Wednesday 27 March 2013

အရေးထဲမှာ ထိုင်းဝန်းကြီးအချုပ်ဟောင်း မြန်မာ ပြည်ရောက်

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ရှင်နာဝပ်သည် မတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်က ကိုယ်ပိုင်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ရန်ကုန်မြို့တွင် တစ်ညအိပ်ကာ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ သွားရောက်လေ့လာနေကြောင်း လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

“ မနက်က ၈ နာရီလောက် ထားဝယ်ကို လေယာဉ်နဲ့ သွားဖို့ လုပ်ထားပေမယ့် နှင်းတွေပိတ်နေတဲ့အတွက် ၁၀ နာရီ လောက်မှပဲ လေယာဉ်ထွက်လို့ ရတယ်” ဟုအဆိုပါတာဝန်ရှိသူက ပြောသည်။

No comments :