Saturday 2 March 2013

မူးယစ်ဆေးဝါး ထက် ကြောက်ဖို့ကောင်းတဲ့ Made in China Products



"Made in China Product is Dangerous Than Drugs"
Potentially dangerous products from China 
 
ကင်ဆာ ရောဂါ ဖြစ်စေတဲ့ တရုတ် ကုန်ပစ္စည်းများ
From toothpaste to toy trains to tilapia, Chinese imports accounted for more than 60 percent of the recalls announced by the Consumer Product Safety Commission this year. Here's a highlight of those potentially hazardous products.

-မြတ်စိုး-
၀၃.၀၂.၂၀၁၃

ပြီးခဲ့တဲ့ နှစ် က နိုင်ငံတကာ ရုပ်မြင်သံကြား သတင်းတွေ မှာ တရုတ်နိုင်ငံ က ထုတ်လုပ်တဲ့  စားသောက်ကုန်ပစ္စည်းတွေ မှာ ကင်ဆာရော ဂါဖြစ်စေတဲ့ ဓာတုဗေဒ ပစ္စည်းတွေ ကို သုံးစွဲခဲ့တာ စစ်ဆေးတွေ့ရှိရတယ်လို့ ဖော်ပြခဲ့ကြတယ်။ ဒါပေမဲ့လည်း လူပေါင်းများစွာ သေကြေခဲ့ရတဲ့ ဒီ လို အဆိပ်သင့် ပြီး ကင်ဆာရောဂါရစေတဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီတွေ ကို တော့ တရုတ် အစိုးရ က ရာဇာဝတ်မှု၊လူသတ်မှုလို  ပြင်းထန်စွာ အရေးယူမှု မရှိခဲ့ပါဘူး။ တရုတ်နိုင်ငံ အစိုးရ ရဲ့ တရားရုံးတွေ က ရာဇာဝတ်မှု၊လူသတ်မှု ကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုနေသလဲ ဆိုတာနဲ့ ပက်သက်ပြီး၊ တရုတ်အစိုးရ ရဲ့ တရားစီရင်ရေး အပေါ်  ကမ္ဘာ့နိုင်ငံ အသီးသီး က ဥပဒေပညာရှင်တွေက  တော့ ဆက်လက်ဝေဖန် မေးခွန်းထုတ်စရာ ဖြစ်နေတယ်။

တချိန်တည်း မှာ ပဲ တရုတ် အစိုးရ  ဟာ မဖွံ့ဖြိုးသေးတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ၊ အိမ်နီးချင်း နိုင်ငံ ငယ်တွေ ရဲ့ လူထုတွေရဲ့ လုပ်အားတွေ၊ ၊ သံယာဇာတ တွေ ကို အချောင်နှိက် အမြတ်ထုတ်နေတယ် လို့ လည်း အိမ်နီးချင်း နိုင်ငံငယ်တွေ အပါအ၀င် ကမ္ဘာ့ နိုင်ငံ အသီးသီး က ခေါင်းဆောင်တွေရဲ့  ဝေဖန်ရှုံ့ချမှု ကိုလည်း ခံနေရတယ်။ 


တရုတ်အစိုးရ ဟာ ကိုယ်ကျိုးစီးပွားရေး တခုတည်းကို သာကြည့်ပြီး စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံလူထုတွေရဲ့  အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေ အမြောက်အများ ရှိလာနေတယ်လို့  ကမ္ဘာ့ခေါင်းဆောင်အသီးသီးနှင့် လူ့အခွင့်အရေး စောင့်ကြည့်နေကြတဲ့ အဖွဲ့အစည်းတွေ သတိပေးပြောဆိုနေကြတယ်။ 


တရုတ်နိုင်ငံ အစိုးရ ဟာ အိမ်နီးချင်းနိုင်ငံငယ်တွေ ကို လည်း အင်အားပြ  ဗိုလ်ကျခြိမ်းချောက် စော်ကား မှုတွေ ပြုလုပ်နေတယ်လို့ ဗီယက်နမ်၊ဂျပန်၊မလေးရှား၊ဖိလစ်ပိုင်၊ ထိုင်ဝမ် နိုင်ငံတွေ က အစိုးရ ခေါင်းဆောင်တွေ ကလည်း သတိပေးပြောဆိုခဲ့ကြပြီး ဖြစ်တယ်။


