Friday 8 March 2013

ဘဏ်သတင်း

ဘဏ်များတွင် ငွေစက္ကူ အတုများ လက်ခံရရှိနိုင်ကြောင်း ဘဏ္ဍာအခွန် ဒုဝန်ကြီးဖြေကြား

မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်း ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
ထုတ်သည့်ကျပ် ၅၀၀၀ တန်များ ရွက်ရေမည်မျှ ရှိသည်၊

ကျပ် ၅၀၀၀ တန်အတုများ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် အသီးသီးတွင်
လည်ပတ်မှုရှိနေပါက မည်ကဲ့သို့ ထိန်းချုပ်မည်နှင့် စပ်လျည်းသည့်မေးခွန်း
အား

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် မှ
ရှင်းလင်းဖြေကြားရာ တွင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၃၁-၁-၂၀၁၃ ရက်နေ့ အထိ ထုတ်ဝေထားတဲ့ ကျပ် ၅၀၀၀
တန် ငွေစက္ကူအရေအတွက် တန်ဖိုးပမာဏမှာ ကျပ် ၂၈၀၀ ဘီလီယံကျော်ရှိကြောင်း၊

ကျပ် ၅၀၀၀ တန်အတုများဟာ မြန်မာနိုင်ငံတော်အတွင်းရှိ ဘဏ်များမှာ မလည်ပတ်
နိုင်စေရန်အတွက် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ လုပ်ထုံးလုပ်နည်းများနဲ့
ငွေစက္ကူအတုအစစ်ခွဲခြားတဲ့ စက်များဖြင့်ပါ
ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်
း ဘဏ်များမှာ

လည်ပတ်နေတဲ့ ငွေကြေးပမာဏအရ ဘဏ်များမှာ ငွေစက္ကူအတုတွေ လက်ခံရရှိနိုင်မှု
ရှိနိုင်ပါကြောင်း၊

သို့သော်လည်းပဲ လည်ပတ်သုံးစွဲနိုင်လောက်တဲ့ အရည်အတွက်
မရှိနိုင်ပါကြောင်း၊ ကျပ် ၅၀၀၀ တန်ငွေစက္ကူစတင် ထုတ်ဝေတဲ့ ၁-၁၀-၂၀၀၉
ရက်နေ့မှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်းမှာ ၅၀၀၀ ကျပ်တန်
ငွေစက္ကူအတု ၃၇၅၈ ရွက် တန်ဖိုးအားဖြင့် ကျပ် ၁၈၇၉၀၀၀၀ ကို
စစ်ဆေးလက်ခံရရှိခဲ့တဲ့ အတွက်

လုပ်ထုံးလုပ်နည်းနဲ့အ ညီ မြန်မာနိုင်ငံရဲ တပ်ဖွဲ့
မှုခင်းတပ်ဖွဲ့မှူးရုံးကို ပေးပို့ အပ်နှံခဲ့ပြီးဖြစ်ပါကြောင်း နှင့် ကျပ်
၅၀၀၀ တန်အတုများဟာ အထက်မှာ တင်ပြသလိုပဲ မလည်ပတ်နိုင်ပေမယ့် လည်း
စီးပွားရေးလောကမှာ လည်ပတ်နေနိုင်ပါကြောင်း

ဒီအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာနရဲ့ငွေကြေးဆိုင်ရာစည်းမျဉ်းများနဲ့
လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း ကျွန်တော်တို့
အတုအစစ်တွေ ခွဲခြားနိုင်အောင် ပညာပေးခြင်း၊

တွေ့ရှိပါက အမှုဖွင့် တိုင်ကြားအရေးယူခြင်း၊ အတုအစစ်ခွဲခြား
တဲ့စက်များအသုံးပြုခြင်း စသည်ဖြင့် ထိန်းချုပ်နိုင် ရန်
ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

ပြည်သူ့လွှတ်တော်

No comments :