Saturday 2 March 2013

NLD ညီလာခံ ကြံဖွတ် ညီလာခံလို ဖြစ်နိင်ချေ များ နေ ဟုဆို

Ma May

 
NLD ကို လုယူနိုင်သည် NLD ၏နှလုံးသားကိုတော့ ဘယ်တော့မှမရ

အဖွဲ့ ချုပ် ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကြီး နီးပြီး အန္တယယ်အသံများ ဆူညံပွက်လာလေပြီ ။။အဖွဲ့ ချုပ်တွင် ယုံကြည်ချက် ဖြင့် ကာလရှည်လျှားစွာ လုပ်ကိုင်ခဲ့သူ ဘ၀တွေ ထောင်နဲ့ ရင်းခဲ့သူ အချိန်တွေ နဲ့  မိသားစု ဘ၀တွေ ပေးဆပ်ခဲ့ရသူ အများစု ဤ ညီလာခံ တွင် မဲ အရည်အတွက် ရ၍ မှု မရှိပဲ သာမာန် အဖွဲ့ ဝင်အဖြစ် သာကျန်ခဲ့ကြသည် အနည်းစုသာ ဗဟို နှင့် တိုင်းညီလာခံ များဆီသို့ အရွေးချယ်ခံ ခွင့်ရကြသည် ကျမကိုယ်တိုင် ခရိုင် အီးစီအဆင့်တွင်သာ ပါဝင်ခွင့်ရခဲ့သည် ဤ အဆင့်သည်လည်း တကယ် ခရိုင်တခု မြို့ နယ် ရှစ်ခု တာဝန်ကို ထမ်းဆောင်ရမည်မှာ နည်းသည့် တာဝန်မဟုတ်ဟု မိမိ နားလည်သည်။ သို့ သော် ရွေးကောက်ပွဲ အခြေခံ အဆင့်မှစ၍ ယခု တိုင်း အဆင့် ထိ ပါတီမှ ချမှတ်ပေးသော ဦးစားပေး မူ ငါးချက် ကို မည်သူက မျှသတိထားမရွေးချယ် ခဲ့ပါ တချို့ က ကျမ ကိုရင်ဖွင့် သည် ဒီညီလာခံ ကြောင့် ရန်သူ့ လူရော ပြည်သူထဲ က ပါ တော်လှန်ရေးကို နှစ်များစွာရင်းနီးပေးဆပ်ရသူတို့ အပေါ်တန်းညှိခြင်း ခံ ရသည် နိုင်ငံရေးဝါကို လေးစားရကောင်းမှန်းမသိဖြစ်ကြသည်။ ဒီမိုကရေစီ၏ အားနည်းချက် သည်ကား လူဆိုးများ စုပေါင်းညီ လျှင် လည်း လူကောင်းများက ကျန်ခဲ့ကြရမည်မို့  ပါတီ အတွက် အထူးစိုးရိမ်နေမိပါသည် မိမိယုံကြည်ချက် သည် က ဒေါ်စု နှင့် ပါတီ ကို အကာအကွယ်ပေးရမည် စောင့်ရှောက်ရမည် ။ မမှန်မကန်အုပ်စု များပါတီကို ကြီးစိုး အရယူသွားသည်ရှိသော် အရယူသွားနိုင်လိမ့်မည် ။ NLD ၏ ရဲရဲတောက်များ၏ နှလုံးသားကိုတော့ ဒီလူတွေ မရနိုင်သည်မို့  အခြင်းခြင်းရိုင်းပင်းကြဖို့  ပို လို့ ရိုင်းပင်းကြဖို့  လို နေပြီ အရေးကြီးသည် သွေးစည်းကြစို့  ။ 

Ma May ( NLD)

No comments :