အိမ်နီးချင်းနိုင်ငံတွေ မှာ နိုင်ငံရေးခေါင်းဆောင်တွေ က သူတို့နိုင်ငံမှာ  တရုတ်ကုမ္ပဏီတွေ ကို လက်မခံ ကြဖို့ အစိုးရ နှင့် လူထု ကို  နှိုးဆော်တိုက်တွန်း တောင်းဆိုမှုတွေ ပြုလုပ်နေကြပြီး၊ တရုတ် ကုန်ပစ္စည်းတွေ ဟာ လူထုကျန်းမာရေး ကို ထိခိုက်ပြီး၊ သေဆုံးမှုတွေ ရှိခဲ့ကြတယ်လို့ ထောက်ပြကြတယ်။


 ပြီးခဲ့တဲ့နှစ်တွေ က တရုတ်ပြည် က ထုတ်လုပ်တဲ့ ဓာတု အဆိပ်သင့်စေတဲ့ နှို့မုန့် ဟာ  တရုတ်ပြည်မှာ သာမက အိမ်နီးချင်းနိုင်ငံတွေ က ကလေးငယ် ထောင်နဲ့ချီ သေဆုံးမှုတွေ၊ ဥဏှောက်ပိုင်း ဆိုင်ရာ မှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိခဲ့တယ်။ တရုတ် နိုင်ငံ က တင်သွင်းတဲ့ ကုန်ပစ္စည်း နှင့် စားသောက်ကုန်ပစ္စည်း တွေ မှာ  ဓာတုဗေဒ အဆိပ်သင့်မှုတွေရှိနေ တာ ကြောင့် တရုတ် ကုန်ပစ္စည်းတွေ ဟာ မှုးယစ်ဆေးဝါးထက် တောင် ကြောက်စရာ ကောင်းကြောင်း အိမ်နီးချင်းနိုင်ငံများ နှင့် ကမ္ဘာ့နိုင်ငံအသီးသီး က အစားအစာ စစ်ဆေးရေးဌာနတွေ က ပြီးခဲ့တဲ့ လ တွေ က ၀န်ခံ ထုတ်ဖော်ပြောဆို  နေကြပါတယ်။


 တရုတ် စားသောက် ကုန်တွေ၊ စားသုံးဆီတွေ မှာ ကင်ဆာ ရောဂါဖြစ်စေတဲ့ ဓာတုဗေဒ ဆေးဝါးတွေ သုံးစွဲထားတာ တွေ့ရှိခဲ့ရကြောင်း ဂျပန်ရုပ်မြင်သံကြားတွေ၊ NTD TV ရုပ်မြင်သံကြား နှင့် နိုင်ငံတကာ ရုပ်မြင်သံကြား သတင်း တွေမှာ  မကြာခဏ ဖော်ပြခြင်းခံနေရတယ်။


မြန်မာနိုင်ငံ မှာ  တရုတ်နိုင်ငံ က ၀ယ်ယူခဲ့ တဲ့ လေယာဉ်တွေ  မကြခဏဆိုသလို ပျက်ကျခဲ့လို့ လေယာဉ်မှူးတွေ ဆုံးရှုံးခဲ့ရသလို၊ တရုတ်ပြည် က တင်သွင်းနေတဲ့ ဓာတု အဆိပ်သင့် ကုန်ပစ္စည်းများနဲ့ အတု အပ ဆေးဝါးတွေ ကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားလာနေတယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂ  ကျန်းမာရေး အဖွဲ့ ရဲ့ စစ်တမ်းတွေ  နှင့် နိုင်ငံတကာ ကျန်းမာရေး ပညာရှင် သုတေသီတွေ က သတိပေး ထုတ်ဖော်ပြောဆိုနေကြတယ်။

No comments :