်ပါက တွေ့ဆုံဆွေးနွေးရန်နှင့် လိုအပ်သောဖိအားပေးရန်၊
(၄) အကြမ်းဖက်မှုများနှင့်ပတ်သက်သော အချက်အလက်များကို ရယူခြင်း၊ အကြမ်းဖက်မှုများကို မှတ်တမ်းတင်ရန်(စာရွက်စာတမ်း၊အသံဖိုင်၊ဓါတ်ပုံ၊ဗီဒီယိုဖိုင်၊ စသည်)၊
(၅) ရရှိသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဖလှယ်ခြင်း ဆက်သွယ်နိုင်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ စာရင်းများအားဖလှယ်ခြင်း တို့ပြုလုပ်ရန်၊
(၆) ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အား သတင်းအချက်အလက်များဖလှယ်ခြင်း၏ ဆုံချက်အဖြစ်ထားရှိရန် ၊
(၇)ဤသဘောတူညီ ချက်များ ကို မိမိတို့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြနိုင်သည်၊
(၈) လိုအပ်ပါက မိမိတို့အချင်းချင်း ထပ်မံတွေ့ဆုံရန်၊
(၉)မည်သူမဆိုအကြမ်းဖက်မှုကာကွယ်တားဆီးရေးတွင်ပူးပေါင်းဆောင်ရွက်လိုပါက အောက်ပါပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း။

လက်ပံတောင်း လေးလပြည့် ဆန္ဒဖော်ထုတ်မှု
လက်ပံတောင်းတောင် သပိတ်စခန်းများ အကြမ်းဖက် ဖြိုခွင်းခံရမှုနှင့် ပတ်သက်ပြီး အမြန်ဆုံးဖော်ထုတ် တာဝန်ယူ ဖြေရှင်းပေးရန် မတ်လ ၂၉ရက်နေ့ ညနေ ၄နာရီခန့်က ရန်ကုန် မြို့တော်ခန်းမရှေ့တွင် လူ ၃၀ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Photo

သပိတ်စခန်းဖြိုခွင်းမှု ၄ လပြည့် အထိမ်းအမှတ် ရန်ကုန်မှာ ဆန္ဒပြ

သပိတ်စခန်းဖြိုခွင်းမှု ၄ လပြည့် အထိမ်းအမှတ် ရန်ကုန်မှာ ဆန္ဒပြ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တရားခံတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ နှစ်နာရီကြာပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒထုတ်ဖော်ပွဲဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒတွေကို စုပေါင်းဖော်ပြတာဖြစ်ပြီး လက်ပံတောင်းတောင် ဖြိုးခွင်းခံရမှု ၄ လပြည့်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဒီဆန္ဒထုတ်ဖော်ပွဲကို လက်ပံတောင်းတောင် အရေးအခင်းမှာ ကြုံတွေ့ခဲ့ရတဲ့ သံဃာတော် ဦးဓမ္မသာရ အပါအဝင် အခြားဆရာတော်တွေနဲ့ အဖွဲ့အစည်းပေါင်းစုံက လူဦးရေ ၃၀ ကျော် ပါဝင်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ ဆရာတော်ဦးတိက္ခဥာဏဟာ ဒဏ်ရာတွေ မပျောက်ကင်းသေးတဲ့အတွက် စစ်ကိုင်းတိုင်း သီတဂူဆေးရုံမှာ ဆက်လက်ကုသမှုခံယူရဦးမယ်လို့ သားဖြစ်သူ ဒေါက်တာ နေသူရိန်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ရက်ပေါင်းတစ်ရာနီးပါး ဆေးကုသမှု ခံရခဲ့ရာကနေ မတ်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေပြားကုသဆောင်မှာ ဆေးကုသမှု ခံယူနေရာကနေ မသက်သာတဲ့အတွက် သီတဂူဆေးရုံမှာ နောက်ထပ်လနဲ့ချီပြီး ကုသဖို့လိုအပ်နေသေးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပန်းတောင် ကြေးနီစီမံကိန်းကို သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြကြတဲ့ သံဃာတွေနဲ့ ဒေသခံတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းခဲ့ရာမှာ သံဃာအတော်များများ မီးလောင်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအထဲမှာ ဆရာတော် ဦးတိက္ခဥာဏဟာ လက်ပံတောင်းတောင် ဒဏ်ရာအပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ဆရာတော် ဖြစ်ပါတယ်။ ဒီနေ့မှာပဲ မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသက ဒေသခံပြည်သူတွေဟာ ဆည်တဲရွာထိပ်မှာ ဆိုင်းဘုတ်တင်ပွဲနဲ့ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးသဘောတူ လက်မှတ်ထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဆိုင်းဘုတ်တင်ပွဲကို သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီးမှ ဒီကနေ့ နေ့လည် ၂ နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဇီးတောရွာ၊ ကျောက်ဆည်ဒိုင်နဲ့ လယ်တီရွာစတဲ့ နေရာတွေက ဒေသခံ ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ 

မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ကချင်ဒုက္ခသည် ရံပုံငွေ ဈေးရောင်းပွဲတော် ပြုလုပ်
စနေနေ့၊ မတ်လ 30 ရက် 2013 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်း၍ ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေသည့် ဈေးရောင်းပွဲတော်တခု ကွာလာလံပူမြို့ရှိ Chinese Assembly Hall တွင် ယနေ့ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။

မလေးရှားစံတော်ချိန် ၁ နာရီမှ စတင်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ပါဝင်ဖွဲ့စည်းထား သည့် တိုင်းရင်းသားအဖွဲ့စည်းချုပ် (Coalition of Burma Ethnics Malaysia) မှ ဦးဆောင်ကာဒုက္ခသည်များ အတွက် လူမျိုးအသီးသီးမှ မိမိတို့ရိုးရာဓလေ့ အကများ အစားအစာများဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အစီစဉ်တွင် ဒုက္ခသည်များ၏ ဓါတ်ပုံပြခန်းနှင့်အတူ တိုင်းရင်းသား အသီးသီးတို့သည် မိမိတို့ရိုးရာ အကပဒေသာများနှင့် ရိုးရာအစားအစာများ ချက်ပြုတ်ရောင်းချကာ ဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေခဲ့သည်ဟု ၎င်းပွဲကော်မတီမှ အဖွဲ့ဝင် ကိုလဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အစားအစာလည်း ကိုယ့်ရိုးရာအစားအစာ ကိုယ်ရောင်းကြတယ်။ ကရင်လည်း ကရင်အစားအစာ၊ မွန်လည်းမွန်အစားအစာ၊ ကချင်လည်း ကချင်အစားအစာ အမျိုးမျိုးရောင်းကြတယ်။ ဒီနေ့လုပ်တဲ့ပွဲက အရမ်းလည်း အောင်မြင်တယ်လို့ပြောရမယ်” ဟုဆိုသည်။

အဆိုပါအစီစဉ် ပြုလုပ်ခြင်းသည် စစ်ပြေးဒုက္ခသည်များ ခံစားရသောဒုက္ခများကို အခြားတိုင်းရင်းသား များလည်း ထပ်တူခံစားရကြောင်းနှင့် ခက်ခဲကြမ်းတမ်းသည့် နိုင်ငံရေးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားအားလုံး စိတ်သဘောထား တူညီစွာဖြင့် အတူတကွရှေ့သို့ လက်တွဲသွားရန် ရည်ရွယ်သည်ဟု ပြောသည်။

“အားလုံးလည်း သဘောထား ညီညွှတ်မှုကိုတွေ့ရတယ်။ နယ်မှာရှိတဲ့ တိုင်းရင်းသားတွေလည်း ဒီနေ့လုပ်တဲ့ အစီစဉ်ကို ကြည့်ပြီး အားလုံးသဘောထားတွေ တညီတညွှတ်ထဲ ဖြစ်စေချင်ပါတယ်” ဟု တိုင်းရင်းသားများ အဖွဲ့ဝင် ကိုလဆိုင်းပြောခြင်းဖြစ်သည်။

ယနေ့ ပြုလုပ်သော ကချင်ဒုက္ခသည်များ ရံပုံငွေရှာဖွေရေးအစီစဉ်သို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်သား အယောက်  ၇၀၀ ကျော် ပါဝင်အားပေးခဲ့ကြောင်းသိရသည်။

၎င်းအစီစဉ်မှရရှိသော ငွေများကို ဒုက္ခသည်များဆိုင်ရာ ကော်မတီထံသို့ မကြာမီ လွှဲအပ်ပေးမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုလဆိုင်းက ပြောသည်။

-------------------------------------

No comments :