Friday 29 March 2013

သကြားမင်းကြီး မြန်မာ ပြည်ခရီးစဉ်ပယ်ဖျက် ခြင်း

သကြားမင်းကြီးဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တော်တော်စိတ်ကုန်နေတာကြာပါပြီ။ နတ်လောကမှာသူ အဝေဖန်ခံနေရတာများပြီ။

သကြားမင်းရဲ့ မြန်မာစစ်အုပ်စုအပေါ်ထားတဲ့ မြွေမသေ တုတ်မကျိုးပေါ်လစီဟာအလုပ်မဖြစ်ဘူးလို့ တာဝရိမ်သာတိုင်းမ်စ်သတင်းစာမှာဝေဖန်ထားတယ်။ ဒီကြားထဲမှာ မိထီလာမှာ ဘုန်းကြီး ၀ီရသူဦးဆောင်တဲ့ အကြမ်းသမားတွေ က ဗလီတွေကိုလိုက်ဖျက်၊ အပြစ်မဲ့တဲ့မူဆလင် ကလေးတွေ၊ မိခင်တွေနဲ့ အဖွားအိုတွေပါမကျန် လိုက်လံသတ်ဖြတ်ကြတဲ့အတွက် မြန်မာ ပြည်ရဲ သတင်းဟာ နတ်လောကမှာ တော်တော်ကို
တုန်လှုပ်သွားတယ်။ လောကပါလတရားပျောက်ဆုံးတော့မည်လားလို့  သည်တာဝရိမ်သာပို့ စ်သတင်းစာက ထောက်ပြတဲ့အတွက် အတော့်ကိုအုပ်အော်သောင်းနင်းဖြစ်သွားတယ်။
တခါ ဗုဒဘာသာ နိဂုံးချုပ်ပြီလောလို့  ယူနီဗာစတီအော့ တာဝရိမ်သာ က ပညာရှင်တွေက ဒီဘိတ်လုပ်တယ်။ တချိန် က ယဉ်ကျေးခဲ့တဲ့ နတ်တွေကိုယ်တိုင် လေးစားခဲ့ရတဲ့မြန်မာတွေဟာ ဘာကြောင့် မိုက်ရိုင်းသွားတာလဲဆိုတာကို ဆွေးနွေးအဖြေရှာမှုတွေ သုတေသနပြုမှုတွေလုပ်လာကြတယ်။
နတ်ပြည်က တစထက်တစမြန်မာအရေးကို စိုးရိမ်လာသလောက် ငရဲကလူပြာပူမကြောက်ဆိုသလို မြန်မာလူမျိုးတွေက အေးအေး ဆေးဆေးပဲတဲ့။

ဒါကို မြန်မာ လူမျိုး တချို့ က အမျိုးသားရေးတာဝန်တရပ်အနေနဲ့  မူဆလင်သတ်ဖြတ်ရေးတွေကို အားပေးအားမြောက်ပြုနေကြတဲ့အတွက် မြန်မာ တွေကို နတ်ပြည်ကို လာဖို့ ဗီဇာပိတ်ပြစ်ဖို့  အဆိုပြုလာကြတယ်။

ဒီလို အဆိုပြုလာကြတဲ့အတွက် သကြားမင်းကြီး ဟာ ဘေးကြပ်နံကြပ်ဖြစ်နေတယ်။

နတ်ပြည်မှာလဲ မြန်မာ ပြည်က လာတဲ့နတ်အရေအတွက် က အလွန်နည်းပြီး တခြားနိင်ငံကလာတဲ့နတ်အရေအတွက် က များလွန်းတဲ့အတွက် ဒီဥပဒေမူကြမ်းဟာအတည်ပြုသွားနိင်တဲ့အနေထားရှိနေပါတယ်။
တကယ်လို့  မြန်မာတွေကို နတ်ဗီဇာလုံးဝ ပိတ်လိုက်ရင်လဲ သကြားမင်းကြီး ရဲ့Business ကို ထိခိုက်နိင်ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့သကြားမင်းကြီး ဟာ သင်္ကြန်ကာလမှာ မြန်မာ ပြည်ကို သွားတယ်။

