လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့တောင်းဆိုကြတဲ့ ဒေသခံ ၅၀၀ လောက်ဟာ ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ ၀မ်ပေါင်ကုမ္ပဏီရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြကြတာဟာ ပထမဆုံးအကြိမ် တရားဝင်ဆန္ဒပြခွင့်တာဖြစ်ပြီး မတ်လ ၂၂ ရက်နေ့က ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ တုံရွာကနေ ၀မ်ပေါင်ကုမ္ပဏီရှေ့ကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာလို့ အလယ်တောကျေးရွာက ဒေသခံ မစန္ဒာထွန်းက ပြောပါတယ်။
ဆန္ဒပြပွဲအား တုံရွာမှ မဌေးဦးနှင့် မခင်ဌေးနွယ် (စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဘိုဌေး၏ သမီး) တို့မှ ဦးဆောင်ခဲ့တာဖြစ်ပြီး၊ မနက်ဖြန် ၂၄-၃-၂၀၁၃ ရက်နေ့ ၁ နာရီတွင်လည်း ဆည်တည်းရွာမှ ဦးဆောင်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံဝဖျက်သိမ်းရေး အတွက် ဆက်လက် ဆန္ဒဖော်ထုတ်သွား မည်ဖြစ်သည်၊၊
1 comment :
အကျိုးနဲ့အကြောင်း ဆီလျော်အောင် စဉ်းစားတတ်တဲ့ အရည်အချင်းနဲ့ အမှားအမှန် ဝေဖန်ပိုင်းခြားဖို့ လုံလောက်တဲ့ အသိတရားတခု ကျေးလက်နေဒေသမှာ မရှိသရွေ့ ဒီလိုပြသနာတွေ ဆက်တိုက်ပေါ်နေဦးမှာပဲ။ စီမံကိန်းတစ်ခုလုပ်လိုက်တိုင်း ဒီလိုအော်လိုက် ဖျက်လိုက်ဆိုရင်တော့ ဒီတိုင်းပြည်တစ်ခုခုတော့ မှားနေပြီ။
Post a Comment