Saturday 16 March 2013

လက်ပံတောင်းရဲ့ သင်ခန်းစာ



-အယ်ဒီတာ အာဘော်-
 (WFWW)                                                                                                                       

ကမ္ဘာတ၀န်း က ကတ်သလစ် ဘာသာဝင် သန်း ၁၂၀၀ ကို ဦးဆောင်ဖို့ရွေးချယ်လိုက်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို သူရဲ့ မူရင်းနိုင်ငံ အာဂျင်တီးနား မှာ စစ်အာဏာရှင် အုပ်စိုးစဉ်က လူ့အခွင့်အရေးချိုးဖောက် မှုတွေ ကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခံစားခဲ့ပေမဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်တွေ ကို မျက်ကွယ်ပြုနုတ်ဆိတ်နေခဲ့တယ်။ ဒီလုပ်ရပ်ကြောင့် ကတ်သလစ် ဘာသာဝင် အပါအ၀င်၊ ကမ္ဘာ့ပြည်သူတွေ က ပုပ်ရဟန်းမင်းကြီးသစ်  ဖရန်စစ် ကို ပြင်းပြင်းထန်ထန်ဝေဖန် ရှုတ်ချမှု
 တွ ပြုလုပ်ခဲ့ကြတယ် လို့ ကမ္ဘာ့သတင်းမီဒီယာတွေ မှာ ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြတယ်။ 


ပုပ်ရဟန်းမင်းကြီး ကော ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် တိုင်းဟာ သူတို့ရဲ့ မှားယွင်းခဲ့တဲ ရပ်တည်ချက်တွေ အပေါ်  ဒီလိုမျိုး ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခံရတက်မှုတွေ နဲ့ တော့  ကင်းကြတာတော့ မဟုတ်ပါဘူး။


လက်ပံတောင်း တောင် လူထု နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံပွဲတွေ မှာ၊  ဒေသခံ ပြည်သူများ  ဒေါ်အောင်ဆန်းစုကြည်အပေ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှု ကို၊  တချို့ ဒေါ်အောင်ဆန်း စုကြည် ကို ထောက်ခံ ကြသူများ၊ စစ်အစိုးရ လိုလားသူများ၊ က လူထုနဲ့ ဒေသခံပြည်သူတွေ အပေါ် အမျိုးမျိုး စွပ်စွဲတိုက်ခိုက် ပြောဆိုမှုတွေ ကို အင်တာနက် စာမျက်နှာ တွေ မှာ ဖတ်နေရတယ်


"လူထု လူထု ဆိုပြီး တယောက် နှစ်ယောက် နဲ့ မုန်လာဥလာမလုပ်နဲ့ တို့၊ လူထုဆန္ဒထုတ်ဖော်မှုတွေ ကို နောက် က ကြိုးကိုင် နေတယ် လို့ ဆိုပြီး၊" လူထုရဲ့ ဆန္ဒထုတ်ဖော်မှုတွေ အပေါ်  စော်ကားပြောဆိုမှုတွေ အင်တာနက်စာမျက်နှာ ပေါ်တွေ မှာ ဖတ်ရှု့နေရတယ်။ လူထုရဲ့ နစ်နာမှုတွေ ၊ အခွင့်အရေးတွေ ကို ပြောဆို အကူအညီပေးနေကြတဲ့ တခြားဒီမိုကရေစီ အင်အားစုတွေ အပေါ် ကိုလည်း စော်ကားပြောဆို တိုက်ခိုက် စွပ်စွဲမှုတွေ ပြုလုပ်နေကြတယ်။ 


လက်ပံတောင်း တောင် လူထု ဆန္ဒပြထုတ်ဖော်မှု မှာ ပါဝင်လက်တွဲနေကြတဲ့ ဒီမိုကရေစီ အင်အားစုတွေ ဟာ ခေါင်ဆောင်တဦးတယောက် အပေါ် ပုဂ္ဂိုလ်ရေး လေးစား ကိုးကွယ်ပြီး တိုက်ပွဲဝင်နေကြတဲ့ သူတွေထဲ မှာ မပါဘူး၊ လူထု အပေါ် မတရားမှုတွေ ရှိနေတဲ့ စနစ်ဆိုး ကို တော်လှန်နေတာ၊ တိုက်ပွဲ ၀င်နေတာ ပါ။ လူပ္ပိုလ်တွေ အတွက် တိုက်ပွဲဝင်နေတာမဟုတ်၊ စနစ်ဆိုးကြီး ကို တိုက်ပွဲဝင်နေတာသာဖြစ်ကြောင်း လက်ပံတောင်း ဒေသ က က သက်သေပြခဲ့ပါပြီ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်မှု ကို တချိန်က သူတို့တောင်းဆိုတိုက်ပွဲဝင်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်း စုကြည်  ကို လေးစားယုံကြည်ပြီး ထောက်ခံပါ။ လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိကြတယ်။