နတ်ပြည်ကို လာနိင်တဲ့သူတော်ကောင်းတွေဟာ ဒီနစ်မှာ ဘယ်သူတွေဖြစ်နိင်မလဲဆိုတာကို

ဖိုင်နယ်လိုက်စ် လာရောက် စစ်တာပါ။ ကွာလီဖိုင်းဖြစ်မဖြစ် ကိုယ်တိုင်လာကြည့်တာဖြစ်ပါတယ်။ တခါတရံမှာ နတ်နိင်ငံခြားရေးဌာနက ကွာလီဖိုင်းဖြစ်ပါတယ်ဆိုတဲ့ နတ်ပြည်ကိုရောက်နိင်တဲ့ မြန်မာ တဦးဟာ အခါတွင်းမှာမူးပြီးသောင်းကျန်းမိတဲ့အခါမှာ ဖိုင်နယ်အင်တာဗျူးမှာပြန်ပြုတ်ကျသွားတာတွေလဲရှိတယ်လို့ ဆိုတယ်။

ဥပမာ သဲကုန်း ဆရာတော် ဦးဥာဏိသရ ဆိုရင် သူကိုနတ်ပြည်ကရွေးထားတဲ့ကန်ဒီဒိတ်ထဲမှာပါပါတယ်။ နတ်ပြည်သွား ဗီဇာ အင်တာဗျူးမှာ
သူက ကမ္ဘာပေါ်မှာ လူဘယ်နစ်မျိုးရှိသလဲဆိုတဲ့မေးခွန်းကို သူ က အိမ်ရှင်နဲ့ ဧည်သည် နှစ်မျိုးရှိတယ်လို့  မှားဖြေမိတဲ့အတွက်သူကို ဗီဇာ ငြင်းရမလိုဖြစ်နေပါတယ်။ တကယ်က
အဖြေမှန်က ကမ္ဘာပေါ်လာတဲ့သူတွေဟာ ဧည့် သည်တွေခြည်းပဲလို့ ဖြေရမှာပါ။
ဗုဒက အရာခတ်သိမ်းဟာ မတည်မြဲဘူး။ လူတိုင်းဟာ အိုနာသေချင်းကမလွဲနိင်ဘူးဆိုတဲ့ တရားတော်ကို အခြေခံထားတဲ့မေးခွန်းတွေပါ။
နတ်ပြည်သွားမေးခွန်းတွေဟာ အကြောင်ရိုက်မေးခွန်းတွေ တော်တော်များပါတယ်။ ဒါကိုသတိနဲ့ဖြေရတာပါ။


ဒါကတော့ သကြားမင်းကြီးဟာ သင်္ကြန်နားနီးရင် မြန်မာပြည်ကို ဗာကေးရှင်းသွား တဲ့ လမ်းကြောင်းပိတ်သွားနိင်ပါတယ်။ တကယ်က သကြားမင်းကြီး ဟာ က မြန်မာပြည်ကို သွားခြင်တဲ့အကြောင်းက တော့ ကာရာအိုကေ နဲ့အနှိပ်ခန်းကို စွဲနေတာပါ။
သကြားမင်းကြီး ဟာ မြန်မာပြည်ကအပြောင်းလဲတွေ ဘာမှမဖြစ်ဘူးဆိုတာသိပါတယ်။
အရင်နဲ့မတူပဲ ပြောင်းလဲလာတယ်ဆိုတာက အရင်ကမရှိတဲ့ကာရာအိုကေနဲ့ အနှိပ်ခန်းတွေ အခုခေတ်မှာရှိလာတာပါ။

ပေါတာကြီးသန်းရွေ ရဲ့ဆိုးဝါးလှတဲ့ လုပ်ရပ်တွေထဲမှာ ဒီတချက်ကိုတော့သကြားမင်းကြီးက
ခပ်ကြိုက်ကြိုက်ဖြစ်နေပါတယ်။ ဒါကြောင့် နတ်တွေက မြန်မာ ပြည်ကို ဗီဇာပိတ်မယ်ဆိုတာကို သူ က မလုပ်ခြင်ပဲဖြစ်နေတာပါ။

ဒါကြောင့်ဒီနစ်မြန်မာ ပြည်ကို သူသွားဖို့ အတွက် သိပ်တက်ကြွနေပါတယ်။
ရေပက်ခံထွက်မယ်။ မြန်မာပြည်က မော်ဒယ်လ်မလေးတွေနဲ ကဲမယ်။ မြန်မာပြည်က နောက်ပေါက် မော်ဒယ်လ်မလေးတွေ နဲ့ သူ့မဒီကြီးတွေ ဖြစ်တဲ့ သုစိတ္တာ၊သုမာလာတို့  နဲ့ အပြတ်ကွာနေပါတယ်။

သုစိတာတို့ သုမာလာတို့ ဆိုတာက သူခေတ်သူအခါက မီလာ ဂျေဂိုဗစ်ခ်ျတို့ လို၊ နာအိုမီိကမ်းဘဲလ်တို့ လို့ ဆူပါ့ ဆက်စီ မော်ဒဲလ်ကြီးတွေပါ။ သုစိတာတို့ သုမာလာတို့ ဖင်ကြီးတွေရမ်းပြီး ရှော့ပင်ထွက်လာရင် နတ်ကာလသားတွေဟာ ထိမ်းမနိင်သိမ်းမရ ဖြစ်ကြတယ်။ ရိုက်ပွဲတွေဖြစ်ကြတယ်။ ယာဉ်ကြေပိတ်ဆို့မှုတွေတောင်ဖြစ်ကြတယ်ဆိုတယ်။ သူတို့ ဖက်ရှင်တွေကလဲသိပ်ဟော့တယ်။
နတ်သားတွေဟာ နတ်မျက်စိ နဲ့  လဘက်ရည်ဆိုင်ကနေ ၀ိုင်း ကြည့်နေကြတဲ့အတွက် မီးခိုးထွက်တယ်။ ပူလာတယ်ဆိုတယ်။ ဒါကြောင့် နတ်သမီး ဖက်ရှင်တွေမှာ အပူခံပြောင်ပြောင်လက်လက်တွေ ၀တ်ကြရတဲ့အထိဖြစ်ပါတယ်။

ဒါက ကြာခဲ့ပါပြီး ဒီဆူပါ မော်ဒဲလ်နတ်သမီးကြီးတွေဟာ အခုတော့အသက်ရလာပြီ။ ဒီကြားထဲမှာ နတ်သက်ကရှည်လှတဲ့အတွက် သောက်လုပ်မရှိကြဘူး။ အပျင်းကြီးကြတယ်။ အားရင်အတင်းတုတ်ကြတယ်။ ဟိုနတ်သားနဲ့ဒီနတ်သမီး အချစ်ဇတ်လမ်း။ နစ်ပွင့်ဆိုင်အချစ်ဇတ်လမ်း၊ သုံးပွင့်ဆိုင်အချစ်ဇတ်လမ်း ၊ အပွင့်ရှစ်ရာဇတ်လမ်းအထိရှိတယ်။ ( နတ်သား တယောက်ကို နတ်သမီး တဖက် ၄ လေးရာ။ စုစုပေါင်း ရှစ်ရာရှိသောကြောင့်) နတ်တွေရဲ လိင်ဖေါက်ပြန်မှုက ကိုရီးယားဇတ်ကားတွေထက်ဆိုးတယ်။ ဒီဇာတ်လမ်းတွေကို တနေ့ တနေ့ ထိုင်ပြောနေတဲ့အတွက် ဆူပါမော်ဒယ်လ်နတ်သမီးကြီးတွေဟာ ဖက်တီးကြီးတွေဖြစ်လာတယ်။ လေ့ကျင့်ခန်းကလဲ မလုပ်ကြပဲ ။ စားလို်က်အိပ်လိုက်သောက်လိုက်တွေကြောင့် နတ်ဘုတ်အီးမကြီးတွေဖြစ်မှန်းမသိဖြစ်လာတာကြာပါပြီ ။ ဒါကြောင့်သကြားမင်းကြီးက သိပ်မကပ်ခြင်တော့ပါဘူး။

အားတဲ့အခါမှာ သူရဲ့နတ်မှန်ပြောင်းကနေ မြန်မာပြည်က မော်ဒယ်လ်ပုံလေးတွေကိုကြည့်ပြီး အလွမ်းဖြေနေရရှာပါတယ်။