တစ်- သူတို့ ကို တခုပြောချင်တယ်။ လူသားတိုင်း မှာ သဘောထားအမြင် မတိုက်ဆိုင်မှု တွေရှိကြတယ်။ ဒီလိုပဲ လက်ပံတောင်း တောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ထုတ်ပြန်ချက်တွေ အပေါ် သဘောတူတဲ့ သူတွေရှိသလို၊ သဘောမတူတဲ့ သူတွေလည်းရှိကြ မှာ ပါပဲ။ ကိုယ်နဲ့ သဘောထားအမြင် မတိုက်ဆိုင် လို့  သဘောမတူတဲ့ လူတွေ အပေါ် အချက်အလက် ၊ အထောက်အထား မရှိပဲ  စော်ကားပြောဆိုမှု ဟာ အောက်တန်းကျတဲ့ နိုင်ငံရေးလို့ ပဲမြင်တယ်။ သဘောထားအမြင် မတိုက်ဆိုင်မှု ကို လက်မခံဘူး ဆိုရင်တော့ ဒီမိုကရေစီ အတွက် တိုက်ပွဲ မ၀င်ကြနဲ့ တော့ ၊ အာဏာရှင်စနစ် ကိုပဲပြန်လည်ထောက်ခံ လိုက်ကြတော့ လို့ပဲပြောတော့မယ်။


နှစ်- လက်ပံတောင်း တောင် စုံစမ်းစစ်ဆေးရေးကော်မရှင် က ထုတ်ပြန်တဲ့  အစီရင်ခံစာ ကို လူထု က မဖတ်ရသေးဘူး၊ မသိပဲ နဲ့ ပြောနေကြရင် ဘယ်လိုလုပ်မလဲလို့ ဒေါ်အောင်ဆန်း စုကြည် က လူထု နဲ့ တွေ့ဆုံမှု မှာ ထောက်ပြပြောဆိုခဲ့တယ်။


လက်ပံတောင်း တောင် စုံစမ်းစစ်ဆေးရေးကော်မရှင် က အစီရင်ခံစာ ထုတ်ပြန်ဖို့ လနဲ့ချီကြာတယ်။ ထုတ်ပြန်ဖို့ အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာခဲ့တယ်။ တကယ် လက်ပံတောင်း တောင် စုံစမ်းစစ်ဆေးရေးကော်မရှင် က  အစီရင်ခံစာ ထုတ်ပြန်ပြီး၊ ဒေသခံလူထုနဲ့ တွေ့တော့လည်း ကော်မရှင် အဖွဲ့ က ဘာမှ  ပြင်ဆင်ထားတာ မတွေ့ရဘူး။ ဒေသခံ လူထု ဖတ်ရှု့လေ့လာနိုင်အောင်  အစီရင်ခံစာ တွေ ကိုတောင်  ကြိုတင် မဖြန့်ဝေပေးနိုင်ခဲ့တာ ကို ကြည့် ခြင်း အားဖြင့် ဒီကော်မရှင်ဟာ လူထု နဲ့ မတွေ့ခင်မှာ လူထုနဲ့ ဆက်ဆံရေး  အတွက် ဘာမှ ပြင်ဆင်လာတာ မတွေရဘူး။ ဒါတွေလုပ်ထားတယ်၊  ရော့-အင့်-ယူ ဆိုတဲ့ အမိန့်ပေး ခိုင်းစေ တဲ့ ပုံစံမျိုးဖြစ်နေတယ်။ 

 ဒေသခံ လူထုတွေ မဖတ်ရသေးလို့ အစီရင်ခံစာ မှာ ပါတဲ့ အချက်အလက်တွေ ကို က မဆွေးနွေး နိုင်ခဲ့တာ တာ ဒေသခံ လူထု မှာ အပြစ်မရှိဘူး၊ လနဲ့ချီ ကြာခဲ့ တဲ့ လက်ပံတောင်း တောင် စုံစမ်းစစ်ဆေးရေးကော်မရှင် က ထုတ်ပြန်တဲ့  အစီရင်ခံစာ ကို လူထု ကို လေ့လာနိုင်အောင် မဖြန့်ဝေပေးနိုင်တာ က စုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့ အပြစ်ပါ။ ကော်မရှင် ဟာ လူထု နဲ့ ဆက်ဆံရေး မှာ အားနည်းနေတယ်၊  စီမံခန့်ခွဲမှု အားနည်းနေတာဖော်ပြနေတယ်။  ကိုယ့်အားနည်းချက် ကို မမြင်ပဲ၊ ဒေသခံလူထု အပေါ် လက်ညိုးမထိုးသင့်ပါ လို့ အကြံပေး ပါရစေ။

ဒေသခံ လူထုနဲ့ ဆက်ဆံရေး အားနည်းနေသ၍၊ အမှားတွေ ကို သင်ခန်းစာ မယူသ၍ လက်ပံတောင်းတောင် ပြဿနာ အဖြေရှာ ဖို့ မှာ အခက်အခဲတွေ ဆက်လက်ရှိနေပေလိမ့်မည်။

1 comment :

youngyi said...

ပြည်ပကလူတွေ တော်တော်များများတောင် အစီရင်ခံစာ ကို အစအဆုံး ဖတ်ပြီးကြလိမ့်မယ်မထင်ဘူး