သကြန်ရဲ့ အနံ့အသက်တွေရလာတယ်။ ပိတောက်ပန်းလေးတွေပွင့်လာတယ်။ မြန်မာပြည်ကမော်ဒယ်လ်တွေက သူ့ကို အဘ အဘ ခေါ်တဲ့ စကားသံလေးတွေကို ကြားယောင်ပြီး သကြားမင်းကြီးဟာ ငယ်မူပြန်နေရှာပါတယ်။ ဒီတခါ မြန်မာပြည်သွားရင်ဘာစီးသွားရင်ကောင်းမလဲလို့  သူတပည့်ကျော်တွေဖြစ်တဲ့ မာတလိတို့ ဝိသကြုံတို့ နဲ့တိုင်ပင်တယ်။ သူတပည့်ကျော်တွေက ဟာလေဒေဗစ်ဆင်ဆိုင်ကယ် စီးသွားလယ်သာဂျက်ကက်နဲ့ ဆို ပိုပြီး ဆက်စီဖြစ်မယ်လို့ အကြံပေးတဲ့အတွက် ဂိုဒေါင်ထဲကဟာလေ ကိုလဲ ဖုံသုတ်ထားပြီးပါပြီ။

ဒါပေမဲ့ အရေးကောင်းမှာဒိန်းဒေါင်းဖျက်ဆိုသလို။

ဒီနစ် သကြန် မှာ မြန်မာပြည်ကို သကြားမင်းကြီး မသွားသင့်ဘူး လို့  တာဝရိန်သားတိုမ်းစ်သတင်းစာ က သတင်းထောက် ငမွေထိုး ဆိုတဲ့ နတ်တပါးက ကလိလိုက်တယ်။
သူက ဆောင်းပါးနဲ့  ကလိလိုက်တဲ့အတွက် သကြားမင်းကြီး ရဲ့  ကက်ဘိနက်မှာ လှုပ်လှုပ်ရွရွဖြစ်သွးပါတယ်။ မသွားသင့်တဲ့အကြောင်းကတော့ ၀ီရသူနဲ့ အောင်သောင်းဦးဆောင်တဲ့အကြမ်းဖက်သမားတွေက ဗလီတွေကိုဖျက်၊ မူဆလင်တွေကို သတ်လုပ်နေကြတယ်။ မြန်မာပြည်ဟာ မတည်ငြိမ်ဘူး လုံခြုံရေးမကောင်းဘူးလို့ ဆိုတယ်။
ပိုဆိုးတာက ၀ီရသူနဲ့အောင်သောင်းကောင်းမှုကြောင့် မြန်မာတွေဟာ အိန္ဒိယနွယ်ဖွား ကုလားတွေကို မုန်းတီး မှုကြီးထွားလာတယ်။

သကြားမင်းကြီးက အိန္ဒိယ နွယ်ဖွားကုလားဖြစ်တဲ့အတွက် သကြန်းမှာသူသွားကဲနေရင် ကုလားဆိုပြီး လူမှားရိုက်သွားနိင်တယ်လို့  သတင်းထောက်ငမွေထိုးက အထောက်အထားအကိုးအကားတွေနဲ့  ဝေဖန်ထောက်ပြတယ်။
တကယ်လို့  သကြားမင်းကြီး မတော်တဆ အရိုက်ခံရရင် မြန်မာ ပြည်မှာ နိုင်းဝမ်းဝမ်း( 911)လဲမရှိ။

အခြေအနေဆိုးလို့ ဆေးရုံတင်ရရင် ယဉ်ကြောပိတ်ဆို့မှုကြောင့် အရေးပေါ်လူနာကား ဟာအချိန်မှီ ဆေးရုံကိုမရောက်နိင်ဘူး။ ရောက်ခဲ့ရင်လဲ ဆေးမရှိဘူးဆိုတဲ့ အကြံပြုချက်တွေကြောင့် သကြားမင်ကြီးဒီနှစ် မြန်မာပြည်ကို သွားရန်မသင့်ဆိုပြီး နတ်ဝန်ကြီးတွေက ဆုံးဖြတ်လိုက်တဲ့အတွက် မြန်မာပြည်ခရီးစဉ်ကို ပယ်ဖျက်လိုက်ရပါတော့တယ်။ နတ်ဝန်ကြီးတွေက သ၀ဏ်လွှာပဲပို့ ဖို့ ဆုံးဖြတ်လိုက်ကြတယ်။


သင်္ကြန်မှာ မော်ဒယ်လ်ဂဲလ်တွေနဲ့ အပီကဲမယ်လို့ ဆုံးဖြတ်ထားတဲ့ သကြားမင်းကြီးခမြာ ခဲလေသမျှပဲရေပွဖြစ်ရမလိုဖြစ်သွားပါကြောင်း။

(သကြားမင်းကြီး )

1 comment :

Anonymous said...

stupid article